By Sint Sint, Shweproperty.com
Updated at 21 December 2020
အခုခေတ်မှာတော့ ရှားစောင်းလက်ပတ်ပင်တွေကို အိမ်တိုင်းမှာ အလှပန်းပင်သဖွယ်စိုက်ပျိုးလာကြပါတယ်။ ယခင်ကတော့ ခြံဝင်းကျယ်တွေမှာ အစိုက်များတဲ့ အပင်တစ်မျိုးလည်းဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်ပင်ကို အများဆုံးကတော့ အလှအပစ္စည်းများမှာ အသုံံးများပါတယ်။ရှားစောင်းမျိုးအားလုံးသည် ကက်တာစီအီး မျိုးရင်းဝင်များ ဖြစ်ကြလပါတယ်။ ရှားစောင်းမျိုးစိတ် အမြောက်အမြားရှိရာ မျိုးစိတ်ပေါင်း ၁ဝဝဝ ခန့်ကို အမည်ပေးပြီးကြလေပြီ။
ရှားစောင်းမျိုးသည် မျိုးစိတ်များပြားသလောက် ပုံသဏ္ဌာန်နှင့် အရွယ်တွင်လည်း အမျိုးမျိုးကွဲပြားကြသည်။ ရှားစောင်းမျိုး အားလုံးလိုလိုပင် အမေရိကန်နိုင်ငံ၌ ပေါက်ရောက်လေ့ရှိကြ၍ မိုးပါးရာအရပ်များတွင် ပေါက်ရောက်ရန် အထူးသင့်လျော်သည်။ ကမ္ဘာ့အခြားနေရာများရှိ အပင်များသည် ယင်းတို့၏ အစာအတွက် ယင်းတို့ရှိ အရွက်များတွင် အစာကို လုပ်ယူကြသည်။ အရွက်များမှ ရေကိုလည်း စွန့်လွှတ်ပစ်ကြ သည်။ ရှားစောင်းမျိုးတွင်မူ ရေငွေ့ကို ပို၍ ကောင်းမွန်စွာ သိုလှောင်ထားနိုင်ရန်အတွက် အရွက်များသည် များသောအားဖြင့် ပျောက်ကွယ်၍ သွားကြသည်။ ရှားစောင်းမျိုးရှိ အသားများသော ပင်စည်များက အပင်အတွက်အစာကို လုပ်ပေးကြသည်။
ထိုပင်စည်များက ရေကို သိုလှောင်ထားနိုင်ကြသည်။ အချို့ရှားစောင်းမျိုး၏ ပင်စည်ပုံသဏ္ဌာန်သည် စည်ကဲ့သို့ပင်ဖြစ်နေရာ ရှားစောင်းမျိုး၏ ထိပ်ပိုင်းကို ဓားဖြင့်လှီး၍ အတွင်းရှိအသားကိုချေကြည့်လျှင် စေးကပ်သည့်အရည်ငါးဆယ်ဝင် ပုလင်းဖြင့် အများအပြားရရှိသည်ကို တွေ့ရပေသည်။ ရှားစောင်းမျိုးတွင် များသောအားဖြင့် ချွန်ထက်သည့်ဆူးများရှိကြ၍ ထိုဆူးများကအပင်များကို ထိုဒေသနေတိရစ္ဆာန်တို့၏ ဘေးရန်မှကာကွယ်ပေးနိုင်ကြသည်။ ရှားစောင်းမျိုး၏ အကိုင်းသစ်များနှင့် လှပသောအပွင့်များသည်ဆူးထွက်သည့် နေရာများမှ ထွက်ကြ ပွင့်ကြပါတယ်။
ရှားစောင်းလက်ပတ်အပင်ဆိုတာ ခြံနဲ့မြေအကျယ်ကြီးရှိမှ၊ သေသေချာချာမြေသြဇာတွေနဲ့ စိုက်မှ၊ အမြဲတမ်းပြုစုယုယမှ ရှင်သန်ကြီးထွားလာကြတာမဟုတ်ပါဘူး။ မြေအိုးလေးထဲ သူ့ရဲ့အကိုင်းလေးတစ်ကိုင်ကိုစိုက်မယ် တစ်နေ့ ၂ ခါလောက် အနည်းဆုံးရေလောင်းပေးရုံနဲ့တင်ကို ရှင်သန်ကြီးထွားလာနိုင်တာဖြစ်လို့ စိုက်ရလွယ်တဲ့အပင်တွေထဲ ထိပ်ဆုံးစာရင်းမှာ ပါဝင်လို့နေပါတယ်။ လက်ရှိအချိန်မှာလည်း နေအိမ်တော်တော်များများမှာ ရှားစောင်းလက်ပတ်ပင်လေးတွေ စိုက်လာကြတာတွေ့မိတဲအတွက် အိမ်မှာ ရှားစောင်းလက်ပတ်စိုက်ထားရုံနဲ့ အသုံးပြုတဲ့အခါရနိုင်တဲ့ ဆန်းပြားတဲ့ အကျိုးကျေးဇူးတွေအကြောင်းကို ပြောပါရစေ။
အိမ်မှာအသုံးဝင်ပုံ....
(၁) ရှားစောင်းလက်ပတ်အပင်လေးတွေဟာ အပူချိန်ကို တခြားအပင်တွေထက်ပိုစုတ်ယူနိုင်ပါတယ်။ အခုလိုရာသီဥတုပူတဲ့အခါမျိုးကျရင် အိမ်ပတ်ပတ်လည်မှာ ရှားစောင်းလက်ပတ်အပင်လေးတွေကို အိုးခွဲစိုက်ပေးခြင်းအားဖြင့် အိမ်ထဲအပူချိန်သက်သာလာနိုင်ပါတယ်။
(၂) ၂၀၁၄ ခုနှစ်ရဲ့ Cambridge University Press ဆောင်းပါးအရ သုတေသီတွေဟာ ခရမ်းချဉ်သီးကို ရှားစောင်းလက်ပတ်အနှစ်တွေသုတ်လိမ်းပြီး ရက်တန်ကြာထားခဲ့ပါတယ်။ ဒါပေမဲ့ခရမ်းချဉ်သီးဟာ ပုတ်ရမယ့်အချိန်ရောက်တာတောင် မပုတ်သွားဘဲလတ်လတ်ဆတ်ဆတ်ရှိနေတာကို တွေ့ခဲ့ရတယ်။ ဒါကြောင့် မီးဖိုချောင်အတွက်လည်းရှားစောင်းလက်ပတ်ဟာ အလွန်အသုံးဝင်တယ်ဆိုတာ သိသွားခဲ့ပါတယ်။
အသားအရေအတွက် ကောင်းကျိုးများ...
(၁) ရာသီဥတုကြောင့်ပဲဖြစ်ဖြစ် ရေဓာတ်နည်းလို့ပဲဖြစ်ဖြစ် အသားခြောက်ခြင်းအမျိုးမျိုးကိုလည်း ရှားစောင်းလက်ပတ်အနှစ်လိမ်းအုံခြင်းဖြင့် ကုသနိုင်ပါတယ်။
(၂) ရှားစောင်းလက်ပတ်မှာ ယောင်ယမ်းမှုတွေကိုလျော့ကျစေပြီး ပိုးသတ်ပေးတဲ့ အာနိသင်ပါဝင်တဲ့အတွက်ကြောင့် ဝက်ခြံတွေယောင်ယမ်းနေရင်၊ နီရဲနေရင်လည်း အနှစ်လေးကိုတို့၊ အုံထားနိုင်ပါတယ်။ တစ်နေ့သုံးခါလောက်ပြုလုပ်ပေးလို့ရပါတယ်။
(၃) ထိလွယ်ရှလွယ်တဲ့အသားအရေပိုင်ရှင်များ (sensitive skin) အတွက် ရှားစောင်းလက်ပတ်ဟာ သဘာဝmakeup removerအဖြစ်အသုံးပြုလို့ရပါတယ်။
(၄) ဒီအပြင် ရှားစောင်းလက်ပတ်အနှစ်ထူထူဟာ ခြေသလုံးမွှေးလို အမွှေးတွေရိတ်တဲ့အခါ shaving cream အနေနဲ့ အသုံးပြုနိုင်ပါတယ်။
(၅) ဖနောင့်ကွဲခြင်းတွေကိုလည်း ရှားစောင်းလက်ပတ်ကအထိရောက်ဆုံးကူညီပေးနိုင်ပါတယ်။ အနှစ်ခပ်ထူထူသုတ်လိမ်းပြီး နှိပ်နယ်ပေးပါ။
(၆) ချွေးပေါက်တွေကိုသန့်စင်ပေးတဲ့ skin exfoliator အနေနဲ့လည်း သုံးနိုင်ပါတယ်။
(၇) သဘာဝနည်းဖြင့် မျက်နှာပေါင်းတင်နိုင်တဲ့အရာအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
ရှားစောင်းလက်ပပ် ဆိုသည်မှာ ပူပြင်းခြောက်သွေ့သော ဒေသများတွင်ပင် စိုက်ပျိုး ဖြစ်ထွန်းပြီး အလွန်အကြမ်းခံသော အပင်တစ်မျို ဖြစ်သည်။ ၎င်းအပင်၏ ဆေးဖက်ဝင်သော အကျိုးကျေးဇူးများကြောင့် သဘာဝနတ်ဆေးပင် အဖြစ်လူသိများပါတယ်။ အာဖရိကနှင့်မက်ဒီတာရေးနီးယန်းဒေသများတွင် စတင်ပေါက်ပွားသော အပင်ဖြစ်သည်။ လီလီရေးစီးဟု ခေါ်တွင်သော အပင်မျိုးရင်းဝင် တစ်ခုဖြစ်ပြီး အိန္ဒိယ၊ တရုတ်၊ သြစတေးလျ၊ အာဖရိက၊ မက်ဆီကန်နှင့် ယူစက်အေ တို့တွင် စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်ကြသည်။ ရှားစောင်းလက်ပက် ကို အလှကုန်ပစ္စည်း ထုတ်လုပ်ခြင်းနှင့် စားသောက်ကုန် ထုတ်လုပ်ခြင်းများတွင်လည်း ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲနေကြပါတယ်။
ရှားစောင်းလက်ပက်ကအပင်သည် ကျန်းမာရေးဆိုင်ရာကောင်းကျိုးများလည်းဖြစ်ထွန်းစေပါတယ်။ အရေပြားဆိုင်ရာ ကုထုံးများအတွက် အသုံးတည့်ပြီးအလှကုန် ပစ္စည်းများတွင်အသုံးပြုရန် အကောင်းဆုံး သဘာဝပစ္စည်း ဖြစ်ပါတယ်။ ဝက်ခြံ၊ တင်းတိပ်ပျောက်၍ ဆီး၊ ဝမ်း၊သွေး၊ လေ မှန်စေပြီး ကျန်းမာစေသည်။ အမိုက်နိုအက်စစ်၊ အဆီဓာတ်၊ သက်စောင့်ဓာတ် နှင့် ကိုယ်ခံအားကောင်းစေပြီး နှလုံးကိုကောင်းမွန်စေကာ အဆိပ်အတောက်ကိုပြေစေသည့် အစွမ်းသတ္တိ များရှိပါတယ်။
ရာသီဥတု လိုအပ်ချက်
အခြေခံအားဖြင့် နွေးသမပိုင်းဇုံကို ကြိုက်နှစ်သက်သည်။ သို့သော်ရာသီဥတု အခြေအနေ အမျိုးမျိုးတွင် စိုက်ပျိုးနိုင်သည်။ အကောင်းဆုံး ေသော စိုက်ပျိုးနိုင်သည့် ရာသီဥတုအခြေအနေမှာ မိုးရေချိန်နည်းပြီး ခြောက်သွေ့၍ပူနွေးစိုစွတ်သော အခြအနေမျိုးဖြစ်သည်။ ဆီးနှင်းဒဏ်နှင့် အေးမြသောရာသီဥတုကို ခံနိုင်ရည်မရှိပါ။
မြေဆီလွှာ အခြေအနေ
သဲဆန်သောမြေမှသည် နူံးမြေအမျိုးအစားထိမြေအမျိုးအစား အများအပြားတွင် စိုက်ပျိုး ဖြစ်ထွန်း နိုင်သည်။ သို့သော် အကောင်းဆုံးသော မြေအမျိုးအစားမှာ သဲဆန်သောမြေ ဖြစ်သည်။ ရေဝပ်ခြင်းကိုမကြိုက်သောအပင် အမျိုးအစားဖြစ်၍ ရေသွင်းရေထုတ်ကောင်းမွန်သော မြေကိုသာရွေးချယ်စိုက်ပိုးရပါတယ်။ မြေချဉ်ငန်ဓာတ် ၈.၅ အထိ ကောင်းစွာရှင်သန် ဖြစ်ထွန်းနိုင်ပြီးတော့ ဝါစိုက်မြေများတွင် ကောင်းစွာဖြစ်ထွန်းကာ ဆားပေါက်မြေတွင်လည်း ဖြစ်ထွန်းနိုင်ပါတယ်။ရှားစောင်းလက်ပက်အပင်များကို မည်သို့သော စိုက်ပျိုးခြင်းများပြုလုပ်ပါသနည်း။
ပင်ပိုင်းဖြတ်၍ စိုက်ပျိုးခြင်း
ရှားစောင်းလက်ပက်သည် မြစ်ပိုင်းများဖြင့် မျိုးပွားနိုင်သည်။ ပင်မအမြစ်ကြီးကို မထိခိုက်အောင်ဂရုစိုက်၍ အမြစ်အတက်သေးများကို ဖဲ့ယူပြီးအပင်သစ် စိုက်ပျိုးနိုင်သည်။ အမြစ်တက်များကိုလက်ညှိုးတစ်ချောင်း အရှည်ခန့်ဖြတ်၍အဆစ် နှစ်ခုမှ သုံးခုထိဖြတ်၍ အပင်သစ်များထပ်မံ စိုက်ပျိုးနိုင်သည်။ ပျိုးခင်းအတွက် သဲဆန်သောမြေကို အသုံးပြုနိုင်သည်။ အမြစ်ပိုင်းမှအတက်လေးများ ထွက်လာပါက စိုက်ခင်းအတွင်းသို့ ပြန်ရွေ့စိုက်ပါ။ ပျိုးခင်းတစ်ဧကအတွက် အမြစ်အတက်ပေါင်း တစ်သောင်းခွဲခန့်ကို ပုံမှန်အားဖြင့်လိုအပ်ပါတယ်။
မြေပြင်ခြင်း
မြေကိုအတတ်နိုင်ဆုံး ဖွ၍မွအောင်ထားနိုင်လေအပင် ပိုမိုကောင်းလေဖြစ်သည်။ ကောင်းစွာဆွေးမြေ့သည့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းနှင့်သဘာဝမြေဆွေးကို တစ်ဧကလျှင် နွားလှည်းဆယ့်ငါးစီးမှနှစ်ဆယ်ထိ ထည့်သွင်းသင့်သည်။ လက်တစ်မိုက် အကွာရှိမြောင်းများဖော်၍ အမြစ်ပိုင်းများကို တစ်ခုနှင့်တစ်ခုတစ်မိုက်စီခွာ၍ စိုက်နိုင်ပါတယ်။ တစ်ဧကတွင် အပင်တသောင်းခွဲမှ နှစ်သောင်းအထိ ဆန့်ဝင်ပြီး အပင်ကြီးထွားမှု့ကောင်းမွန်ပါက ပင်ကြား တန်းကြားကို ၁၆လက်မ × ၁၈ လက်မ သို့မဟုတ် ၂၄လက်မ × ၁၂ လက်မ အကွာအဝေး ရရှိအောင် ထားသင့်ပါတယ်။
ရေသွင်းခြင်း
ရှားစောင်းလက်ပက်ကို မိုးအားကိုး၍ စိုက်ရသောဒေသတွင် ရေသွင်း၍လည်း စိုက်ပျိုးနိုင်သည်။ ရေသွင်းခြင်းကို အမြစ်ပိုင်းချစိုက် စိုက်ပြီးခြင်း ပြုလုပ်ရန် လိုအပ်သည်။ ပူပြင်း၍ခြောက်သွေ့သော ဒေသတွင်းမှနှစ်ကြိမ်ထိ ရေသွင်းပေးသင့်သည်။ မိုးရာသီတွင်မိုးရေဝပ်ခြင်း၊ ရေတိုက်စားခြင်းများ ဖြစ်ပေါ်နိုင်၍ပိုမို ရေသွင်းရေထုတ်ပြုလုပ်မည့် ကြိမ်ရေကို ဂရုတစိုက် ပြုလုပ်ပေးသင့်သည်။
ပေါင်းနှိမ်ခြင်း
မြေဘောင်တင်ခြင်းကို ပြုလုပ်သင့်သည်။ ပေါင်းနှိမ်ခြင်းကိုလဲ အချိန်အပိုင်းအခြား ထား၍ဘောင်တင်ခြင်းနှင့်အတူ ပြုလုပ်သင့်သည်။
မြေဆီသြဇာကျွေးခြင်း
နှစ်စဉ်နှစ်တိုင်းကောင်းစွာဆွေးမြေ့သည့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းနှင့် သဘာဝမြေဆွေးကို တစ်ဧကလျှင် နွားလှည်းဆယ့်ငါးစီးမှ နှစ်ဆယ်ထိထည့်သွင်းသင့်သည်။ ဓာတုမြေသြဇာ သုံးစွဲလိုပါက နိုက်ထရိုဂျင်၊ တီစူပါ၊ ပိုတက် (NPK)ကို တစ်မျိုးလျှင် ၁၂ ပိဿခန့် အသုံးပြုနိုင်ပါတယ်။
ပိုးမွှားနှင့် ရောဂါ
သံချေးမှို၊ ပင်စည်ပုပ်နှင့် ဘတ်တီးရီးယားပျော့ပုပ်များအဖြစ်များသည်။
ရိတ်သိမ်းခူးဖြတ်ခြင်း
စိုက်ပြီး နောက်တစ်နှစ်တွင်အရွက်ဖြတ်နိုင်ပြီဖြစ်သည်။ တစ်ပင်တွင် အရင့်ဆုံးအရွက် သုံးခုမှလေးခုအထိ ဖြတ်ယူနိုင်သည်။ မနက်ခင်း သို့မဟုတ် ညနေခင်းတွင် ဖြတ်ယူခြင်းကို ပြုလုပ်သင့်သည်။ တစ်နှစ်လျှင် သုံးကြိမ် ရိတ်သိမ်းဖြတ်ယူ နိုင်သည်။ လုပ်သားကုန်ကျ စားရိတ် အနဲဆုံးသော သီးနှံလည်း ဖြစ်သည်။ ငါးနှစ်လျှင်တစ်ကြိမ် အသစ်ပြန်လည် စိုက်ပျိုးသင့်သည်။ ဘေးတက်မှထွက်သော အမြစ်ပိုင်းများကိုလည်း ပြန်လည်စိုက်ပျိုးနိုင်သည်။
ရိတ်သိမ်းချိန်လွန် ပြုလုပ်သင့်သည့်အချက်များ
အရွက်များ ရိတ်သိမ်းဖြတ်ပြီးပါက အရွက်များ ခြောက်သွေ့ မသွားအောင် ဂရုတစိုက် ထိန်းသိမ်းသင့်သည်။ စိုက်ကွင်းထဲတွင် ဖြတ်ပြီးသွားသော ရှားစောင်းလက်ပပ် ရွက်များ ခြောက်သွေ့ မသွားအောင်လည်း ဂရုစိုက်၍ သယ်ယူသင့်သည်။ ဖြတ်ထားသော အရွက်၏ဖြတ်ရာမှမှိုများ မလိုက်လာအောင်လဲခြောက်သွေ့၍ အေးမြသောနေရာတွင် ထားပါ။ ကွန်ကရစ်ကြမ်းပြင်ပေါ်တွင် သိုလှောင်သိမ်းဆည်းပါ။
စိုက်ပြီး ဒုတိယနှစ်မှ ငါးနှစ်တိုင်တိုင် ခူးဆွတ်ရိတ်သိမ် နိုင်သည်။ ပုံမှန်အားဖြင့် တစ်ဧကတွင်အထွက်နှူန်းသည် အရွက်ထူ ၉၀၀၀- ၁၁၀၀၀ကြား ဝန်းကျင် ရှိသည်။ လူသုံး ဆေးကုမ္ပဏီ နှင့် အလှကုန်ပစ္စည်း ကုမ္ပဏီ များတွင် ပို့နိုင်သည်။ နိုင်ငံတကာ ဈေးးကွက် တစ်ခုအဖြစ် တည်ရှိနေသော သီးနှံတစ်မျိုး ဖြစ်သည်။ မိုးနဲဒေသများနှင့် ပူပြင်း ခြောက်သွေ့သော ဒေသတွင် တစ်ကြိမ်သာ စိုက်ရန်လိုအပ်ပြီး ငါးနှစ်တိုင်တိုင် ခူးဆွတ် နိုင်သောကြောင့် လွန်စွာ အဆင်ပြေသော သီးနှံဖြစ်သည်။
ရှားစောင်းမျိုးတွင် ပုံသဏ္ဌာန်နှင့် အရွယ်အမျိုးမျိုး ရှိသည့်အတိုင်း အချို့ရှားစောင်းမျိုးသည် နိမ့်၍ အားနည်းသည့်ချုံများသာ ဖြစ်ကြသည်။ အချို့ ရှားစောင်းမျိုးသည် စပျစ်ပင်ကဲ့သို့ ပေါက်ပြီးလျှင်အမြစ်များကို အပြင်သို့ ဖော်ထုတ်ထားကြသည်။ အချို့သည်ဖြောင့်မတ်စွာပေါက်ကြ၍ အချို့ကသစ်ပင်ကြီး များကဲ့သို့ပင်ကြီးထွားကြသည်။ ရှားစောင်းမျိုး၌ အကြီးဆုံးသည်စီးရီးယပ်မျိုးစု၌ ပါဝင်သည်။ ဆက်ရိုးခေါ် ရှားစောင်းကြီးမျိုးသည်ထိုအုပ်စု၌ ပါဝင်၏။ အယ်ရီဇိုးနားပြည်နယ်နေ တိုင်းရင်းသားများသည် ထိုရှားစောင်းကြီးမျိုး၏ သွေ့ခြောက်နေသော အသားများသည့်အကိုင်းများကို ထင်းအဖြစ် အသုံးပြုကြပြီးလျှင် သူတို့နေထိုင်သည့် အိမ်များကိုလည်း ထိုအကိုင်းများနှင့်ပင်ဆောက်လုပ်ကြသည်။ အဆိုပါ ရှားစောင်းကြီးမျိုး၏ အသီးများသည် ဇွန်နှင့် ဇူလိုင်လများတွင် အစိမ်းလိုက် ဖြစ်စေ၊ အခြောက်လှန်း၍ဖြစ်စေ စားကြသည်။ ထိုရှားစောင်းကြီးမျိုးသည် ပေ ၄ဝ မှ ၅ဝ ထိ ကြီးထွားကြပြီးလျှင်ခံ့ညားသည့်အပွင့်များ ပွင့်ကြလေသည်။
ပူသည့်ဒေသများတွင် ပေါက်ရောက်သောအပင်များကို စိုက်ပျိုးနိုင်ရန် အပူခံထားသည့် ဖန်အိမ်များတွင် စိုက်ပျိုးသည့် လှပသော ရှားစောင်းမျိုး အမြောက်အမြားသည်လည်း စီးရီးယပ် အုပ်စုဝင်များ ဖြစ်ကြသည်။ ထိုအပင်များအနက် ညဉ့်ဘက်တွင် ပွင့်သော စီးရီးယပ်ပင်မျိုးသည် ညဉ့်အခါ၌ ကြီးမား၍ လှပသော ပန်းပွင့်ဖြူကြီးများကို ပွင့်ကြ၏။ သို့သော် ထိုပန်းပွင့်ကြီးများသည် နေရောင်ရောက်ချိန်လောက်တွင် ညိုးနွမ်း၍ သွားကြလေသည်။
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ
သင်မသိသေးတဲ့ အိမ်သုံးဆားရဲ့အခြားအသုံးဝင်မှုများ
အိပ်ယာအသုံးအဆောင်တွေ မကြာခဏလျှော်ဖို့ ဘာကြောင့်အရေးကြီးတာလဲ
အသက်ရှည်ချင်ရင် အိမ်မှာ ဒီအပင်တွေကို စိုက်ပါ
အိမ်မှာထားရင် ကံကောင်းခြင်းတွေရောက်လာစေတဲ့ ပစ္စည်းများ
Written By : Khine Zar (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties