By 7daydaily, Shweproperty.com
Updated at 3 May 2016
အိမ်ခြံမြေ အကျိုး ဆောင်များအား တရားဝင်လိုင်စင် ထုတ်ပေးရန် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးထံ မြန်မာ နိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအ သင်း၏ တင်ပြချက်သည် အိမ်ခြံ မြေအသင်းအဖွဲ့များနှင့် အကျိုး ဆောင်များအားလုံးကို ကိုယ်စား မပြုသောကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ကန့်ကွက်လွှာတင်ပြမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေ ကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်က ပြောသည်။
‘‘အကျိုးဆောင်လိုင်စင်ရှိဖို့ လိုအပ်တယ်လို့ယူဆရင် မြန်မာ နိုင်ငံတစ်ဝန်းမှာရှိတဲ့ အကျိုး ဆောင်အားလုံးနဲ့ အိမ်ခြံမြေအ သင်းဝင်တဲ့သူတွေရော အသင်းမ ဝင်ထားတဲ့သူတွေပါအားလုံးသင် တန်းပေးသင့်တယ်။ အခုလုပ်တာ က မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန် ဆောင်မှုအသင်းအမည်ခံပြီး တ ခြားသောအိမ်ခြံမြေအသင်းများ၊ တခြားတစ်သီးပုဂ္ဂလအိမ်ခြံမြေအ ကျိုးဆောင်တွေကို ဖိတ်ခေါ်တိုင် ပင်ဆွေးနွေးတာမရှိဘဲ မြန်မာနိုင် ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း အသင်းဝင်များ ၂-၃-၄ ရက် ရက်တိုသင်တန်းဆင်းတဲ့ အိမ်ခြံ မြေအကျိုးဆောင်များကိုသာ တ ရားဝင်လိုင်စင် ထုတ်ပေးဖို့ တင်ပြ တာမျိုးဖြစ်နေတဲ့အတွက် ကန့် ကွက်ခြင်းဖြစ်တယ်’’ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ အိမ်ခြံမြေဝန် ဆောင်မှုအသင်းက သင်တန်းပေး ကာ အကျိုးဆောင် လက်မှတ် ထုတ်ပေးထားသော သင်တန်း သား ၄,၃၃၈ ဦးရှိပြီး မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင်အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူ ၁၀၀,၀၀၀ကျော်ရှိကြောင်း မြန်မာနိုင်ငံအိမ် ခြံမြေဝန်ဆောင်မှုအသင်းမှ သ တင်းရရှိသည်။
‘‘အခုအကျိုးဆောင်လိုင်စင် ရဖို့တင်ပြတာက ကျွန်တော်တို့အ သင်းသားတွေတင်မဟုတ်ဘဲတစ် နိုင်ငံလုံးမှာရှိတဲ့ အကျိုးဆောင် အားလုံးအတွက် ပြည်ထောင်စု ဝန်ကြီးကိုတင်ပြတာပါ။ နိုင်ငံတ ကာမှာလည်း ဒီလိုင်စင်က ရှိ တယ်။ ဒါကြောင့် ကိုယ့်နိုင်ငံမှာ ရှိ သင့်ရှိထိုက်တဲ့အတွက်ဝန်ကြီးကို တင်ပြတာဖြစ်တယ်’’ဟု မြန်မာ နိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအ သင်းဥက္ကဋ္ဌဦးခင်မောင်သန်းက ပြောသည်။
အိမ်ခြံမြေအကျိုးဆောင်တ ရားဝင်လိုင်စင်ကို သက်ဆိုင်ရာက ခေတ်စနစ်နှင့်အညီ အိမ်ခြံ မြေအကျိုးဆောင်များအတွက်လို အပ်ပါက တရားဝင်ဖွဲ့စည်းတည် ထောင်ထားသော အိမ်ခြံမြေအ သင်းများ၊ တစ်သီးပုဂ္ဂလ အကျိုး ဆောင်များအား ခေါ်ယူညှိနှိုင်း တိုင်ပင်ပြီး သက်ဆိုင်ရာဝန်ကြီး ဌာနအစီအမံဖြင့်သာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလိုင်စင်ချ ထားပေးရန် မိမိတို့မန္တလေးတိုင်း ဒေသကြီး အိမ်ခြံမြေ ကိုယ်စား လှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအ သင်းမှ သတင်းရရှိသည်။
‘‘လိုင်စင်ကိစ္စ တင်ပြထား တာကို အရင်ကတည်းကကန့် ကွက်ထားတယ်။ အခုတင်ပြတဲ့ အသင်းက အကျိုးဆောင်အများစုကို ကိုယ်စားပြုတဲ့ အသင်း လည်းမဟုတ်ဘူး။ အကျိုးဆောင် အားလုံးမပါဝင်ဘဲ လိုင်စင်ကိစ္စ ကို ချုပ်ကိုင်မယ်ဆိုရင်တော့ သ ဘောမတူနိုင်ဘူး။ ဒါနဲ့ပတ်သက် ပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေ ကို ကန့်ကွက်တင်ပြမယ်’’ဟု ရန်ကုန်တိုင်းအိမ်ခြံမြေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties