By Ra Wai, Shweproperty.com
Updated at 4 August 2020
မြန်မာနိုင်ငံတွင် အကြီးဆုံးသော ဈေးဝယ် စင်တာကြီးအဖြစ် ရင်းနှီးမြှုပ်နှံတည်ဆောက်ရန် Shwe Taung Real Estate Co., Ltd. (“Shwe Taung”) နှင့် ဂျပန်နိုင်ငံ AEON MALL Co., Ltd. (“AEON MALL”) တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း Shwe Taung Group က ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုတွင် Shwe Taung မှ အစုရှယ်ယာ (၃၀) ရာခိုင်နှုန်း၊ Aeon Mall Myanamr Co., Ltd. နှင့် AEON MALL မှ အစုရှယ်ယာ (၇၀) ရာခိုင်နှုန်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
“Junction ဟာ မြန်မာပြည်ဈေးဝယ်သူတွေအနေနဲ့ ဆယ်စုနှစ် နှစ်ခုတိုင်အောင် အလွန်ရင်းနှီးပြီးသား နာမည် တစ်ခုပါ။ ကျွန်မတို့ရဲ့ ဆိုင်ခန်းငှားရမ်းသူတွေ၊ ဈေးဝယ်သူတွေနဲ့ လူမှုပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူအများဆီကို သစ်လွင်ဆန်းကျယ်တဲ့ ဈေးဝယ်မှုအတွေ့အကြုံဆန်းတွေနဲ့ လူနေမှုပုံစံသစ်တွေကို ဖော်ဆောင်ပေးဖို့ အခုလို AEON MALL နဲ့ အတူ ပူးပေါင်းလုပ်ကိုင်နိုင်တဲ့အတွက် စိတ်လှုပ်ရှား ဝမ်းသာမိပါတယ်” ဟု Shwe Taung Real Estate ၏ အမှုဆောင်အရာရှိချုပ် ဒေါ်စန္ဒာထွန်းကပြောကြားခဲ့သည်။
AEON MALL ၏ မန်နေဂျင်းဒါရိုက်တာ Mr. Mitsugu Tamai က "ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ဈေးဝယ် စင်တာလုပ်ငန်း ပိုမိုဖွံ့ဖြိုးစေဖို့ Shwe Taung Real Estate နဲ့ ပူးပေါင်းလုပ်ကိုင်ရတဲ့အတွက် အရမ်းဝမ်းသာမိပါ တယ်။ AEON MALL ရဲ့ ဂျပန်၊ တရုတ်နဲ့ အာဆီယံဒေသတွင်းမှာ ရရှိထားတဲ့ ဈေးဝယ်စင်တာလုပ်ငန်း အတွေ့ အကြုံ၊ ဗဟုသုတတွေနဲ့ မြန်မာနိုင်ငံစားသုံးသူတွေကို အဆင့်မြင့်ဈေးဝယ်ဇုန်တွေ၊ အပန်းပြေဖျော်ဖြေရေး နေရာတွေနဲ့ ဒေသတွင်းလူမှုအသိုက်အဝန်းရဲ့ ပလက်ဖောင်းတစ်ခုကတဆင့် လူနေမှုပုံစံအတွေ့အကြုံသစ် တွေကို ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ပေးအပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ AEON MALL ဟာ မြန်မာနိုင်ငံ ပိုမိုဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေးပြန်လည်ဆန်းသစ်မှုရှိစေရေးကို ပါဝင်ပံ့ပိုးခွင့်ရတဲ့အတွက် ဂုဏ်ယူ မိပါတယ်။” ဟုပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ပထမဦးဆုံး AEON MALL ကို ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့၌ Aeon Mall Myanamr Co., Ltd. မှ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး၎င်းသည် အကြီးဆုံးသော ဈေးဝယ်စင်တာအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရွှေလီလမ်းနှင့်ဧရာဝဏ်လမ်းထောင့်ရှိ (၁၇.၆၃၂) ဧက ပေါ်တွင် တည်ရှိမည်ဖြစ်ကြောင်း၊အဆိုပါ ဈေးဝယ်စင်တာတွင် အထပ် (၅) ထပ် ပါရှိမည်ဖြစ်ပြီး စတုရန်းပေ စုစုပေါင်း (၁.၂) သန်း ခန့် ရှိကာ ကားပါ ကင် (၂,၃၀၀) ခန့် ပါရှိမည် ဖြစ်ကာ၂၀၂၃ ခုနှစ်ဝန်းကျင်တွင် ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။
Credit By: Pyi Myanmar
Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties