By Sint Sint, Shweproperty.com
Updated at 23 September 2020
Unicode Version
အင်းစိန် GTI အဆောင်တွင် အသုံးပြုနေသည့် Quarantine Centre တွင် စောင့်ကြည့်လူနာဦးရေ (၃၀၀)ကျော်ထားရှိနိုင်မည်ဖြစ်ကြောင်း အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ ဦးဝေဖြိုးဟန်က ပြောသည်။
အင်းစိန်မြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ တစ်စ တစ်စ များပြားလာပြီး Contect person အများအပြားရှိလာသည့်အတွက် GTI အဆောင်အမှတ်(၁)၊ (၂)အပြင် အဆောင် (၃) ကိုလည်း Quarantine Centre အဖြစ်စတင် အသုံးပြုလိုက်ရကြောင်း ၎င်းက ပြောသည်။
အင်းစိန် GTI Quarantine Center အဆောင် ၁(အနီဆောင်) တွင် Q ဝင်နေသူ (၉၅) ဦးရှိပြီး ၎င်းတို့အနက်မှ positive အဖြေထွက်သူ (၂၂) ဦးကို ကုသရေးဌာနများသို့ လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း၊ အဆောင် ၂ (အဖြူဆောင်) တွင် Q ဝင်နေသူ (၇၆) ဦး အသီးသီး ရှိနေပြီး အဆောင် ၃ (အဝါဆောင်) တွင် (၆၈)ဦးကို ယနေ့(စက်တင်ဘာ ၂၂)စတင်ထားရှိထားပြီဖြစ်ကြောင်း ဦးဝေဖြိုးဟန်ကပြောသည်။
"အင်းစိန်မှာက Quarantine နေရာပြုလုပ်ဖို့နေရာတွေ အများအပြားရှိပါတယ်၊ အဆောင် (၃)မှာဆိုရင် Q ဝင်သူ (၁၀၀)လောက် ထားလို့ရတယ်၊ အဆောင် (၁)နဲ့ (၂)မှာလည်း Q ဝင်နေတဲ့သူ (၆၀)လောက် မနက်ဖြန်ဆို စိတ်ချရလို့ ပြန်ကြတော့မှာပါ"ဟု ၎င်းကပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယေန ့နံနက်ပိုင်းထုတ်ပြန်ချက်အရ အင်းစိန်မြို့နယ်မှ Positive တွေ့ရှိသူ (၁) ဦး ထပ်မံပါဝင်လာပြီး လက်ရှိအချိန်ထိ အင်းစိန်တွင် ကိုဗစ်ပိုးတွေ့လူနာ (၁၅၅) ဦးထိရှိလာပြီဖြစ်သည်။အဆုိပါ ကိုဗစ်အတည်ပြုလူနာများအနက် (၁၂)ဦးမှာ သက် သာပျောက်ကင်းလာပြီ ဖြစ်ကြောင်း သိရသည်။
Credit : News Watch
Posted By : Sint Sint (ShweProperty.com)
Zawgyi Version
အင္းစိန္ GTI အေဆာင္တြင္ အသုံးျပဳေနသည့္ Quarantine Centre တြင္ ေစာင့္ၾကည့္လူနာဦးေရ (၃၀၀)ေက်ာ္ထားရွိႏိုင္မည္ျဖစ္ေၾကာင္း အင္းစိန္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) မွ ဦးေဝၿဖိဳးဟန္က ေျပာသည္။
အင္းစိန္ၿမိဳ႕နယ္တြင္ ကိုဗစ္ပိုးေတြ႕လူနာ တစ္စ တစ္စ မ်ားျပားလာၿပီး Contect person အမ်ားအျပားရွိလာသည့္အတြက္ GTI အေဆာင္အမွတ္(၁)၊ (၂)အျပင္ အေဆာင္ (၃) ကိုလည္း Quarantine Centre အျဖစ္စတင္ အသုံးျပဳလိုက္ရေၾကာင္း ၎က ေျပာသည္။
အင္းစိန္ GTI Quarantine Center အေဆာင္ ၁(အနီေဆာင္) တြင္ Q ဝင္ေနသူ (၉၅) ဦးရွိၿပီး ၎တို႔အနက္မွ positive အေျဖထြက္သူ (၂၂) ဦးကို ကုသေရးဌာနမ်ားသို႔ လႊဲေျပာင္းပို႔ေဆာင္ ခဲ့ေၾကာင္း၊ အေဆာင္ ၂ (အျဖဴေဆာင္) တြင္ Q ဝင္ေနသူ (၇၆) ဦး အသီးသီး ရွိေနၿပီး အေဆာင္ ၃ (အဝါေဆာင္) တြင္ (၆၈)ဦးကို ယေန႔(စက္တင္ဘာ ၂၂)စတင္ထားရွိထားၿပီျဖစ္ေၾကာင္း ဦးေဝၿဖိဳးဟန္ကေျပာသည္။
"အင္းစိန္မွာက Quarantine ေနရာျပဳလုပ္ဖို႔ေနရာေတြ အမ်ားအျပားရွိပါတယ္၊ အေဆာင္ (၃)မွာဆိုရင္ Q ဝင္သူ (၁၀၀)ေလာက္ ထားလို႔ရတယ္၊ အေဆာင္ (၁)နဲ႔ (၂)မွာလည္း Q ဝင္ေနတဲ့သူ (၆၀)ေလာက္ မနက္ျဖန္ဆို စိတ္ခ်ရလို႔ ျပန္ၾကေတာ့မွာပါ"ဟု ၎ကေျပာသည္။
က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ယေန ့နံနက္ပိုင္းထုတ္ျပန္ခ်က္အရ အင္းစိန္ၿမိဳ႕နယ္မွ Positive ေတြ႕ရွိသူ (၁) ဦး ထပ္မံပါဝင္လာၿပီး လက္ရွိအခ်ိန္ထိ အင္းစိန္တြင္ ကိုဗစ္ပိုးေတြ႕လူနာ (၁၅၅) ဦးထိရွိလာၿပီျဖစ္သည္။အဆုိပါ ကိုဗစ္အတည္ျပဳလူနာမ်ားအနက္ (၁၂)ဦးမွာ သက္ သာေပ်ာက္ကင္းလာၿပီ ျဖစ္ေၾကာင္း သိရသည္။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties