မန္တလေးမြို့တွင် ကျပ်(၅၀၀) ဘီလီယံရင်းနှီးမြုပ်နှံမှုဖြင့် မြေဧက (၂၅၀၀)တွင် အမရပူရမြို့သစ်စီမံကိန်းကို ၂၀၁၇ ခုနှစ် အောက်တိုဘာတွင် Mandalay Business Capital City Development Ltd မှ စီမံကိန်းကာလကို (၁၀)နှစ် သတ်မှတ်ကာစတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်းသိရှိရသည်။
"Mandalay Business Capital City Development Ltd,.ကုမ္ပဏီကိုပိုင်တာကတော့ မြန်မာနိင်ငံသားတစ်ဦးတည်းပိုင် ကုမ္ပဏီဖြစ်ပါတယ်။ အမရပူရမြို့သစ် စီမံကိန်းကြီးအတွက် သဘာဝပတ်ဝန်းကျင် သက်ရောက်မှုစစ် တမ်း EIA / SIA Report ကို နိုငံတကာအသိအမှတ်ပြုတဲ့ ပြည်တွင်းပညာရှင် ဒေါက်တာဝင်းမောင်နဲ့ အဖွဲ့ကဧရာဝတီမြစ်ရဲ့ အခြေအနေနဲ့ တိုင်းထွာရေးလုပ်ငန်းကိုတော့ နယ်သာလန်နိုင်ငံမှ Dr. KeesSloft ၏ Delraresအဖွဲ့မှ ပညာရှင်များနဲ့ ဧရာဝတီမြစ်ကြောင်းဆိုင်ရာ River Model တစ်ခုကိုဆောင်ရွက်ခဲ့တယ်။ ငလျင်တိုင်းထွာစစ်ဆေးမှုကိုလည်း ပြည်ပပညာရှင်များကိုယ်တိုင် ဆောင်ရွက်ထားပါတယ်။" ဟု Mandalay Business Capital City Development Ltd မှ ပြန်ကြားရေးတာဝန်ခံဦးဇော်ရဲဝင်းကပြောသည်။