By Ra Wai, Shweproperty.com
Updated at 27 January 2022
စာချုပ်ချုပ်ဆိုသူ တစ်ဦးဦးအနေဖြင့် စာချုပ်ချုပ်သူနေရာတွင် စာချုပ်ချုပ်သူအဖြစ် လက်မှတ်ထိုးမှ သာ စာချုပ်ပါကိစ္စကို သက်ဆိုင်သူ တစ်ဦးအနေနှင့် သက်သေအဖြစ် လက်မှတ်ထိုးနိုင်မည်ဖြစ်သည်။ သက်သေများက လက်မှတ်ရေးထိုးရာ၌ တစ်ကြိမ်တွင် သက်သေတစ်ဦးထက်ပို၍ ရှိနေရန် မလိုသည့်အပြင် မည်သည့်ပုံစံနှင့်မဆို လက်မှတ်ရေးထိုးခြင်းပြုနိုင်သည်။(ဥပမာ-လက်မှတ်ရေးထိုးခြင်း ၊ လက်ဗွေနှိပ်ခြင်း) အသိသက်သေအဖြစ် လက်မှတ်ရေးထိုးပေးခြင်း ဆိုသည်မှာ စာချုပ်ချုပ်ဆိုသူတို့က စာချုပ်ချုပ်ဆိုကြောင်းကို သိရှိသူများအနေဖြင့် လည်း ကောင်း၊ စာချုပ်ပေါ်တွင် ချုပ်ဆိုသူတို့ လက်မှတ်ရေးထိုးသည်ကို မြင်သည့်အနေဖြင့် လည်းကောင်း လက်မှတ်ရေးထိုးကြခြင်း ဖြစ်သည်။ ထိုသို့သိရှိခြင်း ၊ မြင်တွေ့ခြင်းမရှိဘဲ စာချုပ်ပေါ်တွင် လက်မှတ်ရေးထိုးရုံသက်သက် လက်မှတ်ရေးထိုးခြင်းမှာ အသိသက်သေအဖြစ် လက်မှတ်ရေးထိုးရာ မရောက်ပေ။ စာတမ်းအမှတ်အသားကို အသိသက်သေ လက်မှတ်ရေးထိုးရန် ဥပဒေအရ လိုအပ်စေကာမူ အသိသက်သေ လက်မှတ်ရေးထိုးထားသော စာတမ်းအမှတ်အသားကို ချုပ်ဆိုသူကိုယ်တိုင်က ချုပ်ဆိုခဲ့ကြောင်း ဝန်ခံချက်သည် ထိုသူအပေါ်တွင် ထိုစာတမ်း အမှတ်အသားကို ချုပ်ဆိုသူကိုယ်တိုင် လုံလောက်သည့် သက်သေသာဓက ဖြစ် သည် ဟု သက်သေခံ ဥပဒေပုဒ်မ( ၇၀) တွင်ပြဋ္ဌာန်းထားသည်။ ထိုပုဒ်မအရ အသိသက်သေ လက်မှတ်ရေးထိုးထားသော စာတမ်းအမှတ် အသားကို ချုပ်ဆိုသူကိုယ်တိုင်က ချုပ်ဆိုခဲ့ကြောင်း ဝန်ခံချက် ဟူ၍ ဖော်ပြထားရာ ချုပ်ဆိုသူက စာချုပ်ချုပ်ဆိုခဲ့ကြောင်း ဝန်ခံရုံမျှနှင့် မလုံ လောက်ချေ။အသိသက်သေများ လက်မှတ်ရေးထိုးထားသော စာတမ်းအမှတ်အသားကို ချုပ်ဆိုခဲ့ပါသည်ဟု ဝန်ခံမှသာ လုံလောက်သည့် ဝန်ခံချက် ဖြစ်သည်။ စာချုပ်စာတမ်းကို ချုပ်ဆိုသူက သက်သေများရှေ့တွင် လက်မှတ်ရေးထိုးရန်လိုသည်။ချုပ်ဆိုသူတို့က ထိုသို့ လက်မှတ်ရေးထိုးပြီးမှ အသိသက်သေများက လက်မှတ်ရေးထိုးရမည်။ချုပ်ဆိုသူတို့က အသိသက်သေများ၏ မျက်ကွယ်တွင် လက်မှတ်ရေးထိုးပြီးနောက် မိမိ၏ လက်မှတ်ဖြစ်ပါသည်ဟု ဝန်ခံပြောဆိုရုံမျှဖြင့် မလုံလောက်ဟု ၁၉၂၆ခုနှစ် ၊အက်ဥပဒေအမှတ် (၂၇ )ကိုမပြဋ္ဌာန်းမီက ဆုံးဖြတ်ခဲ့ကြသည်။ သို့ရာတွင် ၁၉၂၆ ခုနှစ်၊ အက်ဥပဒေအမှတ် (၂၇) ပြဋ္ဌာန်းပြီးနောက်ပိုင်းတွင် စာချုပ်ချုပ်ဆိုသူတို့က အသိ သက်သေ များ ရှေ့မှောက်တွင် လက် မှတ်မရေးထိုးသော်လည်း ၎င်းလက်မှတ်ဖြစ်ကြောင်း အသိသက် သေများအား ဝန်ခံပြောဆိုလျှင် ဥပဒေနှင့် ညီညွတ်သည်ဟု ဆုံးဖြတ်ကြသည်။ သက်သေများရှေ့မှောက်တွင် စာချုပ်သူက စာချုပ်၌ လက်မှတ်ရေးထိုးခြင်း ၊ အမှတ်အသားပြုခြင်းကို နှုတ်ဖြင့် သော်လည်းကောင်း၊ အမူအယာဖြင့်သော်လည်းကောင်း အခြားတစ်နည်းနည်းဖြင့်သော် လည်းကောင်း ပြုလုပ်ခြင်းသည် ကိုယ်တိုင်ဝန်ခံခြင်းမည်သည်။အကယ်၍ မိမိညွှန်ကြား ချက်အရ အခြားသူတစ်ဦးအား လက်မှတ်ရေးထိုးစေခဲ့လျှင် ရေးထိုးစေခဲ့ကြောင်း ကိုယ်တိုင်ဝန်ခံရန်လိုသည်။ကိုယ်စားလှယ်မှ တစ်ဆင့် ဝန်ခံ၍မရပါ။ မှန်ကြောင်းလက်မှတ် ရေးထိုးသည် ဆိုခြင်းမှာ စာချုပ်ချုပ်ဆိုသည်ကို သက်သေက တွေ့မြင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။မှန်ကြောင်းလက်မှတ် ရေးထိုးရန်လိုသည့် စာချုပ်စာတမ်းကို တရားရုံးတွင် မည်သို့မည်ပုံ ထင် ရှားအောင် ပြသရမည်ဟု သက်သေခံဥပဒေပုဒ်မ ( ၆၈ )အရ အနည်း ဆုံး အသက်ရှင်လျှက်ရှိသော သက်သေ တစ်ဦး သက်သေထူရန်လိုသည့်အပြင် စာချုပ်၌ အသိသက်သေ အနည်းဆုံးနှစ်ဦး လက်မှတ်ထိုးခဲ့ကြောင်း ထင်ရှားအောင်ပြသရသည်။ သက်သေခံဥပဒေပုဒ်မ ( ၆၉ )အရ အသိသက်သေကို ရှာမတွေ့လျှင် ဖြစ်စေ၊စာချုပ်သည် နိုင်ငံရပ်ခြား၌ ချုပ်ဆိုသော စာချုပ်ဖြစ်လျှင်ဖြစ်စေ သက်သေတစ်ဦးဦး၏ လက်မှတ်သည် ထိုသူ၏ လက်ရေးဖြစ်ကြောင်း တင်ပြလျှင် သက်သေကို စစ်ဆေးဘိသကဲ့သို့ အကျိုးသက်ရောက်သည်။ သက်သေခံဥပဒေပုဒ်မ (၇၀ )အရ စာချုပ်ချုပ်ဆိုသူက စာချုပ်ချုပ်ဆိုခြင်းကို ဝန်ခံလျှင် ချုပ်ဆိုကြောင်း လုံလောက်သည့် သက်သေခံချက်ဖြစ် သည်။အပေါင်စာချုပ်ကို ဝန်ခံလျှင်မူ အသိသက်သေကို ရုံးသို့ ခေါ်ယူစစ်ဆေးရန်မလိုဘဲ အသိသက်၏ လက်မှတ်ကို အခြားနည်းဖြင့် ထင်ရှားအောင် ပြသနိုင်သည်။ အသိသက်သေက လက်မှတ်မထိုးရပါဟု ငြင်းဆိုလျှင်ဖြစ်စေ ၊သတိမရဟု ငြင်းဆိုလျှင်ဖြစ်စေ ပုဒ်မ (၇၁ )အရ စာချုပ်ချုပ်ဆိုကြောင်း ထင်ရှားအောင် အခြားသက်သေခံချက်ဖြင့် တင်ပြခွင့်ပြုထားသည်။ စာမတတ်သူသည် မှန်ကြောင်း လက်မှတ်ရေးထိုးသည့် သက်သေမဖြစ်နိုင်သော်လည်း ကြက်ခြေခတ်ခြင်း ၊လက်ဗွေနှိပ်ခြင်း အစရှိသည့် အမှတ် အသားကို ကိုယ်တိုင်ပြုလုပ်ပါက စာမတတ်သူတစ်ဦးသည် မှန်ကြောင်း လက်မှတ် ရေးထိုးသည့် သက်သေတစ်ဦး ဖြစ်လာနိုင်သည်။ စာချုပ်ရေးသားသူက စာချုပ်၌ လက်မှတ်ရေးထိုး ခြင်းမှာ စာရေးသူအနေဖြင့် လက်မှတ်ရေးထိုးခြင်း ဖြစ်သည်ဟု သာမန်အားဖြင့် ယူဆရသည်။သို့ရာတွင် စာရေးသူသည် စာချုပ်ပေါ်၌ စာချုပ်သူ လက်မှတ်ထိုးသည်ကို မြင်ခဲ့ ရလျှင် ဖြစ်စေ၊ စာချုပ်ရေးသားသူအား စာချုပ်သူက စာချုပ်၌ လက် မှတ်ထိုးခဲ့ကြောင်း ဝန်ခံလျှင်ဖြစ်စေ စာချုပ် ရေးသားသူသည် မှန်ကြောင်း လက်မှတ်ရေးထိုးသည့် သက်သေတစ်ဦးပင်ဖြစ်သည်။ ဒေါ်တင်မိုးခိုင် (ပြည်) ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ မြေမဝယ်မှီ သိထားသင့်၊ သိထားထိုက်သော အကြောင်းအရာများ အမွေပုံပစ္စည်းဖြစ်လာတတ်သည့် မိဘများမကွယ်လွန်ခင်ပေးကမ်းခဲ့သော အိမ်နှင့်မြေကိုဝယ်မည်ဆိုလျှင် အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု ဂရန်သက်တမ်းကုန် မြေနှင့် အိမ်ကိုဝယ်လျှင် Credit By: DVB Lawlab Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties