By မော်ကျွန်းသူ, Shweproperty.com
Updated at 15 February 2012
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ နယ်များရှိ တိုက်ခန်းနှင့်မြေကွက်များဝယ် လိုအားပြန်လည်တက်လာပြီး ဈေးနှုန်းမှာ လည်းအနည်းငယ်မြင့်တက်လာကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရ သည်။
ယခုလက်ရှိတွင် တိုက်ခန်းဝယ်ယူမှု များလာကာ ထိုတိုက်ခန်းများအား ပြန် လည်တစ်ဆင့်ငှားရမ်းမှုများရှိလာကြောင်း အကျိုးဆောင်များထံမှ စုံစမ်းသိရသည်။ အိမ်ခြံမြေဈေးကွက်အခြေအနေသည်ဈေးငြိမ်နေခြင်းနှင့် ဈေးတက်ခြင်းစသည့် ဈေးတည်ငြိမ်မှုမရှိသော အိမ်ခြံမြေဈေး ကွက်ဖြစ်နေကြောင်းဝါရင့်အိမ်ခြံမြေကျွမ်း ကျင်လုပ်ကိုင်သူတစ်ဦးကပြောသည်။
လက်ရှိအနေအထားတွင် စမ်းချောင်း၊ တာမွေ၊ ဗဟန်း၊ ရွှေဂုံတိုင်ဝန်း ကျင်တွင်အရောင်းအဝယ်ဖြစ်နေကြောင်း အထူးသဖြင့် နိုင်ငံခြားသားငှားရမ်းမှုပို စိတ်လာကြောင်း သိရသည်။ ထို့ပြင် ရန် ကုန်မြို့တွင်းသာမက မြို့သစ်များဖြစ်သည့် ရွှေပြည်သာ၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်များတွင်လည်း ပုံမှန် အရောင်းအဝယ်ဖြစ်နေကြောင်း အကျိုး ဆောင်အသိုင်းအဝန်းများထံမှ သိရသည်။
''ကျပ်သိန်း ၁ဝဝ အောက်မြေကွက် တွေနဲ့ ကျပ်သိန်း ၂ဝ အောက် မြေကွက် တွေ အရောင်းအဝယ်ဖြစ်နေတယ်''ဟုမဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်မှ တာဝန် ရှိသူက ဆိုသည်။ တန်ဖိုးမြင့်သော အိမ်ခြံမြေဈေးများ ကိုမူ စုံစမ်းမေးမြန်းသောအဆင့်တွင်သာရှိ ကြောင်း၊ဆယ်ဂဏန်း၊ရာဂဏန်းဝန်းကျင် အတွင်းသာအရောင်းအဝယ်ဖြစ်နေ ကြောင်း ဦးသန်းဦးက သုံးသပ်ပြောကြားသည်။
ထို့ပြင် စက်မှုဇုန်တိုင်းတွင် မြေကွက် ဝယ်ယူမှုများရှိလာပြီးစက်ရုံတည်ဆောက် ခြင်းများရှိလာသဖြင့် စက်မှုဇုန်မြေကွက် ဈေးမှာလည်း ပြန်လည်မြင့်တက်လာခဲ့ ကြောင်း စက်မှုဇုန်မြေကွက်ပွဲစားများထံမှ သိရသည်။
လက်ရှိအနေအထားတွင် စက်မှုဇုန် မြေကွက်များမှာ ဝယ်ရောင်းလက်ထဲများ တွင်သာရှိနေရာမှ ကုန်ထုတ်လုပ်ငန်းရှင် များထံသို့ ပြန်လည်ရောက်ရှိလာနိုင် ကြောင်း မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင် မှ ဒါရိုက်တာဦးသန်းဦးက သုံးသပ်ပြော ကြားသည်။ ယခုကဲ့သို့ပြန်လည်ရောက်ရှိ လာခြင်းမှာလည်း ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန်များတွင်ရှိသော မြေ ကွက်များအား ခြောက်လအတွင်း တည် ဆောက်မှုမရှိပါက ပြန်လည်သိမ်းယူမည့် သတင်းများကြောင့် ဝယ်ယူစုဆောင်း ထားသူများမှ ပြန်လည်ရောင်းချမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံအိမ်ခြံ မြေအကျိုးဆောင်များထံမှ သိရသည်။
စက်မှုဇုန်မြေနေရာများအား အစိုးရ ထံမှ ဝယ်ဈေးအနေဖြင့် တစ်ဧကလျှင် ကျပ်သိန်း ၁၅ဝ နှုန်းသတ်မှတ်ထားပြီးလက်ရှိမြေဈေးလှုပ်ခတ်မှုဖြစ်ခဲ့သော သီလဝါဇုန်မြေကွက်ဈေးမှာ ကျပ်သိန်း ၁,၅ဝဝ ဝန်းကျင်ရှိကြောင်း သိရသည်။
Source : Myanmar Post
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties