By Aye Sandar, Shweproperty.com
Updated at 26 January 2021
မိမိဝယ်ယူရမည့် မြေအမျိုးအစားကို မြေပုံမှာပါတဲ့ သင်္ကေတကိုကြည့်ရုံနဲ့ အကြမ်းဖျင်းခွဲခြား သိရှိနိုင်ပါသည်။ ဉပမာ အက္ခရာသင်္ကေတနဲ့ ဆွဲသားထားသောအရောင်ပေါ် အခြေခံ၍ မြေပြန့်မြေလား၊ ကုန်းကျလား၊ မြောင်းဘေးတဝိုက်လား၊ ဆည်ရေသောက်မြေလား၊ မြစ်ရေဝင်လား၊ သုဿာန်အရပ်နဲ့ နီးလား ... အစရှိသဖြင့် ခွဲခြားသိနိုင်သေးသည်။ မြေအမျိုးအစား ခွဲခြားနည်းမှာ - ၁။ မိုးကောင်းလယ်မြေ၊ သာမန်လယ်မြေဆိုရင် R/ P/ M သင်္ကေတနဲ့ ပြသပြီး၊ ပထမတန်းစားဆိုရင် R1၊ ဒုတိယတန်းစား R2၊ တစ်ဧကအထွက်နှုန်း တင်း ၃၀ အောက်ဆိုရင် တတိယတန်းစား R3၊ တစ်ဧကအထွက်နှုန်း တင်း ၂၀ အထက်အောက်ဆိုရင် စတုတ္ထတန်းစား R4 နဲ့ ပြကြပါသည်။ ၂။ အစိုးရဆည်ရေ သောက်လယ်မြေဆိုရင် RG ၃။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP ၄။ ကန်ရေသောက်မူရင်းလယ်ဆိုရင် TM ၅။ မူရင်းလယ်မြေဆိုရင် M/ MY ၆။ ချောင်းရေဝင် မြေဆိုရင် C ၇။ ယာမြေဆိုရင် Y ၈။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR ၉။ တောင်ယာမြေဆိုရင် TY/ YY ၁၀။ ကိုင်းမြေဆိုရင် K/ KA/ KY ၁၁။ ကိုင်းမြေရင့်ဆိုရင် KY ၁၂။ ဉယျာဉ်ခြံမြေဆိုရင် G/ U ၁၃။ ဓနိမြေဆိုရင် D ၁၄။ အပိုင်ရမြေ O ၁၅။ အပိုင် ဂရန်မြေ G ၁၆။ အငှားဂရန်မြေ L ဟူ၍ ခွဲခြားပြထားသည်။ ဆက်လက်ပြီး ဂရန်မြေ၊ ဘိုးဘွားပိုင်မြေ၊ အစိုးရမြေတို့ရဲ့ သင်္ကေတနဲ့ အရောင်များအကြောင်းကိုလည်း ပြောပြပေးသွားပါမည်။ - ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ ပြပြီး မြေပုံကို အနီရောင်နဲ့ ဆွဲသားထားသည်။ - ဘိုးဘွားပိုင်မြေဆိုရင် သင်္ကေတ B နဲ့ ပြပြီး မြေပုံအရောင်မှာတော့ အပြာရောင်နဲ့ဆွဲထားသည်။ - အစိုးရမြေများကိုတော့ သင်္ကေတအားဖြင့် Aနဲ့ ပြပြီး အရောင်အားဖြင့် ခရမ်းရောင်ဖြစ်ပါတယ်။ - ရွာမြေကိုတော့ လိမ္မော်ရောင်နဲ့ ဆွဲသားပြီး၊ သာ့သနာမြေအရောင်မှာတော့ အစိမ်းရောင်နဲ့ မှတ်သားထားရှိသည်။ ( အထက်ပါအချက်အလက်များကို ဗဟုသုတဖြစ်စေရန် မျှဝေဖော်ပြထားခြင်းဖြစ်ပါသည်။) ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ အိမ် နဲ့ မြေကွက်များ ရက်ပိုင်းတွင်း အမြန်ဆုံး ရောင်းထွက်နည်း ပါမစ်မြေကွက်ပေါ်တွင် နှစ်ချုပ်ဖြင့် ငှားရမ်းနေထိုင်ရန် သင့်မသင့် ပါမစ်(PERMIT) ဖြင့်ချထားပေးသော မြေကွက်ကို ဝယ်ရာတွင် သတိပြုသင့်သောကိစ္စရပ်များ Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties