By Shwe Kyaw, Shweproperty.com
Updated at 1 April 2020
စီးပွားရေး အကြပ်အတည်းများ ကြုံတွေ့လာပါက စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေပမာဏ ကျပ်ငွေ ဘီလီယံ ၁၀၀ ကို မြန်မာနိုင်ငံ Covid-19 Fund က ထုတ်ချေးပေးရန်ပြင်ဆင်ထားကြောင်း မြန်မာနိုင်ငံ Covid-19 Fund က မတ်လ ၂၈ ရက်နေ့တွင် ထုန်ပြန်ကြေငြာခဲ့သည်။ အဆိုပါချေးငွေသည် CMP လုပ်ငန်းများ ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် အသေးစားအလတ်စား စီးပွားရေး လုပ်ငန်းများကို ဦးစားပေးမည်ဖြစ်ကြောင်း Covid-19 Fund က ထုတ်ပြန်သည်။ Covid-19 Virus ကူးစက်ရောဂါသည် ကမ္ဘာ့နိုင်ငံအများစုတွင် ဖြစ်ပွားလျက်ရှိပြီး မြန်မာနိုင်ငံတွင် Covid – 19 Virus ကူးစက်ခံရပြီး မတ်လ ၃၁ ရက်နေ့တွင် လူတစ်ဦးသေဆုံးမှုဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ဖြစ်ရပ် ဖြစ်ပေါ်လာပြီးနောက် မြန်မာနိုင်ငံတွင် Covid – 19 Virus ကူူးစက်မှုပိုဆိုးလာပါက စီးပွားရေးအကြပ်အတည်းများနှင့် ရင်ဆိုင်ကြုံတွေလာနိုင်ကြောင်း မတ်လ (၃၀) ရက်နေ့မှာ ကမ္ဘာ့ဘဏ်က ထုတ်ပြန်သတိပေးခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွင်း စီးပွားရေးထိခိုက်နိုင်သော်လည်း ယခင်နှစ်များတွင် စီးပွားရေး ကောင်းမွန်ခဲ့ခြင်းကြောင့် အနည်းငယ်ခံသာနိုင်ကြောင်းကိုလည်း ကမ္ဘာ့ဘဏ်က ဆိုသည်။ ထို့အပြင် Covid – 19 ကြောင့် မြန်မာနိုင်ငံနှင့်ဆက်စပ်နေသော တရုတ်နိုင်ငံအပါအဝင် အာရှပစိဖိတ်ဒေသတွင်း နိုင်ငံများ၏ စီးပွားရေးလည်း အကြီးအကျယ် ကျဆင်းနိုင်ကြောင်း ထုတ်ပြန်သတိပေးခဲ့သည်။ ဒေသတွင်း ဖွံ့ဖြိုးဆဲ နိုင်ငံများ၏စီးပွားရေး တိုးတက်မှုနှုန်းသည် ယခင်နှစ်က ၅ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့သော်လည်း Covid – 19 Virus ရောဂါကိုရပ်တန့်နိုင်ပြီး ပြန်လည် နလန်ထူလာမည်ဆိုပါက ယခုနှစ်အတွင်း စီးပွားရေး တိုးတက်မှုနှုန်းသည် ၂ ဒသမ ၁ ရာခိုင်နှုန်းရှိလာမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့သည်။
Written By : Shwe Kyaw (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties