By Thit Htoo Lwin, Shweproperty.com
Updated at 22 September 2015
ကျွန်တော်တို့ဟာ မကြာခင်မှာ ရွေ့လျားနိုင်တဲ့မြို့တွေကို မြင်တွေ့ရဖို့ရှိပါတယ်။
စပိန်နိုင်ငံ၊မက်ဒရစ်မြို့က ဗိသုကာကျောင်းသား Manuel Dominguez ဟာ တစ်နေရာကနေ တစ်နေရာကနေ ရွေ့လျားသွားလာနိုင်မယ့် မြို့တစ်မြို့ကို ဒီဇိုင်းရေးဆွဲခဲ့ပါတယ်။
သူ့ရဲ့ မြို့တော်ဒီဇိုင်းမှာ တင့်ကားတွေ ရွေ့လျားသွားလာတဲ့အခါအသုံးပြုတဲ့ ချိန်းကြိုးတွေကို ထည့်သွင်းအသုံးပြုထားတာ ဖြစ်ပါတယ်။
ဒီမြို့ဟာ ကောင်းကျိုးအများအပြားကို ဆောင်ကျဉ်းပေးနိုင်မှာဖြစ်တယ်လို့Dominguez က ဆိုပါတယ်။
“ ကျေးလက်နဲ့မြို့ပြက လူဦးရေကို ဟန်ချက်ညီအောင် ထိန်းညှိပေးနိုင်သလို၊ သဘာဝပတ်ဝန်းကျင် ပြန်လည်ထိန်းသိမ်းပေးမယ့်အပြင် အလုပ်အကိုင်အသစ်တွေကိုပါ ပေးစွမ်းသွားနိုင်မှာပါ” လို့Dominguez က ပြောကြားပါတယ်။
ယခုဒီဇိုင်းကို ‘Very Large Structre’ လို့အမည်ပေးထားပြီး မြို့ခံတွေအတွက် အတောမသတ်တဲ့အလုပ်အကိုင်အသစ်တွေ ဖန်တီးပေးနိုင်ဖို့မြို့က ရွေ့လျားပေးသွားနိုင်မှာဖြစ်ပါတယ်။ ကျေးလက်နဲ့မြို့ပြ လူဦးရေတွေကို ပြန်လည်ချိတ်ဆက်ပေးဖို့အတွက် အထောက်အကူပြုနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။
ဒီ ရွေ့လျားမြို့တော်မှာ သာမန်မြို့တွေလိုပဲ အားကစားဆိုင်ရာအဆောက်အဦးတွေ၊ စားသောက်ဆိုင်တွေ၊ တက္ကသိုလ်တွေ၊ ဆေးရုံတွေနဲ့စာကြည့်တိုက်တွေ ပါဝင်မှာဖြစ်ပါတယ်။ လေအားလျှပ်စစ်တာဘိုင်တွေ၊ ဆိုလာပြားတွေနဲ့ဟိုက်ဒရိုဂျင် ဓာတ်အားပေးစက်ရုံတွေကနေရရှိတဲ့ သန့်ရှင်းတဲ့ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုထားတယ်လို့ဆိုပါတယ်။
Ref : Thit Htoo Lwin
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties