By Ra Wai, Shweproperty.com
Updated at 10 January 2022
ယခုအခါ အိမ်ငှားနယ်ပယ်တွင် စပေါ်စနစ်သည် တစ်စတစ်စ လျော့ပါးသွားပြီး နှစ်ချုပ်စနစ်သည် ကျယ်ပြန့်စွာ နေရာယူလာသည်ကို တွေ့ရသည်။ ယခင်ကဆိုလျင် အိမ်ကောင်းလျှင် ကောင်းသလောက် အိမ်ညံ့လျှင် ညံ့သလို စပေါ်ငွေများကိုခွဲခြား၍ ယူတတ် ကြပါသည်။ငှားရမ်းခမှာလည်း အိမ်အခြေအနေ ရပ်ကွက်အခြေအနေအလိုက် ကွဲပြားပါသည် ယခုအခါ မြို့ပြ တိုက်ခန်းများ တိုးတက်များပြားလာပြီး တိုက်ခန်းများငှားရမ်းရာတွင် စပေါ်ဖြင့် ငှားရမ်းမှုသည် သိသိသာသာ လျော့ပါးသွားသည်ကို တွေ့ရပါသည်။ တစ်လလျှင် ၅၀၀၀ ၊ ၁၀၀၀၀ ကျပ်စသည်ဖြင့် တစ်နှစ်အတွက် ငှားရမ်းခ တစ်ကြိမ်တည်း ကြိုတင် ရယူကာ တစ်နှစ်သက်တမ်း (ချုပ် ) ငှားရမ်းလာကြသည်ကို တွေ့ရပါသည်။ စပေါ်စနစ်နှင့် နှစ်ချုပ်စနစ်၏ ခြားနားခြင်းများအနက် တစ်ရပ်ကို တင်ပြပါမည်။ စပေါ်နစ်သည် အစဉ်အလာ အားဖြင့် ငှားရမ်း ကာလ သတ်မှတ်ချက်မရှိဟု ဆိုရပါသည်။ စပေါ်ယူ၍ ငှားရမ်းသောစာချုပ်များတွင် ငှားရမ်းမှု ကို ရပ်ဆိုင်းခြင်းကိစ္စနှင့် ပတ်သတ်၍ “အိမ်ရှင်ကသော်လည်းကောင်း အိမ်ငှားကသော်လည်းကောင်း မထားလို မနေလိုပါက တစ်လ သို့ နှစ်လ ကြိုတင်အကြောင်းကြားရမည် ဖြစ်သည်” ဟူ၍ ထည့်သွင်း ချုပ်ဆိုတတ်ကြ သည်။ သို့ဖြစ်ရာ မထားလိုသူ မနေလိုသဘက်က သတ်မှတ်အချက်အတိုင်းကြိူတင် အကြောင်းမကြားမချင်း ငှားရမ်းမှုမှာ တည်ရှိနေသည်ဟု မှတ်ယူစရာဖြစ်ပါသည်။ တစ်နည်းဆိုသော ငှားရမ်းမှု ရပ်ဆိုင်ခြင်း ကို အိမ်ရှင် ဘက် နှင့် အိမ်ငှားဘက် နှစ်ဘက်စလုံးကို အခွင့်အရေးပေးခြင်း ဖြစ်သည်။ နှစ်ချုပ်ငှားရမ်းမူစာချုပ်မှာ မူ “မထားလို မနေလိုက ကြိုအကြောင်း ကြားရန်” ကိစ္စပါရှိရန်မလိုဘဲ စတင်ငှား ရမ်းသည့်အချိန်မှ အစပြု၍တစ်နှစ် တိတိ ငှားရမ်းခြင်းဖြစ်ရာ တစ်နှစ်သက်တမ်းပြည့်သည်နှင့် စာချုပ်သက် တမ်း လည်းစေ့ ငှားရမ်းခြင်းလည်း ဆုံးခန်းတိုင် ရောက်ပါသည်။ သို့သော် အချို့သော နှစ်ချုပ်ငှားရမ်းမှု စာချုပ်အချို့တွင် အောက်ပါ စာပိုဒ်ကို မလိုအပ်ပဲ ထည့်သွင်းချုပ်ဆိုကြ သည်ကို တွေ့ရသည်။ “အိမ်ရှင်ကသော်လည်းကောင်း အိမ်ငှားကသော်လည်းကောင်း မထားလို မနေလိုက တစ်လ (သို့) နှစ်လ ကြိုတင်၍ အကြောင်းကြားရမည်” ဆိုသည့် အချက်ဖြစ်ပါသည်။ စင်စစ် နှစ်ချုပ်ငှားရမ်းမှု စာချုပ်အရ သက်တမ်းတစ်နှစ်ပြည့်သည်နှင့် ကြိုတင်အကြောင်းကြားရန် မလိုလဲ အလိုအလျောက် စာချုပ်သက်တမ်းကုန်ဆုံးပါသည်။ငှားရမ်းမှုမှာလည်း ဆုံးခန်းသို့ရောက်ပါသည်။ သို့သော် ဖော်ပြပါ အချက်ကို နှစ်ချုပ်ငှားရမ်းမှုစာချုပ်တွင် ထည့်သွင်းချုပ်ဆိုလိုက်သောအခါ တစ်နှစ်သက်တမ်းပြည့်သ ည်ပင်ဖြစ်သော်လည်း နှစ်လ ကြိုတင်အကြောင်းကြားခြင်း မရှိက စာချုပ်သက်တမ်း မကုန်ဆုံးသေးသည့် သဘော ငှားရမ်းမှု ဆုံးခန်းမတိုင်သေးသည့် သဘောဖြစ်သွားပါသည်။ ထို့ပြင် အငြင်းပွားစရာများ ပေါ်ပေါက်တတ်ပါသည်။ နှစ်ချုပ်ငှားရမ်းမှုစာချုပ်သက်တမ်းကုန်ဆုံးသောရက်သည် ငှားရမ်းမှု ဆုံးခန်း တိုင်သောရက် ဖြစ်သလော သို့မဟုတ် သုံးလသာ နေထိုင်ပြီး မထားလိုတော့သဖြင့် ကြိုတင် ၂လ အကြောင်းကြားသော ရက်စေ့ရောက်ချိန်သည် ငှားရမ်းမှု ဆုံးခန်းတိုင်သောရက်ဖြစ်သလော သို့မဟုတ် ၁နှစ်ကျော်ပြီး နောက်တွင် ၂လကြိုတင် အကြောင်းကြားရာ အဆိုပါ အကြောင်းကြားသော ၂ လ ပြည့်သော နေ့သည်ပင် ငှားရမ်းမှု ဆုံးခန်းတိုင်သောရက်ဖြစ်သလော ဆိုသည့် အငြင်းပွားစရာများဖြစ်ပါသည်။ ထိုသို့အရှုတ်ထွေးမှုများ အငြင်းပွားစရာများ မဖြစ်စေရန် နှစ်ချုပ် ငှားရမ်းသောစာချုပ်တွင် “မထားလို မနေလိုက နှစ်လကြိုတင်အကြောင်းကြား ရမည်”ဆိုသော မဆီမဆိုင် ကိစ္စများ ထည့်သွင်း မချုပ်ဆိုမိကြဖို့ အရေးကြီး ကြောင်း အသိပေးဖော်ပြလိုက်ရပါသည်။ ( အညွှန်း - ဦးကျော်ဇေယျ ၊ စာချုပ်ချုပ်မည်ဆိုလျှင် ဆောင်ရန်ရှောင်ရန်များ ၊ စာ ၆၃ ) ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ မြေမဝယ်မှီ သိထားသင့်၊ သိထားထိုက်သော အကြောင်းအရာများ အမွေပုံပစ္စည်းဖြစ်လာတတ်သည့် မိဘများမကွယ်လွန်ခင်ပေးကမ်းခဲ့သော အိမ်နှင့်မြေကိုဝယ်မည်ဆိုလျှင် အပျောက်စနစ်ဖြင့် တိုက်ခန်း ဝယ်မည်ဆိုလျှင် တိုက်ခန်းများအမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ Credit By: DVB LawLab Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties