By Yangon Media Group, Shweproperty.com
Updated at 30 November 2016
ရန်ကုန်ည ဈေးတွင် လိုက်ပါရောင်းချခွင့်မရသော ကျန်ရှိဈေးသည်များအတွက် ညဈေးတစ်ခုထပ်မံဖော်ဆောင်ပေးရန် မြေ နေရာ ရှာဖွေနေကြောင်း သိရသည်။ ညဈေးသစ်တစ်ခုကို ထပ်မံဖော် ဆောင်ရာတွင် စည်ပင် သာယာရေး ကော်မတီတစ်ခုတည်းကသာ စီစဉ် ရခြင်းမျိုးမဟုတ်သည့်အတွက် ထပ်မံဖော် ဆောင်ပေးရန် စီစဉ်နေသည့်ညဈေး နှင့်ပတ်သက်၍ အတိအကျမပြောနိုင် သေးသော်လည်း အတတ်နိုင်ဆုံးနေရာ ရရှိရန် စီစဉ်နေကြောင်း ရန်ကုန်မြို့ တော်စည်ပင်မှ ကော်မတီဝင် (၅)ဖြစ်သူ ဒေါ်သန်းမြင့်အောင်က နိုဝင်ဘာ၂၉ ရက်တွင် ဒီမိုကရေစီသို့ပြောသည်။ " ဈေးတစ်ခုထပ်ဖော်ဆောင်ပေး ဖို့ဆိုတာကတော့ ချက်ချင်းကြီးတော့ မဖြစ်နိုင်ဘူး။ နေရာရှာဖွေရပါဦးမယ်။ ဈေးတစ်ခု ထပ်မရသေးတဲ့ ကာလအတွင်းမှာ ညဈေးမှာ နေရာမရတဲ့ ဈေးသည်တွေကို လမ်းအတွင်း ပိုင်းတွေမှာ ဝင်ရောက်ရောင်းချခွင့်ကို လမ်းတွင်းနေထိုင်သူတွေ ကလည်း ခွင့်ပြု ပေးကြစေလိုတယ်။ အပြောင်းအလဲ ကာလတစ်ခုမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ သင့်တော် မယ့်နေ ရာ တွေ့ခဲ့ရင်လည်း ဈေးသည်တွေအနေနဲ့လာပြီး အကြံ ပေးနိုင်ပါတယ် " ဟု ၎င်းကပြောသည်။ ဒီဇင်ဘာလမှစတင်၍ အဓိက လမ်းမကြီး၁၁လမ်းပေါ် ဈေးရောင်းချ မှုများကိုတွေ့ရှိပါက စည်ပင်သာယာ ဥပဒေအရအရေးယူသွားမည်ဖြစ်သည်။ သစ်သီးနှင့် စားသောက်ဆိုင်မဟုတ်၍ ညဈေးတွင်လိုက်ပါရောင်း ချခွင့်မရရှိသည့် အဝတ်အထည်နှင့် အခြားလူသုံးကုန်ရောင်း ဈေးသည်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ကျန်ခဲ့သည့်သစ်သီးနှင့် စားသောက်ဆိုင်များအတွက် ယင်းညဈေးကဲ့သို့ စနစ်တကျ နေရာချထားပေးစေလို ပြီး ယင်းနေရာမရခင်ကာလအတွင်း လက်ရှိရောင်းချနေကြသည့် နေရာများ၌သာ ဆက်လက်ရောင်းချခွင့်ပေး စေလိုကြောင်း၊ ဆိုင်ခန်းနေရာမရရှိ သည့် ပန်းဘဲတန်းမြို့နယ် လမ်းမတော်တွင် သစ်သီးရောင်းချသူ ဦးသန်းဦး ကပြောသည်။ ညဈေးတွင် ရောင်းချခွင့်မရှိသည့်ဈေးသည်များအနေဖြင့် သင့် တော်ရာလမ်းကြားများ၌ ဝင်ရောက် ရောင်းချရန် အသိပေးထားသော်လည်း ယင်းလေးမြို့နယ်ရှိ လမ်းကြားအချို့ တွင်ဈေးသည်များအား ဝင်ရောက် ရောင်း ချခွင့်မပြုဟူသည့်စာသားများ ချိတ်ထားသည့်အတွက် အခက်အခဲ များစွာဖြစ်ပေါ်နေကြောင်း ၎င်းင်းဈေးသည်များထံမှသိရသည်။ အနော်ရထာလမ်းပေါ်ရှိ ၉၂၅ အရောင်းဆိုင်မှဦးဝင်းနိုင်က "လမ်း ဘေးဈေးသည် ဆိုတာ ပပျောက်လို့ ရတာမဟုတ်ဘူး။ အဲဒီလူတွေကိုမှီခို စားသောက်နေရမယ့် နောက်ကွယ်က မိသားစုတွေ ကျောင်းသားတွေရှိတယ်။ အတွင်းလမ်းတွေ ဝင်ရောင်းမယ်ဆိုရင် လမ်းထဲကလူတွေနဲ့ပြဿ နာတက်မယ် " ဟုပြောသည်။ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာနှင့် လမ်းမတော်မြို့နယ်တို့ရှိ အဓိကလမ်းမကြီးများပေါ်တွင် ဈေးသည်ခြောက် ထောင်ကျော်ရှိသည့် အနက်သစ်သီး နှင့် စားသောက်ဆိုင် တစ်ထောင့် ခြောက် ရာကျော်ကိုသာ ညဈေးတန်း တွင်နေရာပြန် လည်ပေးနိုင်ခဲ့ကြောင်း သိရသည်။
Ref & Photo Credit : Yangon Media Group
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties