By The Kumudra, Shweproperty.com
Updated at 9 March 2016
မြို့တွင်းရှိ ဆိုင်ခန်း၊ ရုံးခန်းတွေရဲ့ အငှါးဈေး ဈေးမြင့်တာကြောင့် တချို့အငှားသမာတွေ ဆက်မငှါးးတော့တဲ့အခါ အခန်းပိုင်ရှင်တွေက ငှားခကို ညှိနှုင်းပြီး ငွေပေါ်အောင် ငှါးလာကြတယ်လို့ သိရပါတယ်။
မြို့တွင်းရဲ့ဆိုင်ခန်းငှါးခတွေ ဈေးမြင့်တာကြောင့် ဆိုင်ခန်းငှါးသူတွေက ဈေးမတက်နိုင်ဘဲ ဈေးသက်သာတဲ့နေရာကိုပြောင်းကြပါတယ်။ အရင်ကတော့ အခန်းပိုင်ရှင်တွေက ဈေးလျှော့ပေးတာမျိုး မရှိပင်မဲ့ အခုနောက်ပိုင်းမှာ အငှါးနောက်ထပ် မရတဲ့အထိ ငွေမရမှာစိုးလို့ ဈေးညှိနှိုင်းပြီး ငှါးလာကြတာ ဖြစ်ပါတယ်။
ပထဝီမြေအကျိုးဆောင်က ဦးကျော်ဝင်က ' ပိုင်ရှင်တွေကလဲ မငှါးရရင် သူတို့ပဲနစ်နာမယ်၊ တစ်လမငှားရရင် တစ်လစာနစ်နာမှာကြောင့်ဈေးကို အလျှော့အတင်း လုပ်ပေးကြတယ်၊ အမြန်အငှား ထွက်ရင်ပြီးရော သဘောနဲ့ ဈေးချပြီး ငှါးကြတယ်' လိုပြောပါတယ်။
အငှားသမာတွေကတော့ ကိုယ်တက်နိုင်တဲ့ဈေးနဲ့ ရနိုင်မယ့်နေရာကို ရှာငှါးပြီးဆိုင်ခန်းဖွင့်လို့ရပါတယ်။ အငှားဈေးက ဈေးကျတာမဟုတ်ဘဲ အမြင့်ဈေးနဲ့ပဲ့ ရှိနေတာပါ။ အခန်းပိုင်ရှင်တချို့က ဈေးကိုညှိနှိုင်းပြီး ဈေးချပြီး ငှားကြတာဖြစ်ပါတယ်။
ကျောက်တံတားမြို့နယ်ရှိ အကျိုးဆောင် ဦးကျော်ဝင်က " မြို့ထဲ အငှါးဈေးက ဈေးမကျပါဘူး၊ အငှားဈေးဆိုတာက ပိုင်ရှင်ရဲ့အပြောဈေးပဲလေ၊ သူငှားရင်လို့ဈေးလျှောပေးတာ၊ ညှိနှိုင်းဈေးထားတာတွေရှိပင်မဲ့ ဈေးမကျပါဘူး၊ လူနေအခန်းတွေတောင် ဈေးတက်တဲ့အခန်းတွေရှိတယ်" လို့ပြောပါတယ်။
မြို့တွင်းရှိ ဆိုင်ခန်းဈေးတွေက တစ်လကို အနည်းဆုံး ကျပ် ၁၀သိန်းဝန်းကျင်းရှိပ်တယ်။အငှါးအများဆုံးနဲ့ အကြိုက်ဆုံနေရာတွေ လသာ၊ လမ်းမတော်၊ ရွှေဘုံသာလမ်း စတဲ့ စည်ကားတဲ့နေရာတွေဖြစ်ပါတယ်။
တချိုူ့ဆိုင်ခန်းတွေက တစ်လကို ကျပ်သိန်း ၂၀၊ ၃၀ ကျော်စတဲ့ ဈေးတန်းအမျိုးမျိုးရှိပါတယ်။ဈေးမြင့်တာကို ဈေးထပ်တိုးတောင်းတဲ့အခါ ပြောင်းရွှေ့ကြတဲ့ ဆိုင်တွေရှိပါတယ်။အရင်က တိုးတောင်သလောက်ပေးငှား ကြပေမဲ့ တချို့ကဆက်မငှါးကြတော့ဘဲ နေကြတာကြောင့်အခန်း လွတ်ထားကြရတာတွေလည်း ရှိလာတယ်လို့ သိရပါတယ်။
တချို့အခန်းပိုင်ရှင်တွေက အခန်းပိတ်မထားချင်ကြတာကြောင့် ဥပမာ တစ်လကို ကျပ်သိန်း ၂၀ ဈေးခေါ်ထားပေမဲ့လဲ ငှား တဲ့သူ လာတဲ့အခါ ၁၈သိန်း၊ ၁၅သိန်းနဲ့ဈေးညျှိနှိုင်းပြီး ငှါးကြတာတွေရှိတယ်လို့ အကျိုးဆောင်တချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။
မြို့တွင်း တချို့နေရာတွေမှာ ဈေးလျှောပြီးငှား တာတောင် ပွဲမဖြစ်တာတွေလည်း ရှိတယ်လို့ ပြောပါတယ်။ လူနေအခန်းတွေရဲ့ တိုက်ခန်းအငှား ဈေးကွက်ကတော့ ပုံမှန် ဈေးကွက်အတိုင်း ရှိတယ်လို့ သိရပါတယ်။
Ref : The Kumudra
Photo Credit : Social
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties