By Myanmar Times, Shweproperty.com
Updated at 21 October 2015
တိုက်ခန်းများကိုဘဏ်များတွင် တရားဝင်ပေါင်နှံငွေချေးယူနိုင်ပြီး အခန်းပိုင်ဆိုင်ခွင့်များ တိတိကျကျ ပြဋ္ဌာန်းပေးနိုင်မည့် တိုက်ခန်း အိမ်ရာ ဥပဒေ (apartment law) ကို ပြဋ္ဌာန်း ခြင်းဖြင့် ငြိမ်သက်နေသည့် ပြည်တွင်းအိမ်ခြံ မြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းများကို ပြန်လည်နှိုးဆွရာ ရောက်နိုင်ကြောင်း မြန်မာ နိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင် များအသင်း တွဲဖက်အတွင်းရေးမှူး ဦးကျော် ကျော်စိုးက ပြောသည်။
"အစိုးကရော၊ လွှတ်တော်ကပါ ကွန်ဒိုဥပဒေ နဲ့ တိုက်ခန်းအိမ်ရာဥပဒေကို ပြဋ္ဌာန်းပေးဖို့ လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ခန်း တွေက ဘဏ်ကိုပေါင်လို့ မရဘူးဖြစ်နေတယ်။ ပေါင်လို့မရတော့ ငွေပြန်ဖြစ်အောင် လုပ်ဖို့ လည်းခက်တယ်။ အဲဒီဥပဒေတွေ ထွတ်လာရင် မြေကွက်လိုပဲ တိုက်ခန်းတွေပါ ပေါင်နှံလို့ရမယ်။ ငွေဖြစ်လွယ်မယ်ဆိုရင် ဆောက်တဲ့ သူတွေလည်း များလာသလို ဝယ်မယ့်သူတွေ လည်း ပြန်များလာနိုင်တယ်" ဟု ၎င်းက ပြောသည်။ ရန်ကုန်မြို့တော်၌ တိုက်ခန်းများ ဆောက်လုပ်ရာတွင် မြေရှင်နှင့် ကန်ထရိုက်တာ များသည် အများအားဖြင့် ထွက်ရှိလာသည့် အခန်းအရေအတွက်၏ ထက်ဝက်စီကို ခွဲဝေရ ယူသည့်စနစ်ဖြင့် ဆောက်လုပ်နေကြဆဲဖြစ်သည်။
ထို့ပြင် မြေနေရာအချက်အချာကျသည့် နေရာများတွင် ဆောက်လုပ်ပါက အခန်းအရေ အတွက်အပြင် အလိုက်ငွေများပါ မြေရှင် များထံ ထပ်မံပေးချေခြင်းဖြင့် ဆောက်လုပ် နေကြခြင်းဖြစ်သည်။
မြေရှင်များနှင့် ကန်ထရိုက်တာများက မိမိတို့ရရှိသည့်အခန်းများကို ဝယ်ယူသူများထံ အပျောက်စနစ်ဖြင့် အခန်းပိုင်ဆိုင်မှု ကို အသိအမှတ်ပြုပြီး မြေရှင်ထံ လစဉ် မြေငှားရမ်းခ ပုံမှန်ပေးချေသည့်စနစ်ဖြင့် ရောင်းချပေးလျက်ရှိသဖြင့် အခန်းများကို ငှားရမ်း၊ ရောင်းချခြင်းများ ထပ်ဆင့်ပြု လုပ်သည့် မည်သူမဆို မြေရှင်၏ အသိအမှတ်ပြုလက်မှတ်များ လိုအပ်သည်။
ထို့ပြင် အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိက အသင်းအဖွဲ့များပိုင်သည့် မြေများပေါ်တွင် ဘီအိုတီ စနစ်ဖြင့် ဆောက်လုပ်ထားသည့် တိုက်ခန်းများကို ဝယ်ယူနေထိုင်သည့် ပြည်သူ များ၏ သားစဉ်မြေးဆက် အမွေဆက်ခံမှုများ နှင့် ပတ်သက်သည့် ခိုင်မာမှုသေချာစေသော တိုက်ခန်းအိမ်ရာဥပဒေကို မြန်မာနိုင်ငံတွင် မဖြစ်မနေ တရားဝင်ပြဋ္ဌာန်းရန် လိုအပ်လာ နေပြီဖြစ်ကြောင်း အိမ်ခြံမြေနှင့် ဆောက်လုပ် ရေးလုပ်ငန်းများကို နှစ်ပေါင်း ၂၀ ကျော် လုပ်ကိုင်လာသည့် အာရှဆောက်လုပ်ရေး အထွေထွေမန်နေဂျာ ဦးရန်အောင်က အောက်တိုဘာ ၁၆ ရက်တွင် မြန်မာတိုင်း(မ်) ကို ပြောသည်။ "မြေဆိုရင် ဌာနက ချပေးထားတဲ့ ပိုင်ဆိုင် မှုဆိုင်ရာ စာရွက်စာတမ်းတွေ ရှိရတယ်။ တိုက်ခန်းကျတော့ အများအားဖြင့် အရပ် စာချုပ်နဲ့ချုပ်ပြီး အရောင်းအဝယ်လုပ်တာများတဲ့အပြင် မြေလောက် လည်း ခိုင်မာမှုမရှိဘူးလို့ ဘဏ်ဘက်ကတွက်ထားလို့ ဘဏ်မှာပေါင်ပြီး ချေးဖို့မလွယ်တာပါ။ စည်ပင်နဲ့ အိုးအိမ်က ရောင်းပေးတဲ့ တိုက်ခန်းတွေကျ တော့ အုံနာဘုတ်တွေရှိတယ်။ အပြင်တိုက်ခန်း တွေကျတော့ မရှိဘူး။ ဖြစ်စေချင်တာကတော့ apartment law ကိုသာ အမြန်ဆုံးပြဋ္ဌာန်း ပေးလိုက်ရင် အဆင်ပြေနိုင်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
တိုက်ခန်းများကို ဈေးကွက်အတွင်း အရပ် စာချုပ်များဖြင့်သာ အများဆုံး အရောင်း အဝယ် ပြုလုပ်နေကြခြင်းဖြစ်ပြီး အရောင်းအဝယ်တစ်ခု ဖြစ်မြောက်စေရန် အခန်း ရောင်းချသည့် ငွေမှ သတ်မှတ်ရာခိုင်နှုန်း တစ်ခုကို မြေရှင်သို့ပေးဆောင်ကာ အသိအမှတ်ပြု လက်မှတ်ရေးထိုး ရယူထားရန် လိုအပ်သည်။ တိုက်ခန်းအိမ်ရာဥပဒေ ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးသည့် ယနေ့အချိန်တွင် ရန်ကုန် မြို့တော်အတွင်း တိုက်ခန်းများကို အဆင့်ဆင့် လက်ပြောင်းလက်လွှဲ အရပ်စာချုပ်များဖြင့် ရောင်းချနေသည့်အတွက် နိုင်ငံတော်၏ အခွန် ဘဏ္ဍာရရှိမှုကိုနစ်နာဆုံးရှုံးစေသည့်အပြင် တိုက်ခန်းများကို ဝယ်ယူနေထိုင်သူများ၏ ပိုင်ဆိုင်မှုဆိုင်ရာ အထောက်အထားများမှာ နိုင်ငံတကာရှိ တိုက်ခန်းနေပြည်သူများနှင့် ယှဉ်လျှင် များစွာအားနည်းလျက်ရှိသည်။
" ဒီမှာက တိုက်ခန်းကို ပေါင်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခန်းပေါင်တဲ့ လူနဲ့ မြေပိုင်ဆိုင်တဲ့လူက မတူဘူးဖြစ်နေတယ်။ ဘဏ်တွေမှာ မြေပေါင်ကြတယ်ဆိုတာက ပုံစံ ၁၀၅ ထုတ်ပြီးလုပ်ကြရတယ်။ ထွက်လာ မယ့် ဥပဒေသစ်ထဲမှာတော့ ပါလာနိုင်တယ် လို့ထင်ပါတယ်" ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။ စင်ကာပူနိုင်ငံတွင် အများပြည်သူအိမ်ရာ များကို ံHousing Development Board (HDB) ကကြီးကြပ်ပြီး နေထိုင်သည့် တိုက်ခန်း တစ်ခုချင်းစီအလိုက် မြေပုံ၊ မြေရာဇဝင် ကူးယူ နိုင်သည့်အပြင် အခန်းအကျယ်အဝန်း စတုရန်းပေ တွက်ချက်ကာ အမှုတွဲထိန်းများ၊ မှတ်ပုံတင်အရာရှိများ၏ လက်မှတ်များဖြင့် ဘဏ်များတွင် တိုက်ခန်းများကို သွားရောက် ပေါင်နှံကာ ငွေထုတ်ချေးပေးနိုင်သည်။
"အဲဒီဥပဒေက မထွတ်သေးလို့ အခုစပြီးတော့ ကွန်ဒိုဥပဒေကို ရေးတာ။ ကွန်ဒို ဥပဒေက လူချမ်းသာတွေအတွက်ဆိုတော့ ပြည်တွင်းနေ ပြည်သူတွေအတွက်ကျတော့ အများခေါ်သလို တိုက်ခန်းအိမ်ရာ ဥပဒေ လို့ခေါ်တာထက် estate management လို့ ခေါ်တယ်။ မြန်မာပြည်မှာတော့ အဲဒီဥပဒေက မရှိသေးဘူး။ အဲဒီဥပဒေက စင်ကာပူမှာပဲရှိတယ်။ Flat law လို့ခေါ်ကြတယ်။ တိုက်ခန်းတွေ ဘဏ်ကိုပေါင်နိုင်တဲ့ အဆင့်ထိ မျှော်လင့်ကြတယ်။ ဒီမှာက ဂရန်မြေပဲ မြေပုံ၊ မြေရာဇဝင် ကူးခွင့်ရှိသေးတယ်။ ဒါတွေကိုဆောင်ရွက်နိုင်ဖို့ ရည်မှန်းထားပေမယ့် အဲဒီအဆင့်ကို မရောက်သေးပါဘူး "ဟု ဆောက် လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၆ ရက်တွင် ပြောသည်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties