By စိုးသီဟစိုး, Shweproperty.com
Updated at 8 November 2012
ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ၄၈-ရပ်ကွက် ၌ အခန်း ၅ဝဝဝ ခန့့်် ပါဝင်သည့် အိမ်ရာစခန်းကို ( Affordable Housing Project) ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အကောင် အထည်ဖော်တည်ဆောက်သွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ အိမ်ရာစခန်းတည်ဆောက် မှုတွင် အပန်းဖြေစိမ်းလန်းဧရိယာ၊ ကလေး ကစားကွင်း၊ ယာဉ်ရပ်နားရန်နေရာ၊ Shopping Mall ၊ Mini Mart များနှင့် လေဝင်လေထွက်ကောင်းမွန်ပြီး အလင်းရောင်လုံလောက်စွာရရှိသော လူနေတိုက်ခန်းများ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါစီမံကိန်းမှာ ၃ နှစ်အတွင်း အကောင်အထည်ဖော်မည့် စီမံကိန်းဖြစ် ပြီး ပြည်သူ လူ ထူသို့ တန်ဖိုးအသင့်အတင့် (သင့်တင့်သောတန်ဖိုး) ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ စီမံကိန်းအကောင်အထည်ဖော်ရေးအတွက် စိတ်ပါဝင်စားဆောင် ရွက်လိုသူ ပြည်တွင်းနှင့် ပြည်ပမှဆောက် လုပ်ရေးလုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်း ရှင်များအား ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီက ၁၄-၁၁-၂ဝ၁၂ ရက်နေ့တွင် မြို့တော်ခန်းမတွင် ဖိတ်ခေါ် ပြီး ရှင်းလင်းဆွေးနွေးရန် စီစဉ်ထား ကြောင်း သိရသည်။
အဆိုပါ တည်ဆောက်ရေးလုပ်ငန်း ကို ပြည်တွင်းမှ ထိပ်တန်း Developer များနှင့် ဂျပန်၊ တောင်ကိုးရီးယား ၊ စင်ကာပူ ၊ ထိုင်းတို့ မှ Developer များက စိတ်ဝင် စားလျက်ရှိပြီး အဆိုပါ စီမံကိန်းမှာ ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရ သည်။
Source : PyiMyanmar
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties