By Sint Sint, Shweproperty.com
Updated at 4 October 2020
ဒယ်အိုးနီ သုံးတတ်တဲ့ သူများ မမြင်နိုင်တဲ့ အန္တရယ်တွေ အတွက်ဖတ်ဖြစ်အောင်ဖတ်ပြီး ရှယ်ထားနော်
လျှပ်စစ်ဒယ်အိုးနီကိုအသုံးတည့်တော့ အိမ်တိုင်းလိုလိုဝယ်သုံးကြတယ်။ဒါပေမဲ့ အန္တရာယ် ကင်းအောင် သုံးတတ်ဖို့လိုတယ်လေ ဒီ လျှပ်စစ်အေ ကြာ်အိုး တွေကတစ်ပိုင်းစီဖြုတ်ဆေးလို့ရတဲ့အမျိုးမဟုတ်တော့ အလုပ်ရှင် တွေကို သေသေချာချာပြောပြပေးခဲ့ရတယ်။
သတိပေးခဲ့ပေမဲ့အချိန်မရတဲ့ အိမ်ရှင်မ တွေအတွက်အားလုံးကို ထပ်သတိပေးလိုက်ပါတယ်။ အလုပ် ကများတော့ချ က်ပြု တ်ကြော်လှော်ရင်း ရေချိုး ရေချိုးရင်းနဲ့ပြာယာခပ်ပြီးသတိလက်လွတ် စတီးဇွန်း တွေနဲ့အကြော်အိုးကိုမွှေ အစိုဓာတ်က များနေတော့ ဓာတ်လိုက် ခံရ ကံသီပေလို့ earth leakage circuit breaker (rcd)လေးကို မီးဖိုဆော့ကက်လိုင်းခွဲမှာခံထားပေးခဲ့တာလေးကအသက်ကယ်သွားတယ်။
ဖြစ်ပုံက အကြော်အိုး တွေကိုဆေးကြောပြီးရင် နေပြင်းပြင်းမှာမှောက်ထားပြီး အစိုဓာတ်ကင်းအောင်ထားဖို့သေသေချာ ချာပြောခဲ့တာကိုလဲအမှုမဲ့ဖြစ် လူကိုယ်တိုင်ကလဲအစိုဓာတ်များနေတဲ့အချိန်ဆိုတော့ ဒယ်အိုးကတစ်ဆင့် earth ဆင်း သလိုဖြစ်သွားတယ်။
အထဲက ကြိုး တွေနဲ့အိုး ရဲ့ဘော်ဒီ နဲ့ထိတာမဟုတ်ပေမဲ့ အန္တရာယ် ရှိသွားတယ်၊ ဂရုစိုက်ကြပါဗျာ လက်လှမ်းမီရာတွေ လဲသ တိပေးကြပါ အကြော်အိုး တွေကို ဆေးကြောပြီးရင်နေပြင်းပြင်းမှာ လှန်းထားကြဖို့ နောက်တစ်ခုက earth leakage breaker လေးတွေတပ်ဆင်အသုံးပြုကြဖို့ပါ။
Earth wire ပါပြီးthree pin socket outlet အသုံးပြုတဲ့ အိမ် တွေအတွက်ကအကြောင်းမဟုတ်ပေမဲ့ အိမ် တိုင်းက earth ကြိုးတပ်မသုံးကြတာများတယ်လေ အခု အလုပ်ရှင် အဒေါ်ကတော့ကံကောင်းပါတယ်။
အပ်လိကေ့ချ်လေးကယ်လို့ပေါ့ ......ပြီးတော့အပ်လိကေချ့်မှာပါတဲ့ လိမ္မော်ရောင် ခလုတ် အသေးလေးကိုလဲနှိပ်နှိပ်ပြီးလစဉ် စမ်းပေးရပါမယ် အဲ့ဒီ အပ်လိကေ့ချ် ကအမှန်တကယ်ကောင်းသေးရဲ့လား safe ဖြစ်ရဲ့လားဆိုတာကိုပေါ့ buttoon လေးမှာကိုက test monthly လစဉ်စစ်ဆေးပါ လို့ရေးထားပါတယ်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
သင့်အိမ်မှာ ကြမ်းပိုးတွေ သောင်းကျန်းနေပြီလား
ကံဆိုးမှုတွေ အဆင်မပြေမှုတွေ မဖြစ်ချင်ရင် အိမ်ထဲမှာ ဒီအရာတွေကို လုံးဝမထားပါနဲ့
မဖြစ်မနေသိထားသင့်တဲ့ အိမ်တွင်း ပစ္စည်းအချို့ရဲ့ သက်တမ်းကုန်ဆုံးရက်များ
အိမ်မှာရှိတဲ့ ရှားစောင်းလက်ပတ်ပင်တွေက ရရှိနိုင်တဲ့ ဆန်းဆန်းပြားပြား အကျိုးကျေးဇူးများ
Ref : Santhitsa
Photo Credit : Timesofindia
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties