By The Kumudra, Shweproperty.com
Updated at 10 March 2016
အိမ်ခြံမြလောကထဲမှာ အရောင်းအဝယ်သိပ်မရှိပင်မဲ့ အကျိုးဆောင်တွေကြား ရောင်းတန်းတင်တဲ့အခါမှာ ပွဲဖြစ်ပြီးရော ပုံစံမလိမ့်တစ်ပတ်နဲ့ ပြုလုပ်တာတွေရှိ တာကြောင့် အကျိုးဆောင်တွေ အချင်းချင်းလည်း ယုံကြည်စိတ်ချလို့မရဘူးလို့ သိရပါတယ်။
ကြားခံပွဲစားတွေ အဖြစ် ဈေးတန်းတင်ပေးတဲ့ သူတွေကို အသုံးချပြီးစာရွတ်စာတမ်းအ တုတွေကိုမိတ္တူတွေနဲ့ပြုလုပ်ကြတာပါ။ အများစုက အရပ်အကျိုးဆောင်တွေထဲမှာအဖြစ်များတာလို့သိရပါတယ်။မကျွမ်းကျင်တဲ့သတချို့နားမလည်ဘဲဈေးကွက်ထဲယူလာပြီး ကြားညှပ်ကာ ဖြေရှင်းလိုက်ရတဲ့သူတွေလည်းရှိတယ်လို့ ပြောပါတယ်။
ဒဂုံသီးသန့်အကျိုးဆောင် မကေသီက "ဈေးကွက်ကလဲ မကောင်းတဲ့အချိန်ဆို တော့ ဝိုင်းထဲမှာ ပုံမှန်ဈေးထက် ဈေးသက်သာတယ်ဆို စိတ်ဝင်စားကြတယ်၊ ဈေးသက်သာတယ်ဆိုပြီး ဈေးပေါတယ်၊ ပေါချောင်ကောင်းဆိုပြီး အဝယ်ကိုပြတယ်၊ စာရွတ်စာတမ်းအတုဖြစ်နေရော၊ တချို့က အကျိုးဆောင်ဆိုပင်မဲ့ ဘာမှမသိတဲ့သူတွေကို ကြားခံပြီး လုပ်နေကြတာ" လို့ပြောပါတယ်။
တချို့က အစစ်အမှန်မဟုတ်မှန်းသိရဲ့နဲ့ နားမလည်ဘဲဝယ်သူတွေကို မလိမ့်တပတ်နဲ့ ရောင်းတာတွေလည်းရှိတယ်လို့သိရတယ်။တချျိ့တွေက ကျွမ်းကျင်နားလည်တဲ့သူနဲ့ တွေ့ရင် မသိလို့ရောင်းမိသလိုနဲ့ မသိတဲ့သူဆိုဈေးပေါပေါနဲ့ ထိုးရောင်းကြတာလို့ အကျိုးဆောင်တချို့က သိရပါတယ်။
ကိုယ်တိုင်အရောင်းအဝယ်လုပ်ရင်း ကြုံတွေ့ခဲ့ဖူးတဲ့ အရပ်အကျိုးဆောင် မဇင်မာက " ကိုယ်ကမကျွမ်းကျင်ပေမဲ့ အသိမိတ်ဆွေတွေကို မေးရတယ်၊ ပွဲတစ်ခုမှာကြုံတွေ့ခဲ့ဖူးလို့ ယုံပြီး ဈေးကွက်ထဲကို ယူသွားပေးတာ စာရွက်ကအတုဖြစ်နေတယ်၊ အသိမိတ်ဆွေတွေက ကိုယ့်ကိုသတိပေးလို့မဟုတ်ရင် ကိုယ်ပါနာမည်ပျက်တော့မလို့ ဖြစ်ခဲ့တာ" လို့ပြောပါတယ်။
Ref : The Kumudra
Photo Credit : social
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties