By Ra Wai, Shweproperty.com
Updated at 6 August 2020
ရန်ကုန်မြို့အနောက်ဘက်နှင့်မွန်ပြည်နယ် မော်လမြိုင်တို့တွင် စက်မှုဇုန်နှင့် အထူး စီးပွားရေးဇုန် တို့ကို အကောင်အထည် ဖော်ဆောင်သွားရန် ရှိကြောင်း ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
အခြေခံအဆောက်အဦဆိုင်ရာ စီမံကိန်းအသစ် နှစ်ခုဖြစ်သော မွန်ပြည်နယ်တွင် ဆောင်ရွက်မည့် အထူးစီးပွားရေးဇုန်နှင့် ရန်ကုန်မြို့အနောက်ဘက် တွင် ဆောင်ရွက်မည့် စက်မှုဇုန် စီမံကိန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
"မွန်ပြည်နယ်မှာ ဆောင်ရွက်မယ့် အထူးစီးပွားရေး ဇုန်ကတော့ သီလဝါအထူးစီးပွားရေးဇုန်ရဲ့ အောင်မြင်မှုကို နမူနာယူပြီး မြန်မာနိုင်ငံမှာ လက်ရှိလည်ပတ်ဆောင်ရွက်လျက်ရှိတဲ့ အထူးစီးပွားရေးဇုန်တွေထက် သာလွန်ကောင်းမွန်ပြီး ပိုကြီးမားရုံသာမက အိန္ဒိယသမုဒ္ဒရာနဲ့ ပစိဖိတ် သမုဒ္ဒရာတို့ကိုပါ ချိတ်ဆက် ဆောင်ရွက် ပေးသွားနိုင်မှာ ဖြစ်ပါတယ်"ဟု ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။
မဟာမဲခေါင်ဒေသခွဲ အရှေ့- အနောက် စီးပွားရေး စင်္ကြန်မှတစ်ဆင့် သီလဝါအထူးစီးပွားရေးဇုန်နှင့် မွန်ပြည်နယ်တွင် ဆောင်ရွက်သည့် အထူးစီးပွားရေး ဇုန်တို့ကို သန်လျင်-ပဲခူးလမ်းနှင့် ပဲခူး-ကျိုက်ထို အမြန်လမ်းမှတစ်ဆင့် အပြန်အလှန် ချိတ်ဆက်မည် ဖြစ်သောကြောင့် အဆိုပါ အထူးစီးပွားရေးဇုန်သည် အင်မတန် တန်ဖိုးရှိသည်ဟုဆိုသည်။
ထို့ပြင် ရန်ကုန်မြို့အနောက်ဘက်တွင် အကောင်အထည်ဖော်မည့် စီမံကိန်းသည်လည်း စီးပွားရေးဇုန်နှင့်ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအခြေခံအဆောက်အအုံများ ပါဝင်ပြီး အစိုးရအနေနှင့် Swiss Challenge စနစ်ဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
Credit By: The Fifth Wave
Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties