By Myanmar Property Journal, Shweproperty.com
Updated at 24 July 2013
အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းများအတွက် လိုင်စင်သက်တမ်းတိုး အခွန်ပေးဆောင်ရမည့်နှစ်များ လျှော့ချလိုက်ပြီဖြစ်ကြောင်း ‘မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း’မှ သတင်းရရှိသည်။
ယခင်က အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းလိုင်စင် သက်တမ်းတိုးအား တစ်နှစ်တစ်ခါ အခွန်ပေးဆောင်ရပြီး ယခုအခါ သက်တမ်းတိုး အခွန်နှုန်းထားများကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ကာ သုံးနှစ်တစ်ကြိမ် အခွန်ပေးဆောင်မှုအဖြစ် ပြောင်းလဲသတ်မှတ်လိုက် ပြီဖြစ်ကြောင်း သိရသည်။
“အိမ်၊ ခြံ၊ မြေ အတွက်ပေးဆောင်ရတဲ့ အခွန်နှုန်းထားတွေက မနည်းဘူး၊ တစ်နှစ်တစ်ခါဆိုတော့ ပိုဆိုးတယ်၊ အခုတော့ သုံးနှစ်တစ်ခါ ပြောင်းလဲသတ်မှတ်လိုက်တော့ အများကြီး အဆင်ပြေသွားတယ်၊ လုပ်ငန်းလုပ်ကိုင်ရတဲ့အခါမှာလည်း လွယ်ကူတာပေါ့”ဟု ပြည်တွင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက ပြောသည်။
အိမ်၊ ခြံ၊ မြေဈေးကွက်အတွင်း ပေးဆောင်ရသည့် အခွန်နှုန်းထားများ လျှော့ချသတ်မှတ်ရန်အတွက် သက်ဆိုင်ရာဌာနများသို့ လုပ်ငန်းရှင်များမှ တင်ပြဆွေးနွေးခဲ့သော်လည်း အကြောင်းပြန်မှုမရှိသေးဘဲ အကျိုးဆောင်လုပ်ငန်းလိုင်စင် သက်တမ်းတိုးနှစ်များသာ လျှော့ချပေးကြောင်း သိရသည်။
Ref: Myanmar Property Journal
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties