By The Modern, Shweproperty.com
Updated at 24 July 2015
စင်တင်ဘာလ ၁ရက်နေ.ကစပြီး ကန်ထရိုက်တိုက်တည်ဆောက်ရာမှာဘေးမြေချန်ရတဲ့ မြေအကျယ်ကိုတိုးမြှင့်သတ်မှတ်သွားမယ်လို. ရန်ကုန်မြို.တော်စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာန (အဆောက်အအုံ)က သိရပါတယ်။
ကန်ထရိုက်တိုက် တည်ဆောက်ရင် ချန်ရတဲ့ ဘေးမြေကိုတစ်ဖက် တစ်ပေစီကနေတစ်ဖက်သုံးပေစီနဲ. စုစုပေါင်းခြောက်ပေအထိချန်ရမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို.တော်စည်ပင်သာယာရေး ကော်မတီအင်ဂျင်နီယာဌာန (အဆောက်အအုံ)က တာဝန်ရှိသူတစ်ဦးက ‘နဂိုကတော့ အထပ်မြင့်ဆိုရင် ဘေးတစ်ပေချန်နဲ. ခွင့်ပြုတယ်၊ အဲဒီလိုခွင့်ပြုတဲ့အခါ အထပ်မြင့်ဆောက်ဖို. မြေတူးလို .ဘေးအိမ်ပျက်စီးစေတာ၊ ငြမ်းဆင်ပေမဲ့ ဆောက်တဲ့အချိန်မှာမဆလာ၊ အုတ်ခဲကျိုး တစ်ဖက်အိမ်ပေါ်ကျလို. တစ်ပေချန်နဲ .ကလုံလောက်မှုမရှိလို. ပေချန်ကိုတိုးမြှင့်တာ’ လို. ပြောပါတယ်။
ဘေးချန်မြေတိုးမြှင့်တာက ပေ၄၀ x ပေ ၆၀မြေကွက်တွေကို ဖြစ်ပြီး မြို.တွင်း (down town)ခြောက်မြို.နယ်ကလွဲ ပြီးကျန်မြို.နယ်တွေအားလုံးပါဝင်တယ်လို. သိရပါတယ်။
ယူကေအယ်လ်(UKL) ဆောက်လုပ်ရေးကုမ္ပဏီရဲ. မန်နေးဂျင်းဒါရိုက်တာဦးသက်ထွန်းအောင်က ‘ဘေးမြေချန်တိုးတာကထိခိုက်တာမရှိပါဘူး။ အခန်းတော့ နည်းနည်းကျဉ်းတာပေါ့၊ ရောင်းတဲ့အခါ ဈေးတော့ နည်းနည်းကွာတာပေါ့’ လို.ပြောပါတယ်။
အထပ်နိမ့် အဆောက်အအုံတွေကရှေ.မြေချန် ၁၂ပေ ဘေးတစ်ဖက်ကိုသုံးပေနဲ . နောက်ဘက်ကိုတော့ နောက်ဖေးလမ်းကြား ရှိပါကတစ်ပေချန်နဲ. နောက်ဖေးလမ်းကြားမရှိပါကခြောက်ပေချန်ပြီးတည်ဆောက်ရမှာ ဖြစ်ပါတယ်။
Ref : The Modern
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties