By The Myanmar Times, Shweproperty.com
Updated at 7 February 2018
ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ကွန်ဒိုမီနီယံနည်းဥပဒေထွက်လာပြီး နောက်ပိုင်းမှာ ဒီဥပေ ဒေ ကြာင့် ဈေးကွက်ကသိပ်မလှုပ်ရှားတာကြောင့် ကွန်ဒိုမဟုတ်တဲ့ ရိုးရိုးတိုက်ခန်းတွေအတွက် တိုက်ခန်းဥပဒေ (Apartment Law) အမြ န်ထွက်ရှိလာဖို့ကို မျှော်လင့်နေကြပြန်ပါတယ်။
ကွန်ဒိုမဟုတ်တဲ့ ရိုးရိုးတိုက်ခန်းတွေအတွက် သီးသန့်ဥပဒေ အတိအကျမရှိတာကြောင့် အိမ်ရှင်အိမ်ငှားကြား အမှုတွေ မကြာ ခဏြ ဖ စ်ပေါ်နေပါတယ်။
တိုက်ခန်းတစ်ခန်းရဲ့ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့လည်း ဘယ်လောက်ထိခိုင်မာလဲဆိုတဲ့ အာမခံချက်မျိုး မရှိသေးတာရယ်၊ ဥပဒေရဲ့ အ ကာအကွယ်ပေးမှု အားနည်းနေတာကြောင့် ဈေးကွက်ဟာ ထိုက်သင့်သလောက် မတွင်ကျယ်ဘူးလို့ မြန်မာနိုင်ငံ ဆောက် လုပ်ရေး လု ပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဠ ဦးရှိန်ဝင်းက ပြောပါတယ်။
''တိုက်ခန်းဥပဒေထွက်လာတဲ့အခါ တိုက်ခန်းတွေအပြင် စတိုးဆိုင်တွေနဲ့ စူပါမားကက်တွေလိုမျိုး ဆိုင်ခန်းတွေနဲ့ ပတ်သက်ြ ပီးေ တာ့ လ ည်း ပိုပြီးပြည့်ပြည့်စုံစုံကာကွယ်ပေးနိုင်တဲ့ အချက်တွေ ပါဝင်လာစေချင်တယ်''လို့ ဦးရှိန်ဝင်းက ဆိုပါတယ်။
ဥပဒေမှာ အိမ်ငှားမြေငှားလုပ်တဲ့အခါ အိမ်ရှင်က တာဝန်ယူရမယ့်အပိုင်း၊ အိမ်ငှား၊ မြေငှားဘက်က တာဝန်ယူရမယ့်အပိုင်းတွေကို သေ ချာ တိတိကျကျ ခွဲခြားသတ်မှတ်ဖို့လိုတယ်လို့လည်း ဆိုပါတယ်။ ဒါမှသာ အိမ်ရှင်တွေဘက်က မကြာခဏဆိုသလို အိမ်လခ တိုးေ တာင်း တာတွေ၊ အိမ်ငှားဘက်က ပိုက်ဆံမပေးဘဲ ညစ်တာတွေကို မလုပ်နိုင်တော့ဘဲ မလိုအပ်တဲ့ အမှုအခင်းတွေလည်း ပပျောက်သွားမယ်လို့ ဦးရှိန်ဝင်းက ပြောပါတယ်။
တိုက်ခန်းတွေနဲ့ပတ်သက်ပြီး ခိုင်ခိုင်မာမာသတ်မှတ်ထားတဲ့ ဥပဒေသာပေါ်ထွက်လာရင် အရောင်းအဝယ်ကဏ္ဍမှာလည်း ပိုင်ဆိုင်မှုတွေ ခိုင်မာလာတဲ့အတွက် ဝယ်သူတွေကလည်း ပိုပြီးစိတ်ဝင်စားလာပြီး ဝယ်သူတွေအတွက်လည်း ပိုပြီးယုံကြည်စိတ်ချမှုတွေရှိလာမယ်လို့ အာ ရှဆောက်လုပ်ရေးလုပ်ငန်း၏ အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောပါတယ်။
တိုက်ခန်းဆောက်တဲ့ဈေးကွက်မှာ ကန်ထရိုက်နဲ့ ဝယ်သူအကြား ယုံကြည်မှုမရှိတော့တာကြောင့် ယခင်က အလွန်ရေပန်းစားတဲ့ ကြို ပွိုင့် စနစ်ဟာ အခုနောက်ပိုင်း မရှိသလောက် နည်းပါးသွားပါတယ်။
''အခုနောက်ပိုင်း အထပ်မြင့်ဆောက်တာတွေ တော်တော်နည်းသွားပြီး လုံးချင်းလောက်ပဲ ဆောက်တာတွေ ရှိနေတယ်။ ငွေနိုင်နင်းတဲ့ ကုမ္ပဏီတွေလောက်ပဲ အချက်အချာကြတဲ့နေရာတွေမှာ၊ ဆောက်နေတာတွေလောက်ပဲရှိတယ်။ တစ်နှစ်ထက်တစ်နှစ် ဆောက်လု ပ်နို င်မှုအားက လျော့ကျလာနေတယ်''လို့ ဦးရန်အောင်က ဆိုပါတယ်။
အရင်ကတော့ ခိုင်မာတဲ့ကုမ္ပဏီတွေဆိုရင် ကြိုပွိုင့်ဝယ်ချင်တဲ့သူ များပေမဲ့အခုနောက်ပိုင်းမှာ ဆောက်လုပ်ခွင့်က တင်ထားပေမဲ့ ကျမ ကျ မသေချာတာရယ်၊ ဈေးကွက်မတည်ငြိမ်တာရယ်၊ စနစ်အပြောင်းအလဲတွေ မကြာခဏဖြစ်နေတာရယ်ကြောင့် ကြိုပွိုင့်ဝယ်တာ သိပ် နည်းလာတယ်လို့လည်း ဦးရန်အောင်က ဆိုပါတယ်။
တိုက်ခန်းတစ်ခန်းတည်းကို ဝယ်သူ သုံးလေးယောက်ကို ရောင်းထားတာ၊ ငွေယူထားပြီး တစ်ဝက်တစ်ပျက်နှင့် ကန်ထရိုက်ထွက်ပြေးတာ စတဲ့လိမ်လည်မှုတွေကြောင့် ကြိုပွိုင့်ရောင်းသူနဲ့ ဝယ်သူအကြား ယုံကြည်မှုမရှိတော့ကြတာဖြစ်ပါတယ်။
အဲဒီအခြေအနေကို ကုစားဖို့ တိုက်ခန်းဥပဒေလိုအပ်တယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ပြောကြပါတယ်။
တိုက်ခန်းဥပဒေမရှိတာကြောင့် အိမ်ခြံမြေလောကမှာ နောက်ထပ်ကြုံတွေ့နေရတဲ့ ပြဿနာကတော့ ဘဏ်ချေးငွေ မရရှိခြင်းဘဲ ဖြစ် ပါတယ်။
တိုက်ခန်းပိုင်ဆိုင်မှုအတွက် ခိုင်မာတဲ့ ဥပဒေအထောက်အထား မရှိတာကြောင့် ဘဏ်မှာ ပေါင်နှံပြီး ချေးငွေယူ၍မရကြောင်း အိမ်ခြံမြေ ရောင်းဝယ်ငှားဝက်ဘ်ဆိုက် ငပြညောမေ့သကျန.ခသာ ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမင်းသူက ပြောပါတယ်။
''အခုဈေးကွက်ထဲမှာ တိုက်ခန်းတွေ အရောင်းအဝယ်လုပ်တဲ့အခါ ရိုးရိုး စာချုပ်စာတမ်းတွေနဲ့ပဲ အရောင်းအဝယ် ပြုလုပ်နေရတဲ့အတွက် လိမ်လည်ရောင်းချမှုတွေလည်း ရှိနေပါတယ်''လို့လည်း ၄င်းက ပြောပါတယ်။
အဆိုပါဥပဒေထွက်ရှိလာပါက တိုက်ခန်းပိုင်ဆိုင်မှု ပိုမိုခိုင်မာလာမှာဖြစ်ပြီး လိမ်လည်ရောင်းချဖို့လည်း ခက်ခဲသွားမှာဖြစ်ကြောင်း၊ ဝယ် ယူ သူတွေကို ပိုမိုကာကွယ်ပေးနိုင်မှာဖြစ်တဲ့အတွက် အိမ်ခြံမြေဝယ်လိုအား ပိုကောင်းလာမယ်လို့ မျှော်လင့်ကြောင်း ၄င်းကဆိုပါတယ်။
အခန်းတစ်ခန်းကို တရားဝင်ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်က ပိုင်ဆိုင်မှုအထောက်အထားခိုင်မာရင် အခန်းကို အပေါင်ထားပြီး ငွေေ ချးလို့ရတဲ့ ဥပဒေပုဒ်မမျိုးလည်း ပါဝင်စေချင်တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
''တိုက်ခန်းဥပဒေမှာ မြေပိုင်ဆိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး အတိအကျ သတ်မှတ်မယ်၊ ပြီးတော့ နာမည်ပြောင်းခတို့လို အိမ်ငှားခတို့လိုေ ငွကြေးတန်ဖိုးတွေကို ဈေးကစားချင်တိုင်း ကစားလို့မရအောင် ဥပဒေအရ အိမ်ရှင်အိမ်ငှားစာချုပ်ချုပ်စဉ်ကတည်းက တစ်ခါတည်းေ သသေချာချာ ထိန်းချုပ်ကာကွယ်ပေးနိုင်မယ့် ဥပဒေပုဒ်မတွေ အမှန်တကယ်လိုအပ်နေပါတယ်''လို့ ဦးရှိန်ဝင်းက သုံးသပ်ပါတယ်။
အဆိုပါဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြဠာန်းရမှာမဟုတ်ဘဲ တိုင်းလွှတ်တော်က ပြဠာန်းရမှာမို့ ရန်ကုန်တိုင်းလွှတ်တော်ရဲ့ ဥ ပေ ဒကြမ်းကော်မတီဥက္ကဠ ဦးသိန်းမြင့်ကို မြန်မာတိုင်း(မ်)က ဆက်သွယ်မေးမြန်းရာ ''လွှတ်တော်ကိုတင်လာရင်တော့ စိစစ်ပြီး လု ပ်ထုံး အ တိုင်း လုပ်ပါမယ်။ ဒါပေမဲ့ အခုထိတော့ လွှတ်တော်ကို ဘာမှရောက်မလာသေးပါဘူး''လို့ ပြောပါတယ်။
Ref & Photo Credit : Myanmar Times Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties