By The Myanmar Times, Shweproperty.com
Updated at 2 January 2018
ကွန်ဒိုဥပဒေ (စုပေါင်းပိုင် အဆောက် အအုံဆိုင်ရာ ဥပဒေ)နှင့် အကျုံးမဝင်သော တိုက်ခန်းများအတွက် ဥပဒေတစ်ရပ်ပြဌာန်း ရန် စီစဉ်နေကြောင်း ဒီဇင်ဘာ ၂၆ ရက်က ပြုလုပ်သည့် တိုက်ခန်းအဆောက်အအုံဆိုင် ရာ ဥပဒေမူကြမ်းဆွေးနွေးပွဲ၌ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြော ဆိုသည်။
ကွန်ဒိုတိုက်ခန်း မဟုတ်သော တိုက်ခန်း များအတွက် တိုက်ခန်းအိမ်ရာဆိုင်ရာအဆောက်အအုံဥပဒေမူကြမ်းကို မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်း (MLCA) က ရေးဆွဲထားပြီး ဆွေးနွေးမှုများပြုလုပ်လျက် ရှိသည်။
ယင်းဥပဒေကို ဒီဇင်ဘာ ၂၆ ရက် မြန်မာ နိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်း (MCEA) တွင် မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်း (MLCA)၊ မြို့ ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် MCEA တို့က ပထမဆုံးအကြိမ် ဆွေးနွေးခဲ့ကြသည်။
လက်ရှိ တိုက်ခန်းများ၏ ပိုင်ဆိုင်မှုကို မြေရှင်ကသာ ရရှိပိုင်ဆိုင်နေပြီး တိုက်ခန်း ဝယ်ယူထားသူများက ကျပ်သိန်းထောင်နှင့်ချီ ပေးဝယ်ခဲ့ရသော်လည်း အပျောက်စနစ် (အငှား) စာချုပ်ဖြင့်သာ ပိုင်ဆိုင်နေကြရကြောင်း မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်း အထွေထွေအတွင်းရေးမှူး ကိုလား ဇယ်က ပြောဆိုသည်။
တိုက်ခန်းဝယ်ယူသူများ၏ ပိုင်ဆိုင်မှု အထောက်အထား ထုတ်ပေးနိုင်ရန် တိုက်ခန်း အိမ်ရာဆိုင်ရာ အဆောက်အအုံ ဥပဒေမူကြမ်း ရေးဆွဲရခြင်းဖြစ်ပြီး တိုက်ခန်းအိမ်ရာဆိုင်ရာအဆောက်အအုံဥပဒေ ပြာန်းပြီးပါက ကွန်ဒို တိုက်ခန်းကဲ့သို့ အိမ်ခန်းများကို ပိုင်ဆိုင်မှု မှတ်ပုံတင်နိုင်ပြီး ဘဏ်တွင် အပေါင်ပစ္စည်း အဖြစ်လည်းထားနိုင်မည်ဟု သိရသည်။
ကွန်ဒိုနည်းဥပဒေကို ဒီဇင်ဘာ ၇ ရက်၌ ပြာန်းခဲ့ပြီးဖြစ်သည့်အတွက် ကွန်ဒိုတိုက် ခန်း ဝယ်ယူသူများက ၎င်းတို့၏ အိမ်ခန်းပိုင် ဆိုင်မှုကို မှတ်ပုံတင်နိုင်ပြီဖြစ်သည်။
Ref : The Myanmar Times
Photo Credit : Mizzima
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties