အဲကွန်း နဲ့အိပ်တယ်။ချွေးမထွက်ဘူး။အိပ်လို့ကောင်းတယ် ။မနက်ကျတော့ လေးလံနေတယ်။သွေးပျစ်လို့ပါ။အအေးတွေက ကိုယ်ထဲစိမ့်ဝင်တာပေါ့ ။တညလုံး အေးနေတာ။ညဆိုတာ ၁၂ နာရီကျော်တာနဲ့ အပူချိန်ပြောင်းပြီ။သွေးပျစ်တော့ လူလည်း မကျန်းမာတော့ဘူး။အအေးလွှတ်ထားတော့ ချွေးလည်းမထွက်တော့ဘူး ။အခိုး ပိတ်သွားပြီ အခိုးဆိုတာ မြန်မာ့ဆေးပညာရပ်မှာဘဲရှိပါတယ်။အနောက်တိုင်းဆေးပညာအရ လုံးဝနားမလည်နိုင်ပါ။အခိုးပိတ်လို့ ရောဂါ ရနိုင်ပါတယ်။


ဂျပန် ပညာရှင်သုတေသနအရ ကိုယ်အနွေးဓာတ်လျော့နည်းခြင်းကကိုယ်ခန္ဓာ၏ရောဂါခုခံအားကို ကျဆင်းစေပါသည်။ကိုယ်အနွေးဓာတ်သည် ၁ ဒီဂရီ စင်တီဂရိတ် လျော့ကျသွားတိုင်း ခုခံအား ၃၀ % အထက် လျှော့ကျသွားသည်ဟုသိရပါသည်။လေဖြတ်ဖို့၊လေဖြန်းဖို့ ၊ဆီးချိုသွေးချိုဖြစ်ဖို့ ၊ အသည်းအဆီဖုံးဖို့ လာပြီလေ ။တပ်တွေချီပြီ ။ကယ်ဖို့ ကူဖို့တော့မဟုတ် ။သေမင်းဆီအရောက် ပို့မယ့်တပ်တွေ။


အဲကွန်းခန်းထဲမှာပဲ အနေများသူတွေအနေနဲ့ ကျန်းမာရေးဆိုးကျိုးတွေ မဖြစ်ပေါ်ရအောင် သတိပြုလိုက်နာသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။


(၁) ရေများများသောက်ပါ


အဲကွန်းခန်းထဲမှာ အနေများခြင်းဟာ ခန္ဓာကိုယ် ရေဓာတ်ခမ်းခြောက်ခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် တတ်နိုင်သလောက် ရေများများ သောက်ပေးသင့်ပါတယ်။ ရေများများသောက်ပေးခြင်းဟာ ခန္ဓာကိုယ်ရေဓာတ် ခမ်းခြောက်ခြင်းကို ပြန်လည် ဖြည့်တင်းပေးနိုင်တဲ့အပြင် အဲကွန်းခန်းထဲမှာ အနေကြာခြင်းကြောင့် ဖြစ်တတ်တဲ့ အသားအရေ ခြောက်သွေ့ခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။





(၂) အဲကွန်းခန်းထဲကနေ ချက်ချင်း နေပူထဲ ထွက်တာမျိုးနဲ့ ဝင်တာမျိုးကို မပြုလုပ်ပါနဲ့


အဲကွန်းခန်းထဲကနေ နေပူထဲကို ရုတ်တရက်ဆိုသလို ထွက်တာမျိုးနဲ့ နေပူထဲကနေ အဲကွန်းခန်းထဲကို ချက်ချင်းဝင်တာမျိုးဟာ နှာခေါင်းသွေးလျှံတာ၊ ဦးနှောက်သွေးကြောပြတ်တာ စတာမျိုးတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ Air Cutter ရှိတဲ့နေရာမျိုးတွေမှာဆိုရင် အဲဒီနေရာမှာ ခဏလောက်ရပ်နေပြီးမှာ သွားလာတာမျိုးကို ပြုလုပ်ပေးသင့်ပါတယ်။


(၃) လေကောင်းလေသန့် ထွက်ရှုပေးပါ


အဲကွန်းခန်းထဲမှာ အနေကြာခြင်းဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် အပြင်ဘက်ကို လေကောင်းလေသန့် ထွက်ရှုပေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။


(၄) အဲကွန်းသန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ပေးပါ


အဲကွန်းတွေဟာ အသုံးပြုတာကြာလာတာနဲ့အမျှ ဘက်တီးရီးယားနဲ့ မှိုတွေကို ပေါက်ဖွားစေနိုင်တာကြောင့် အဲကွန်းသန့်ရှင်းပြုလုပ်ဖို့ကို မမေ့လျော့သင့်ပါဘူး။ အဲကွန်း ပုံမှန်သန့်ရှင်းရေး မပြုလုပ်ခြင်းကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေနဲ့ ဓာတ်မတည့်မှုကြောင့် အသားအရေ ယားယံတာမျိုးကို ဖြစ်ပေါ်စေနိုင်တာကြောင့် သတိထားပြီး ပြုလုပ်သင့်ပါတယ်။


လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ


အဲကွန်းခန်းမှာ အနေများသူတွေ သတိထား လိုက်နာသင့်တဲ့ အချက်များ


အိမ်မှာခြင်ဆေးခွေ အမြဲလိုလိုသုံးမိနေပြီဆိုလျှင် မဖြစ်မနေ သိထားရမည့် အချက်များ


အသက်ရှူလမ်းကြောင်းကို တိတ်တဆိတ် အနှောင့်အယှက်ပေးနေတဲ့ အိမ်တွင်းသုံးပစ္စည်းများ


ကျန်းမာရေးကို ထင်မထားလောက်အောင်ထိခိုက်စေနိုင်တဲ့ အိမ်တိုင်းမှာရှိတတ်တဲ့အရာ(၅)မျိုး


Credit : Wunyan
Posted By : Sint Sint (ShweProperty.com)