By Ra Wai, Shweproperty.com
Updated at 20 September 2021
အခုခေတ်မှာ တိုက်ခန်း နဲ့နေထိုင်ခြင်းကိုများသောအားဖြင့် စိတ်ကျဉ်းကျပ်ခြင်း မြေနေရာမရှိခြင်း စတဲ့ဆိုးကျိုးတွေပဲပြေးမြင်တတ်ကြပေမဲ့ တကယ်တမ်း တိုက်ခန်းနဲ့ နေရခြင်းရဲ့ ကောင်းတဲ့အချက်တွေကိုပြောပြပေးချင်ပါတယ်။ ငွေကုန်ကျသက်သာခြင်း တိုက်ခန်းနဲ့နေခြင်းဟာ Bill ကုန်ကျစရိတ်တွေ အငှားစရိတ်တွေမှာ အိမ်ခြံဝန်း စတာနဲ့နေခြင်းထက် ကုန်ကျစရိတ်သက်သာပါတယ်။ဥပမာ ဆိုရရင် တိုက်ခန်းအများစုဟာ အခန်းနေရာအရမ်းမကျယ်တဲ့အတွက် Air-con သုံးတာဖြစ်ဖြစ် Electric သုံးတာပဲဖြစ်ဖြစ် အိမ်ခြံနဲ့နေတာထက် အသုံးစရိတ်ချွေတာနိုင်ပါတယ်။အငှားခဟာဆိုရင်လည်း လုံးချင်းအိမ်တွေနဲ့ယှဉ်ရင် တိုက်ခန်းဟာပိုမိုသက်သာပြီး မြို့ထဲလိုနေရာမှာနေချင်တဲ့သူတွေအတွက်အဆင်ပြေစေပါတယ်။ ပိုမိုလုံခြုံမှုရှိခြင်း တိုက်ခန်းတွေဟာ များသောအားဖြင့် ဝင်ပေါက်နေရာ အများအပြားရှိပါတယ် ဥပမာ အရေးပေါ်ထွက်ပေါက်၊Main ထွက်ပေါက်၊ပြတင်းပေါက် အရန်ဝင်ပေါက် စသဖြင့်ရှိကြပါတယ်။အပြင်လူတစုံတယောက်ဝင်လာဖို့ဆိုတာမလွယ်ကူပါဘူး။ဝင်ပေါက်တွေမှာ Security ရှိတာမျိုးဆိုပိုတောင်ဝင်ဖို့ခက်ခဲပါတယ်။ဒါ့ကြောင့် သူခိုးလိုမျိုး အပြင်လူအလွယ်တကူဝင်ဖို့ဆိုတာမလွယ်ကူပါဘူးဝင်ရောက်ခိုးမယ်ဆို TV စတဲ့ပစ္စည်းမျိုးတွေကိုလူအများစုနေတဲ့ တိုက်ခန်းတွေကိုဖြတ်ပီး အလွယ်တကူသယ်ယူဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ ပြောင်းရွှေ့ရလွယ်ကူခြင်း အပေါ်မှာပြောခဲ့သလိုပဲ အိမ်ငှားခတွေဟာ တိုက်ခန်းဟာ မြေထက်သက်သာတဲ့အတွက် အိမ်အပြောင်းအရွှေ့ စပေါ်/စရံ စတာတွေလဲသက်သာတဲ့အတွက် စိတ်အရမ်းဖိအားမများပဲ သင်ပြောင်းချင်တဲ့နေရာကို ပြောင်းရွှေ့ချင်တဲ့အခါ လွယ်ကူစေပါတယ်။ အပိုကုန်ကျစရိတ်သက်သာခြင်း ခြံနဲ့နေသူတွေဟာ ခြံဝန်းအတွက်မီးဖိုး အခြားလမ်းခင်းဖို့ ခြံရှင်းဖို့ စတဲ့အသေးစားကုန်ကျစရိတ်တွေထပ်မံကုန်ကျနိုင်ပါသေးတယ်။တိုက်ခန်းနဲ့နေသူတွေမှာတော့ ဒါတွေဟာ မရှိတဲ့အတွက် ကုန်ကျစရိတ်လျော့ချတဲ့နေရာမှာ အဆင်ပြေပါတယ်။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ တိုက်ခန်းဝယ်လျှင် အခွန်ဆောင်ဖို့ လိုပါသလား သန့်ရှင်းသပ်ရပ်နေတဲ့ အိမ်လေးကပေးတဲ့ အကျိုးကျေးဇူး မိသားစုကျန်းမာရေးအတွက်မိနစ်၂၀စာအိမ်သန့်ရှင်းရေး သဘာဝဘေးအန္တရာယ်နှင့် အိမ်ငှားတို့၏ အခွင့်အရေး Credit By: Phoenix-Emperor Posted By : Ra Wai, ShweProperty.com
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties