By 7Day Daily, Shweproperty.com
Updated at 31 October 2014
ရန်ကုန် - ဟံသာဝတီလေဆိပ်စီမံကိန်းအား မူလလုပ်ကိုင်ခွင့် ပြုထားခဲ့သည့် ကိုရီးယားအင်ချွန်းကုမ္ပဏီအစား ဂျပန်နိုင်ငံအခြေစိုက် ယောင်နန်းကုမ္ပဏီအား ရွေးချယ်လိုက်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးး ဦးဝင်းဆွေထွန်းက ပြောကြားခဲ့ပါသည်။
၂၀၁၃ ခုနှစ် သြဂုတ်လက တင်ဒါအောင်မြင်ခဲ့သည့် ကိုရီးယားနိုင်ငံအခြေစိုက် အင်ချွန်းကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံမည့် ငွေကြေးနှင့် လုပ်ကိုင်ပေးမည့် စီမံကိန်းအစီအစဉ်အချို့တွင် ကုန်ကျစရိတ်များ လျှော့ချထားခြင်း၊ စီမံကိန်းအတွင်း အသုံးပြုမည့် ငွေအချို့ကို နိုင်ငံတကာတွင် အာမခံပြီးချေးပေးရန် တောင်းဆိုထားခြင်းတို့ကြောင့် အဆိုပါအင်ချွန်းကုမ္ပဏီအား ရွေးချယ်ထားမှုကို အစိုးရကပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
‘‘စီမံကိန်းပြီးလို့ မှန်းထားခဲ့သည့် ငွေထက် အမြတ်နည်းရင် အစိုးရက လျော်ပေးရမယ်ဆိုပြီး သူတို့ဘက်ကပြောလာတာတွေရှိတယ်။ ဒါကြောင့် တင်ဒါပြန်ခေါ်ပြီး ဂျပန်ကုမ္ပဏီ ယောင်နန်းကို ပြန်ရွေးချယ်လိုက်ရတာပါ’’ဟု ဦးဝင်းဆွေထွန်းက ပြောသည်။
ဟံသာဝတီလေဆိပ်စီမံကိန်းကို ပဲခူးမြို့ကျော်တိုင်ကန်ကျေးရွာရှိ ယခင်ဂျပန်ခေတ်က အသုံးပြုခဲ့သည့် ဧက ကိုးထောင်ကျော်အကျယ်ရှိသော လေယာဉ်ကွင်းဟောင်းနေရာတွင် တည်ဆောက်မည် ဖြစ်သည်။ စီမံကိန်းကာလ သုံးနှစ်မှ လေးနှစ်အတွင်း ကြာမြင့်နိုင်ခြေရှိပြီး ၂၀၁၉ ခုနှစ်တွင် စတင်အသုံးပြုနိုင်ဖွယ်ရှိကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါသည်။
Ref : 7Day Daily
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties