By Myanmar Builders Guide, Shweproperty.com
Updated at 6 August 2018
ရန်ကုန်တိုင်းဒေသကြီး ရှိဆောက်လုပ်ပြီးတိုက်ခန်းများကို အချောထည်အဆင့်တွင်ပင် လူနေထိုင်ခွင့် ပါမစ်ပေးရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာန(အဆောက်အအုံ)တာဝန်ရှိသူမှ သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ)အနေဖြင့် လူနေထိုင်ခွင့်ပါမစ် (BCC)နှင့် ပတ်သက်၍ ယခင်ကတည်းက ဆက်တိုက်ဖြေလျှော့မှုများ ရှိခဲ့ပြီး ယခုနှစ်တွင်လည်း အချောထည်အဆင့်တွင် လူနေထိုင်ခွင့်ပါမစ် ချထားပေးရန်စီစဉ်နေသည်။
"ကန်ထရိုက်တာများအနေနှင့် ကန်ထရိုက်တိုက်ခန်းတွေမှာ နောက်ဆုံးအပြီးသတ်အချောထည်ပြင်ဆင်နေဆဲ အဆင့်ရောက်လို့ သတ်မှတ်ရက်အတွင်း လာရောက်လျှောက်ထားလျှင်ဖြေလျှော့ပေးပြီး ခွင့်ပြုချက်ထုတ်ပေးမည်ဖြစ်သည်။သတ်မှတ်ရက်ကျော်ပြီး စစ်ဆေးတွေ့ရှိခဲ့လျှင်တော့ ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်သည်"ဟု သိရသည်။
ယခင်က ဆောက်လုပ်ပြီးစီးသည့် လူနေကန်ထရိုက်တိုက်ခန်းများ၏ BCC ချပေးခြင်းကို အဆောက်အအုံ၏ ၁ဝဝ ရာခိုင်နှုန်းပြီးစီးမှသာ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကျွမ်းကျင်ပညာရှင်များက သွားရောက်စစ်ဆေးလျက်ရှိကြောင်း၊ ထို့ပြင်အဆောက်အအုံတစ်ခုလုံး ပြီးစီးသော်လည်း အချောထည်မပြီးသေးပါက လူနေထိုင်ခွင့်ပါမစ်ချပေးခြင်းမရှိကြောင်း၊ ယခု ထိုအဆင့်ကို ဖြေလျှော့ပေးမည်ဖြစ်ကြောင်းသိရသည်ထို့ပြင် ဆောက်လုပ်ပြီး တိုက်ခန်းများလူနေထိုင်ခွင့် ပါမစ်နှင့် ပတ်သက်၍ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၏ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံအတွင်း ဝင်ရောက်နေထိုင်ပါက အရေးယူနိုင်ကြောင်းသိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties