By The Kumudra, Shweproperty.com
Updated at 27 April 2016
တိုက်ခန်းနှင့်ကန်ထရိုက်တိုက်တွေအတွက် ပြသာနာအရှုပ်အရှင်းတွေနည်းဖို့ တိုက်ခန်းဥပဒေ (Apartment Law) ထဲမှာ ရပိုင်ခွင့်အခွင့်အရေးတွေ၊ အတိအကျသတ်မှတ်ချက်တွေကို အမျိုးအစာလိုက် သတ်မှတ်ပေးဖို့ လိုအပ်တယ်လို့သိရပါတယ်။
လက်ရှိအချိန်ထိတိုက်ခန်းနှင့်ပတ်သက်ပြီးလွှဲပြောင်းရောင်းတဲ့အခွင့်အရေး ဝယ်သူ၊ ရောင်းသူတွေရဲ့ ပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေးတွေက ဘာလဲဆိုတာမျိုး အတိအကျမရှိတာပါ။ခေတ်စနစ်ပြောင်းလဲမှုတွေအရ တိုက်ခန်းဝယ်ယူမှုပြောင်းလဲမှုတွေအပေါ် မှာ အခွင့်အရေးတွေကို ပြဠာန်းပေးမယ့် ဥပဒေလိုနေတာဖြစ်တယ်လို့အကျိုးဆောင်တချို့နဲ့ ရှေ့နေတချို့ ကပြောပါတယ်။တိကျတဲ့ဥပဒေမရှိတဲ့အတွက် တရားရုံးမှာ ဖြစ်နေတဲ့အမှုတွေမှာ မြေရှင်နဲ့ ကန်ထရိုက်၊ ဝယ်သူနဲ့ မြေရှင်၊ ဝယ်သူနဲ့ ကန်ရိုက် စတဲ့ အရှုပ်အရှင်းတွေများတာပါ။
အထက်တန်းရှေ့နေမသီတာက ' တချို့အမှုတွေမှာဆို တိကျတဲ့ ဥပဒေပြဠာန်းထားမှုမရှိတော့ လိုရာကို ဥပဒေပုဒ်မတွေတပ်ပြီး တရားစွဲဆိုကြတယ်၊ အပျောက်စနစ်နဲ့ရောင်းဝယ်ကြတဲ့အခါ လိမ်လည်မှုတွေရှိလာတယ်၊ ဘယ်လောက်အထိကြုံရလဲဆို အပြင်လူတွေတင် နားမလည်တာ မဟုတ်ဘဲ အမှုစီရင်ဆုံးဖြတ် တဲ့သူတွကိုယ်တိုင် ညွန်ကြားချက်မရသေးလို့ ပါဆိုပြီး ရှောင်လွှဲနေတာတွေရှိတယ်' လို့ဥပဒေမရှိရချင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ပြောပြပါတယ်။
အဓိကကန်ထရိုက်တိုက်ခန်းတွေမှာ ဆောက်လုပ်တာ၊ ရောင်းချတာ၊ ဝယ်ယူတာတွေနဲ့ပတ်သက်ပြီး အတိကျပြဠာန်းထားတဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေကို သတ်မှတ်ပေးထားမှုမရှိတာပါ။စီးပွားရေးနှင့့်ဥပဒေလမ်းညွန် ဦးတင်သန်းဦးက ' ကန်ထရိုက်တိုက်ခန်းတွေရဲ့ ပြသာနာက အရောင်းအဝယ်တွေတင်မကဘူး ဆောက်လုပ်မှုတွေမှာပါ အတိအကျကန့်သတ်မပေးတာ၊ ကန်ထရိုက်ပြသာနာတွေမှာ မြေရှင်တွေက ပြသာနာထဲပါမှာ စိုးလို့ ရှောင်နေတာတွေ၊လူနေခွင့်မကျသေးဘဲ ရောင်းနေတာတွေ၊ တကယ်တော့စာချုပ်စာတမ်းမှာ အားနည်လို့ပါ၊ တိကျတဲ့ ပြဠာန်းထားတာမရှိတော့ လိုရာတွေရေးပြီး ချုပ်ဆိုကြတယ်၊ ဥပဒေက လိုအပ်နေတာပါ ' လို့ပြောပါတယ်။
ဥပဒေထဲမှာ ကွန်ဒိုလည်းမဟုတ်၊ တိုက်ခန်းလည်းမဟုတ်တဲ့ အဆင့်မြင့်အိမ်ရာတိုက်ခန်းတွေအတွက်ပါ ပိုင်ဆိုင်မှုအချိုးအစားနဲ့ ရပိုင်ခွင့် အရေးတွေပါ သင့်တယ်လို့ သူကဆက်ပြောပါတယ်။
ဆောက်လုပ်တဲ့နှစ်ကာလ အတိအကျသက်မှတ်ပြီးမှသာ ရောင်းချခွင့်ပေးတာ၊ ကြိုပွိုင့်နဲ့ဆိုဘယ်လို သက်မှတ်ချက်တွေနဲ့ ရောင်းချခွင့်ရှိတာမျိုးပါ။ တိုက်ခန်းဝယ်ယူတဲ့အခါဝယ်သူက နေထိုင်ခွင့်ကိုပဲဝယ်ယူနေထိုင်တာမျိုးဖြစ်တာကြောင့် ပျက်စီးခဲ့ရင် ဘယ်လိုရပိုင် ခွင့်တွေခံစားခွင့်ရှိတယ်။မြေရှင် ကိုပေးဆောင်ရတဲ့လခတွေကအစ မြေရှင်လက်မှတ်ပါမှ ရောင်းချခွင့်ရှိ့တဲ့အတွက် မြေရှင်ကိုပေးရတဲ့ နှုန်းထားတွေကိုပါအသေးစိတ်တွေ လိုအပ်နေတာလို့ နေထိုင်သူတချို့နဲ့ ရှေ့နေတချို့ထံကသိရပါတယ်။
သင်္ဃန်ကျွန်းမြို့နယ်မှာ တိုက်ခန်းဝယ်ယူထားသူ ဒေါ်သန္တာက 'အရစ်ကျနဲ့ ငွေသွင်းပြီး ဝယ်ထားတာ၊ ကန်ထရိုက်က ဆက်မဆောက်ဘဲ ရှောင်နေတော့ကိုယ်ကဘယ်သူ့ကိုတိုင်ရမလဲမသိဘူးဖြစ်နေတယ်၊ မြေရှင်ကတော့ ကန်ထရိုက်ကို တရားစွဲထားတယ်ဆိုပေမဲ့ ကိုယ်တွေက နစ်နာတယ် ' လို့ပြောပါတယ်။
Ref : The Kumudra
Photo Credit : pbase
Posted By : Htet Mhuu'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties