By Myanmar Builders Guide, Shweproperty.com
Updated at 30 October 2019
#Unicode
ထိုင်းနိုင်ငံအခြေစိုက် Amata ကော်ပိုရေးရှင်းကို ဒေါ်လာသန်း ၃၀၀ တန် Smart and Eco City တည်ဆောက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အောက်တိုဘာ ၂၁ရက်စွဲဖြင့် ခွင့်ပြုခဲ့သည်။အဆိုပါစီမံကိန်းသည် ဒဂုံ မြို့သစ် (အရှေ့ပိုင်း)နှင့် ဒဂုံမြို့ သစ် (တောင်ပိုင်း) မြို့နယ်တို့မှ လေးထောင့်ကန်ကျေးရွာရှိ မြေ ဧက ၂,၀၀၀ တွင် တည်ဆောက် ရန် စီစဉ်ထားခြင်းဖြစ်သည်။
စီမံကိန်း၏ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ထိုင်း Amata ကော် ပိုရေးရှင်းက ပိုင်ဆိုင်ပြီး ကျန်ရှယ် ယာများကို ဆောက်လုပ်ရေးဝန် ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနက ပိုင်ဆိုင်မည်ဖြစ်သည်။
အဆိုပါစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ အခြေစိုက် Amata ကော်ပိုရေး ရှင်းတို့ အကျိုးတူပူးပေါင်းဆောင် ရွက်ခြင်းဖြစ်ပြီး ဩဂုတ် ၂၂ ရက်ကမူဘောင်သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
စီမံကိန်းတစ်ခုလုံးသည် ဒေါ်လာတစ်ဘီလီယံ ကုန်ကျမည် ဖြစ်ပြီး ပထမအဆင့် ဧက ၂,၀၀၀ တွင် လူနေအိမ်ရာများ၊ ရုံးခန်း များနှင့် စက်မှုဇုန်မြေယာများ ပါဝင်မည်ဟု ကော်ပိုရေးရှင်းကဆိုထားသည်။Amata ကော်ပိုရေးရှင်း သည် စက်မှုဇုန်မြေ အကောင်အ ထည်ဖော်ရေးနှင့် အိမ်ရာလုပ်ငန်း များ ဆောင်ရွက်နေသည့် ကုမ္ပဏီ တစ်ခုဖြစ်သည်။
အဓိကအားဖြင့် မြို့ပြတည် ဆောက်ခြင်း၊ စက်မှုဇုန်အကောင် အထည်ဖော်ခြင်း၊ အခြေခံ အ ဆောက်အအုံ တည်ဆောက်ခြင်း နှင့် စီမံခန့်ခွဲခြင်းများကို ဆောင် ရွက်နေသည်။လက်ရှိတွင် ထိုင်းနိုင်ငံ ဘန် ကောက်၌ အခြေစိုက်ပြီး ၁၉၈၉ တွင် တည်ထောင်ခဲ့သည်။ ထိုင်းနိုင်ငံအပြင် ဗီယက်နမ်နိုင်ငံတွင် လည်း ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်း များ လုပ်ကိုင်နေသည်။
#Zawgyi
ထိုင္းႏိုင္ငံအေျခစိုက္ Amata ေကာ္ပိုေရးရွင္းကို ေဒၚလာသန္း ၃၀၀ တန္ Smart and Eco City တည္ေဆာက္ရန္ ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က ေအာက္တိုဘာ ၂၁ရက္စြဲျဖင့္ ခြင့္ျပဳခဲ့သည္။အဆိုပါစီမံကိန္းသည္ ဒဂုံ ၿမိဳ႕သစ္ (အေရွ႕ပိုင္း)ႏွင့္ ဒဂုံၿမိဳ႕ သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္တို႔မွ ေလးေထာင့္ကန္ေက်း႐ြာရွိ ေျမ ဧက ၂,၀၀၀ တြင္ တည္ေဆာက္ ရန္ စီစဥ္ထားျခင္းျဖစ္သည္။
စီမံကိန္း၏ ရွယ္ယာ ၈၀ ရာခိုင္ႏႈန္းကို ထိုင္း Amata ေကာ္ ပိုေရးရွင္းက ပိုင္ဆိုင္ၿပီး က်န္ရွယ္ ယာမ်ားကို ေဆာက္လုပ္ေရးဝန္ ႀကီးဌာန၊ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳး ေရးဦးစီးဌာနက ပိုင္ဆိုင္မည္ျဖစ္သည္။
အဆိုပါစီမံကိန္းကို ေဆာက္လုပ္ေရးဝန္ႀကီးဌာနႏွင့္ ထိုင္းႏိုင္ငံ အေျခစိုက္ Amata ေကာ္ပိုေရး ရွင္းတို႔ အက်ိဳးတူပူးေပါင္းေဆာင္ ႐ြက္ျခင္းျဖစ္ၿပီး ဩဂုတ္ ၂၂ ရက္ကမူေဘာင္သေဘာတူလက္မွတ္ေရးထိုးခဲ့သည္။
စီမံကိန္းတစ္ခုလုံးသည္ ေဒၚလာတစ္ဘီလီယံ ကုန္က်မည္ ျဖစ္ၿပီး ပထမအဆင့္ ဧက ၂,၀၀၀ တြင္ လူေနအိမ္ရာမ်ား၊ ႐ုံးခန္း မ်ားႏွင့္ စက္မႈဇုန္ေျမယာမ်ား ပါဝင္မည္ဟု ေကာ္ပိုေရးရွင္းကဆိုထားသည္။Amata ေကာ္ပိုေရးရွင္း သည္ စက္မႈဇုန္ေျမ အေကာင္အ ထည္ေဖာ္ေရးႏွင့္ အိမ္ရာလုပ္ငန္း မ်ား ေဆာင္႐ြက္ေနသည့္ ကုမၸဏီ တစ္ခုျဖစ္သည္။
အဓိကအားျဖင့္ ၿမိဳ႕ျပတည္ ေဆာက္ျခင္း၊ စက္မႈဇုန္အေကာင္ အထည္ေဖာ္ျခင္း၊ အေျခခံ အ ေဆာက္အအုံ တည္ေဆာက္ျခင္း ႏွင့္ စီမံခန႔္ခြဲျခင္းမ်ားကို ေဆာင္ ႐ြက္ေနသည္။လက္ရွိတြင္ ထိုင္းႏိုင္ငံ ဘန္ ေကာက္၌ အေျခစိုက္ၿပီး ၁၉၈၉ တြင္ တည္ေထာင္ခဲ့သည္။ ထိုင္းႏိုင္ငံအျပင္ ဗီယက္နမ္ႏိုင္ငံတြင္ လည္း ရင္းႏွီးျမႇဳပ္ႏွံၿပီး လုပ္ငန္း မ်ား လုပ္ကိုင္ေနသည္။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties