By ပြည်သိမ်း, Shweproperty.com
Updated at 27 April 2012
ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာစေရန် တပ်မတော်ပိုင် မြေနှင့်အဆောက်အအုံများ ငှားရန်း ၍ အသေးစားနှင် အလတ်စာ လုပ်ငန်းများ ပိုမိုလုပ်ကိုင်လာကြောင်း ထုတ်ကုန်လုပ်ငန်းရှင်များ ထံမှ သတင်းရရှိသည်။
စက်မှုဇုန်များတွင် ထုတ်ကုန်လုပ်ငန်းများ လုပ်ကိုင်ရာ၌ လျှပ်စစ် မီးသည် တစ်ယူနှစ်လျှင် ၇၅ ကျပ် ကျသင့်သည်။ စစ်တပ် အတွင်း၌ လျှပ်စစ်မီတာ ကောက်ခံနှုန်းထားမှာ တစ်ယူနစ်လျှင် ၃၅ ကျပ်သာကောက်ခံသည်။ ထို့အပြင် လျှပ်စစ်မီးမှာလည်း ၂၄ နာရီနီးပါးရရှိကြောင်း လှိုင်သာယာစက်မှုဇုန်ရှိ ပလတ် စတစ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ယင်းသို ငှားရမ်းလုပ်ကိုင်၌ခြင်းကြောင့် စရိတ်များသက်သာသည့်အတွက် စက်မှုဇုန်မှ ထုတ်ကုန်လုပ် ကိုင်သူများနှင့် ဈေးကွက်၌ ယှဉ်ပြိုင်ရာတွင် အားသာမှုပိုရ ကြောင်းလည်း လုပ်ငန်းရှင်များကဆိုသည်။
''စက်မှုဇုန်သမားတွေအနေနဲ့ ဒီထဲက ထုတ်ကုန်တွေနဲ့ဆို ဈေးကွက်မှာ ယှဉ်ဖို မလွယ်ဘူးဟု အထပ်ပါ ပုဂိဂိုလ်ကဆိုသည်။
ထို့အပြင် စက်မှုဇုန်များတွင် မတ်လလယ်ပိုင်းမှစတင်၍ လျှပ်စစ်မီး တစ်ရက်လျှင် ငါးနာရီသာ အလှည့်ကျရသည်။ ယင်းကြောင့် လုပ်ငန်းလည်ပတ်ရန် မီးစက်များကိုသာ အဓိက သုံးနေရသည့်အတွက် လျှပ်စစ်မီးအတွက် ကုန်ကျစရိတ်မှာ လေးဆမှ ငါးဆအထိ ပိုမိုကုန်ကျသည်။ ယင်းကြောင့် အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်အချို့မှာ တပ်မတော်ပိုင် နေရာ များသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် စီစဉ်မှုများရှိကြောင်း လုပ်ငန်း ရှင်များထံမှ သတင်းရရှိသည်။
ပြည်တွင်းရှိ ပုဂ`ဂက ကဏ္ဍတွင် ထုတ်ကုန်လုပ်ငန်း ၃၉,၆၆၉ ခု၌ အစားအစာနှင့် ဖျော်ရည်လုပ်ငန်းတို့မှာ အများစုဖြစ်ပြီး လုပ်ငန်းပေါင်း ၂၄,၉၅၄ ခုရှိသည်။ ယင်းလုပ်ငန်းပေါင်း ၃၉,၆၆၉ ခုတွင် ၉၀ ရာခိုင်နှုန်း ကျော်မှာ အသေးစားနှင့်အလတ် စားလုပ်ငန်းဖြစ်ကြောင်း စက်မှု(၁)ဝန်ကြီးဌာန၏ စာရင်းများ အရသိရသည်။
source : 7 Days
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties