By Sint Sint, Shweproperty.com
Updated at 24 August 2020
ရန်ကုန်တိုင်းဒေသကြီး ရှိ တိုက်ခန်းအိမ်ရာပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ဥပဒေမူကြမ်း ရေး ဆွဲပြီးစီးခဲ့ပြီး အတည်ပြုနိုင်ရန် သက်ဆိုင်ရာဌာနများနှင့် လာမည့်အပတ်တွင် ဆွေးနွေးမည်ဖြစ် ကြောင်း ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာ ကော်မတီ အတွင်းရေးမှူး ဦးဝေဖြိုးဟန်က ပြောသည်။
‘‘အခု လာမယ့်အပတ်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ရယ်၊ ဌာနဆိုင်ရာနဲ့ ရေးဆွဲထား တဲ့မူကြမ်းကိုဆွေးနွေးမယ်။ ပြီး ရင် လွှတ်တော်တင်ပြီး အတည်ပြု နိုင်ဖို့ ကြိုးပမ်းသွားမယ်’’ ဟု ဦးဝေဖြိုးဟန်က ပြောသည်။
တိုက်ခန်း ဝယ်ယူသူများသည် အစိုးရ၏ တိုက်ခန်းမှတ်ပုံ တင်ရုံးများတွင် မည်သူပိုင်ဆိုင် သည်ကို သွားရောက်ကြည့်ရှုနိုင် ပြီး လက်ရှိတစ်ဆင့်ခံရောင်းချနေ သည့် အရှုပ်အရှင်းများဖြေရှင်း ပေးနိုင်မည့်ကိစ္စရပ်များအပါအ ဝင် အမည်ပေါက်လျှောက်ထား နိုင်ခြင်းနှင့် တိုက်ခန်းအိမ်ရာများ အာမခံမှု အပြည့်အဝရရှိရန် ဥပဒေတစ်ရပ် ရေးဆွဲရေးကို ရန် ကုန်တိုင်းလွှတ်တော်တွင် ၂၀၁၉ စက်တင်ဘာက ထုတ်ဖော်ခဲ့ သည်။
ထို့နောက် အဆိုပါဥပဒေ ရေးဆွဲရန် တိုင်းဒေသကြီးလွှတ် တော်ဥပဒေကြမ်းကော်မတီအပါ အဝင်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ဆောက်လုပ်ရေး ကုမ္ပဏီများ ၂၀၁၉ အောက်တို ဘာ ၁၀ ရက်က စတင်ဆွေးနွေးခဲ့ သည်။
ရန်ကုန်မြို့ရှိ တိုက်ခန်းတွဲ အိမ်ရာ သုံးသိန်းခန့်အတွက်တိုက်ခန်းအိမ်ရာပိုင်ဆိုင်မှုဆိုင် ရာဥပဒေကြမ်းနှင့်အိမ်ရာစီမံခန့် ခွဲရေးနှင့် ပြင်ဆင်ထိန်းသိမ်းရေး ဥပဒေကြမ်းပြဋ္ဌာန်းနိုင်ရေး ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် ရန်ကုန်တိုင်းလွှတ်တော်တို့ ပူးပေါင်းရေးဆွဲနေကြောင်း ဝန် ကြီး ဒေါ်နီလာကျော်က ပြောကြား ထားသည်။
ရန်ကုန်မြို့ တိုက်ခန်းတွဲအိမ်ရာအများစုသည် ဖွံ့ဖြိုးတိုးတက် ရေးအပါအဝင် ခိုင်မာသည့်ပိုင် ဆိုင်ကြောင်း ဥပဒေလုပ်ထုံးလုပ် နည်းမရှိသေးခြင်းကြောင့် တိုက် ခန်းအိမ်ရာပိုင်ဆိုင်မှုဆိုင်ရာဥပ ဒေရေးဆွဲရန် စီစဉ်နေခြင်းဖြစ် သည်။
လက်ရှိတွင် တိုက်ခန်းတွဲ အိမ်ရာစီမံခန့်ခွဲရေး၊ ပြင်ဆင် ထိန်းသိမ်းရေးနှင့် စပ်လျဉ်းပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၏ စုပေါင်းအဆောက်အအုံစီမံခန့်ခွဲရေးညွှန်ကြားချက်နှင့် စီမံခန့် ခွဲနေသည်။
Credit : 7 Day News
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties