By Chan Myae, Shweproperty.com
Updated at 31 May 2022
ဒီဆောင်းပါးလေးကိုဖတ်လိုက်တာနဲ့ စာဖတ်သူတွေအနေနဲ့ ကိုယ့်အိမ်မှာ ဒီပစ္စည်းတွေရှိနေပါလားလို့ စိတ်ထဲတစ်မျိုးဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ အခုကျွန်တော်ဖော်ပြပေးသွားမှာကတော့ အိမ်ရဲ့အလှအပကိုဖျက်ဆီးနေတဲ့ အရာဝတ္ထု(၉)ခု စာရင်းပဲ ဖြစ်ပါတယ်။ များသောအားဖြင့် အိမ်ထောင်ရှင်မတွေက သူတို့ရဲ့ နေအိမ်အလှကို ဖျက်ဆီးနေတဲ့ အရာဝတ္ထု လေးတွေနဲ့ပဲ နေအိမ်ကိုအလှဆင်မိနေတတ်ပါတယ်။ နောက်ပြီး ပစ္စည်းအဟောင်းတွေ ခေတ်မရှိတော့တဲ့ ပစ္စည်းတွေကမှ အိမ်ရဲ့အလှကို ပျက်စီးစေတာလို့လည်း မှတ်ယူထားတတ်ကြပါတယ်။ တကယ်တမ်း မိမိနေအိမ်ရဲ့အလှကိုထိခိုက်စေတာကတော့ ကော်ဇောတွေနဲ့ အထပ်သားလိုအရာမျိုးတွေပါပဲ။ စာရေးသူအနေနဲ့ သတိပေးချင်တာကတော့ ဒီဆောင်ပါးနဲ့ပတ်သက်ပြီး သိပ်အစွဲအလမ်းမကြီးမိစေဖို့ပါပဲ။ ဒါဆိုရင်တော့ ကျွန်တော်တို့နေအိမ်ရဲ့အလှအပတွေကို ဘယ်လိုအရာမျိုးတွေကဖျက်ဆီးနေလဲဆိုတာ ကြည့်ကြရအောင်လားဗျာ။ ၁။ ကော်ဇော လူတိုင်းလိုလိုကော်ဇောတွေကိုနှစ်သက်ကြသလိုလက်တွေ့လည်း သုံးစွဲကြပါတယ်။ ဘာလို့လဲ။ ကော်ဇောဆိုတာ နူးညံ့တယ်။ အရောင်အမျိုးမျိုး၊ အဆင်အမျိုးမျိုးရွေးလို့ရတဲ့အပြင် တန်ဖိုးကြီးမှုကို ဖော်ပြနေတဲ့ အဆင်တန်ဆာတစ်ခုလည်းဖြစ်ပါတယ်။ ဘက်စုံအသုံးပြုလို့ရသလို စိတ်ကြိုက်ပြောင်းလဲ အသုံးပြုလို့လည်း ရပါတယ်။ ဒါပေမယ့် ဒီကော်ဇောတွေပေါ်မှာ ကလေးတွေက ဘောလ်ပင်နဲ့ခြစ်မယ်။ အချိုရည်တွေဖိတ်ကျမယ်။ ခြေရာတွေ ကျန်နေမယ်ဆိုရင် ခင်ဗျားတို့ထင်ထားသလို ဒီကော်ဇောက အိမ်ရဲ့အလှကို ဆောင်ကျဉ်းပေးနိုင်တော့မှာ မဟုတ်ဘူး။ ကော်ဇောတွေကို မီးဖိုချောင်နဲ့ အိပ်ခန်းမှာ မထားမိပါစေနဲ့။ ၂။ အထပ်သားကြမ်းခင်း ဘယ်ပစ္စည်းပဲဖြစ်ဖြစ် ဈေးပေါပေါနဲ့ဝယ်ရင်တော့ အပေါစားပုံပေါ်နေမှာ မဆန်းပါဘူး။ အထပ်သားကြမ်းခင်းလည်း ဒီလိုပါပဲ။ ကြမ်းခင်းခင်းမယ်ဆိုရင် နိုင်ငံခြား ကလာတဲ့ အထပ်သားကြမ်းခင်း ဒါမှမဟုတ် ကြွေပြားကိုအသုံးပြုနိုင်ပြီးတော့ ဆန္ဒရှိမယ်ဆိုရင် အုတ်ကြွပ်ကိုလည်း အသုံးပြုနိုင်ပါသေးတယ်။ ၃။ အရေခွာရုပ်လုံးသွင်းအရုပ်များ တိရစ္ဆာန်တွေရဲ့ အရေခွံကိုခွာပြီး ရုပ်လုံးသွင်းထားတဲ့အရုပ်များကို အမျိုးသားများက နှစ်ခြိုက်ကြပါတယ်။ သဘာ၀ ပတ်ဝန်းကျင်နဲ့ ကိုက်ညီမှုမရှိတဲ့အပြင် အိမ်ထောင်ရှင် အမျိုးသမီးများကတော့ ထိုအရုပ်များကို မနှစ်ခြိုက်ကြပါဘူး။ ဒါပေမယ့် သူတို့ရဲ့နေအိမ်တွေမှာ ဒီအရုပ်တွေရှိနေရတဲ့ အကြောင်းရင်းကတော့ သူတို့ခင်ပွန်းသည်တွေရဲ့ အလိုကျထားရှိရခြင်းပါပဲ။ လူတွေက တစ်ဦးနဲ့တစ်ဦး အကြိုက်ချင်း မတူနိုင်သလို သူများကြိုက်တာကိုလိုက်ကြိုက်နိုင်ဖို့ ဆိုတာလည်း ခဲယဉ်းလှပါတယ်။ လက်မထပ်ခင်က ဒီလိုအရုပ်တွေ အိမ်မှာမထားဖို့ ခင်ပွိန်းသည်တွေက ကတိပေးကြပေမယ့် အိမ်ထောင်လည်းကျရော အလုပ်လုပ်တဲ့အခန်းထဲမှာတော့ ထားပါရစေလို့ ဆိုလာတဲ့အခါ လိုက်လျောပေးလိုက်ရတာပဲမဟုတ်ပါလား။ ပြဿနာမဖြစ်ချင်ရင်တော့ သူ့ဆန္ဒအတိုင်းလိုက်လျောပေးလိုက်တာအကောင်းဆုံးပဲလေ။ ၄။ ပြတင်းကာShutter များ ဒီတစ်ခုကတော့ ကျွန်တော့်ကို အံ့အားသင့်စေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်က ပြတင်းကာ Shutter များကို သဘောကျလို့ပါပဲ။ ကျွန်တော့်အိပ်ခန်းထဲမှာကို တပ်ဆင်ထားတာပါ။ ကျွန်တော်က ပြတင်းပေါက်ကို စောင်ကြီး နဲ့အုပ်ထားတာ ခန်းဆီးလိုက်ကာတွေနဲ့ဖုံးထားတာမျိုး လုံးဝသဘောမကျပါဘူး။ ဒီဇိုင်နာ Becky Dietrich ရဲ့ အဆိုအရ အိမ်ရဲ့ အလှအပတွေကို ဖျက်ဆီးနေတဲ့ အရာဝတ္ထုစာရင်းထဲမှာ ဒီပြတင်းကာ Shutter တွေပါလာပေမယ့်လို့ ပြတင်းပေါက်တွေနဲ့ မှန်လျှောတံခါးတွေမှာတပ်ဆင်ဖို့အတွက်ကတော့ ဒီပြတင်းကာShutter တွေက အသင့်တော်ဆုံးပဲလို့ ဆိုရမှာပါ။ ၅။ ပန်းအတုများ ပုံမှန်အားဖြင့် ပန်းအတုတွေဟာ အင်မတန်လှပကြပါတယ်။ ကျွန်တော့်အတွက်ကတော့ အိမ်မှာပန်းအတုတွေထိုးထားတဲ့ ပန်းအိုးတစ်လုံးရှိနေပြီဆိုရင် ဒါဟာကြာရှည်ခံအောင်ပြုလုပ်ထားတာလို့ပဲ သဘောပေါက်မိပါတယ်။ ဗိသုကာပညာရှင် Eric Reinholdt က ဒီလိုပြောတယ်ဗျာ။ ထောင်လွှားမှုမရှိတဲ့ အရာဝတ္ထုတွေက သူတို့ကို အာရုံစိုက်လာအောင် ဘယ်တော့မှစွဲဆောင်လေ့မရှိပါဘူးတဲ့။ သူတို့ကိုယ်သူတို့ သာမာန်အရာဝတ္ထု တွေလိုမျိုးပဲ ဟန်ဆောင်ထားတတ်ကြပါတယ်တဲ့လေ။ ကိုယ့်အိမ်လေးကို ရိုးသားပျူငှာတဲ့ ပုံမျိုးပေါက်စေချင်တယ်ဆိုရင်တော့ ဒီလိုပန်းအတုလေးတွေ မထားတာအကောင်းဆုံးပါပဲ။ ၆။ နံရံကပ်စက္ကူ (Wallpaper) နံရံကပ်စက္ကူတွေနဲ့ ပတ်သက်လို့ လူတိုင်းရဲ့ခေါင်းထဲမှာ စွဲလမ်းမှုကိုယ်စီရှိကြမှာပါ။ ကျွန်တော်ငယ်ငယ်က အဖေနဲ့အမေရဲ့အိပ်ခန်းထဲမှာရှိတဲ့ ပန်းတွေနဲ့ အဝါရောင်နံရံစက္ကူကို သိပ်လှတယ်လို့ မြင်မိပါတယ်။ ဒီလိုနဲ့ အချိန်တွေိတရွေ့ရွေ့ပြောင်းလဲလာတော့ အမြင်တွေလည်း ပြောင်းလာကြတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်ပဲ နံရံကပ်စက္ကူတွေ ခေတ်ကုန်သွားပြီဆိုတော့ မသုံးကြတော့ဘူး။ သိပ်မကြာပါဘူးဗျာ။ အခုကျတော့လည်း နံရံကပ်စက္ကူ တွေက ပြန်ပြီး ရေပန်းစားလာပြန်ပါပြီ။ အိမ်ရဲ့အတွင်း ဒီဇိုင်းကိုဆွဲဆောင်မှုအောင်ဖန်တီးဖို့အတွက် တီဗွီတို့ အွန်လိုင်းတို့ကနေ တစ်ဆင့် နံရံကပ်စက္ကူအသားအမျိုးမျိုး ခေတ်မှီဆန်းသစ်တဲ့ ဒီဇိုင်းအမျိုးမျိုးကို ရွေးချယ်ဝယ်ယူအသုံးပြုနေကြပါပြီ။ ၇။ အမှိုက်ပွစေသည့်တိုလီမိုလီပစ္စည်းလေးများ ကျွန်တော်အမှိုက်ပွအောင် တစ်ခါလုပ်မိတိုင်း ပိုက်ဆံငါးဆယ်ကျပ်စုမိမယ်ဆိုရင် အခုများဖြင့်ပိုက်ဆံတွေစုမိနေရောပေါ့။ အိမ်ထဲမှာရှိတဲ့ တိုလီမိုလီပစ္စည်းလေးတွေက အမှိုက်ပွစေတယ်လို့ ဆိုလိုက်တဲ့ အခါတိုင်း လူအများစုက သူတို့အိမ်မှာအမှိုက်မပွအောင် တိုလီမိုလီပစ္စည်း တွေအားလုံးကို ရှင်းပစ်ဖို့လုပ်ကြပါတော့ိတယ်။ ဒါဟာ အမှိုက်မပွအောင်ကာကွယ်ဖို့အတွက် မှန်ကန်တဲ့ နည်းလမ်းမဟုတ်ပါဘူး။ ကျွန်တော်တို့နေအိမ်မှာ တိုလီမိုလီပစ္စည်းလေးတွေဘယ်လောက်များပါစေ ကျွန်တော်တို့အတွက် ပျော်ရွှင်မှုကို ဆောင်ကျဉ်းပေးနိုင်တဲ့ အမှတ်တရလေးတွေကို ပြန်လည်အမှတ်ရနေစေတဲ့ ဒီပစ္စည်းတွေရှိနေတာ မကောင်းဘူးလားဗျာ။ ဒီတော့ ဒီတိုလီမိုလီပစ္စည်းလေးတွေကို အမှိုက်ပွခံပြီးတော့ အိမ်မှာဂုဏ်ယူဝင့်ကြွားစွာနဲ့ ဆက်လက်ထားရှိကြရအောင်လားဗျာ။ ၈။ စူးရှသည့်အလင်းရောင် အလင်းရောင် အရမ်းစူးရှနေတာဟာ ဘယ်လိုအခြေအနေမျိုးမှာမှ သက်တောင့်သက်သာဖြစ်စေမှာ မဟုတ်ပါဘူး။ အလုပ်ခန်းထဲပဲဖြစ်ဖြစ် မီးဖိုချောင်ထဲပဲဖြစ်ဖြစ် အလင်းရောင်စူးရှနေရင် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ၉။ ပက်လက်ကုလားထိုင် ဆိုဖာကြီးများ ဒီနေရာမှာတော့အုပ်စုနှစ်စုကွဲနေပါတယ်။ ပက်လက်ကုလားထိုင်ဆိုဖာကြီတွေကို ကြိုက်တဲ့လူနဲ့ မကြိုက်တဲ့လူနဲ့ ပေါ့ဗျာ။ ကျွန်တော်ကတော့ ကြိုက်တဲ့ အုပ်စုထဲမှာပါတာပေါ့နော်။ နောက်လှန်လှဲချလို့ရတဲ့ ဒီဆိုဖာကြီးတွေက ကြည့်ရတာဆိုးပေမယ့် သူတို့ကို မြင်လိုက်တိုင်း ဒီပက်လက်ကုလား ထိုင်ဆိုဖာကြီးပေါ်မှာ ကလေးကိုချီရင်း စာဖတ်တာတို့၊ တီဗွီကြည့်တာတို့ လုပ်ခဲ့တဲ့အချိန်တွေကိုပြန်ပြီး အောက်မေ့တသလွမ်းဆွတ်မိတတ်တာ ကျွန်တော့်အကျင်ပါပဲ။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ မိုးကြိုးများပစ်နေချိန် အိမ်အတွင်း မပြုလုပ်သင့်သည့်အချက်များ အိမ်တွင်းသစ်ပင်လေးတွေနဲ့ ကျန်းမာရေး သင့်အိမ်ထဲက ပိုးမွှားတွေကို နှိမ်နှင်းနိုင်မယ့် သဘာဝနည်းလမ်း (၁၀) မျိုး အိမ်မှာ ဓါတ်ပုံတွေ ချိတ်တဲ့အခါ ဖြစ်သလို မချိတ်မိပါစေနဲ့ Credit By :homedecor Posted By : Chan Myae (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties