By 7 Day Daily, Shweproperty.com
Updated at 26 September 2017
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ရှိ မန္တလေး- မြို့ သာစက်မှုဥယျာဉ် မြို့တော် စီမံကိန်းတွင် ဧက ၃၀၀ ကျော်ရှိမည့် မြို့ပြစီမံကိန်းသစ်တစ်ခုကို တရုတ်နိုင်ငံက ကန်ဒေါ်လာသန်း၃၉၀ရင်း နှီးမြှုပ်နှံမည်ဖြစ်ကြောင်း မန္တလေး မြို့သာ စက်မှုဥယျာဉ်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီလီမိတက်(MMID) ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်က ပြောကြားသည်။
မြင်းခြံခရိုင် ငါန်းဇွန်မြို့ နယ်အတွင်း ဧက ၂,၆၆၀ ရှိသော မြို့သာစက်မှုဥယျာဉ်မြို့တော် စီ မံကိန်းကို ဖော်ဆောင်နေသည်။ ယင်းစီမံကိန်းအတွင်း မြို့ပြစီမံကိန်းသစ်တစ်ခုထပ်မံဖော်ဆောင် ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်ချန်ပြည်နယ်ရှိ ကုမ္ပဏီတစ်ခုက ကန်ဒေါ်လာ ၃၉၀ ရင်းနှီးမြှုပ်နှံပြီး ၂၀၁၈ မတိုင်မီ စတင်အကောင်အထည်ဖော်မည်ဖြစ် ကြောင်း ၎င်းကပြောသည်။
‘‘ပြီးခဲ့တဲ့ ၁၆ ရက်နေ့မှာတရုတ်ကနေ ရင်းနှီးမြှုပ်နှံဖို့လာတယ်။ သုံးနှစ်အတွင်း အကုန်လုံး အကောင်အထည်ဖော်မယ်။ အဲဒီမှာလည်း မြို့ပြအိမ်ရာသစ်တစ်ခု ပေါ်လာမယ်’’ဟု ဦးအောင်ဝင်း ခိုင်က ပြောသည်။
အဆိုပါ ဧက ၃၀၀ ကျော်ရှိ သည့် မြို့ပြစီမံကိန်းတွင် ဧက ၅၀ ကို ပထမအကြိမ် စတင်အကောင် အထည်ဖော်မည်ဖြစ်ပြီး သုံးနှစ် အတွင်း အပြီးဆောင်ရွက်မည် ဖြစ်သည်။ ယင်းမြို့ပြစီမံကိန်းအတွင်းတွင် လူနေအိမ်၊ စက်ရုံ၊ အလုပ်ရုံ၊ ဝန်ထမ်းအိမ်ရာ စသည်တို့ပါရှိမည်ဖြစ်သည်။
မြို့သာစက်မှုဥယျာဉ်မြို့ တော်စီမံကိန်းကို ၂၀၁၄ မှစတင် ကာ မန္တလေးတိုင်းဒေသကြီးအစိုး ရအဖွဲ့နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ရရှိလာ သည့် အကျိုးအမြတ်များကို အစိုး ရအဖွဲ့က ၂၀ ရာခိုင်နှုန်းရရှိမည် ဖြစ်သည်။
လက်ရှိစီမံကိန်းအတွင်း ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများမှ နေရာငှားရမ်း၍ လာရောက်ရင်းနှီးမြှုပ်နှံနေပြီး ဟောင်ကောင်အထပ် သားစက်ရုံ၊ အင်ဒိုနီးရှား Japfa တိရစ္ဆာန်အစာစပ်စက်ရုံ၊ China စားသောက်ကုန်စက်ရုံ၊ Thai Cement Product စက်ရုံ၊ ပြည်တွင်း Asia Speed Concrete Block စက်ရုံများ၊ Shophouse များ စသည်တို့ လည်ပတ်နေပြီ ဖြစ်သည်။
ထို့အပြင် ယင်းဥယျာဉ်မြို့ တော်အတွင်း တည်ဆောက်နေ သည့် ဧက ၃၈၀ ရှိသော ဂေါက်ကွင်းကိုလာမည့် ဒီဇင်ဘာတွင် ဖွင့်လှစ်ပြီး နောက်ပြိုင်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း ဦးအောင်ဝင်း ခိုင်က ပြောသည်။
ဂေါက်ကွင်းသည် ဧက ၃၈၀ ကျယ်ဝန်းပြီး ကျင်းပေါင်း ၁၈ ကျင်းရှိကာ နိုင်ငံတကာက လာရောက်ကစားနိုင်ရန် အဆင့်မီ၍ အာရှတွင် အဆင့်(၅)အထက်ရှိ ကြောင်း ၎င်းကဆိုသည်။
Ref : 7 Day Daily
Photo Credit : Builders Guide
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties