အိမ်တွင် စိုက်ပျိုးသင့်သော အပင်များရှိသလို၊ လာဘ်တိတ်စေလို့ စိုက်ပျိုးရန်မသင့်သော အပင်များလည်းရှိပါသည်။


ထို့ကြောင့်အပင်စိုက်တိုင်း မကောင်းပါ။ ဥပမာ - မိတ်သလင်၊ ပင်စိမ်းပင်၊ ငှက်ပျောပင်၊  ငရုတ်ပင်၊ စပါးလင်ပင်၊ ခံသီးပင်တို့ကို  အိမ်ရှေ့မျက်နှာစာ၌ မစိုက်ကောင်းပါ။ ခိုက်တတ်သော အပင်များဖြစ်ပါသည်။


အိမ်ပတ်ဝန်းကျင်တွင် မရှိအပ်သော အပင်များမှာ -


အိမ်၏အ‌ရှေ့မျက်နှာတွင် ညောင်၊ သပြေပင်များရှိပါက စီးပွားပျက်တတ်သည်ဟုဆိုသည်။


အနောက်ဘက်တွင် လက်ပံပင်၊ ထိန်ပင်၊ တောင်ဘက်တွင် သျှစ်သျှားပင်၊ ဖီးခြမ်းငှက်ပျော၊ သင်္ဘောပင် နဲ့ 


မြောက်ဘက်တွင် ထန်းပင်၊ ဆန်းပင်၊ သဖန်းပင်၊ အုန်းသျှစ်ပင်များရှိပါက (စိုက်ပျိုးပါက) စီးပွားယုတ်စေပြီး ရောဂါဘယထူပြောမည်။ အိမ်တွင်း အိမ်ပြင် ဆူပူတတ်သည်ဟု ဆိုပါသည်။


ဒါ့အပြင် အိမ်တွင် မသုံးသင့်သော သစ်အမျိုးအစား ၈ မျိုးအကြောင်းကိုလည်း မျှဝေပေးသွားပါမည်။





သစ်သားကို မြို့ပြနေရာများတွင် အိမ်ဆောက်လုပ်ရာ၌ သိပ်တွင်ကျယ်စွာ အသုံးမပြုသော်လည်း ပရိဘောဂ၊ အသုံးအဆောင်များပြုလုပ်ရာတွင် ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိပါသည်။ ရှေးမြန်မာလူကြီးများသည် သစ်နဲ့ပတ်သက်ရင် အလွန်စိစစ်ပြီးမှ ရွေးချယ်တတ်ကြပါသည်။ထိုအထဲမှ အိမ်ဆောက်လုပ်ရာတွင်ဖြစ်စေ၊ အခြားသောအသုံးအဆောင်ပစ္စည်းများတွင်ဖြစ်စေ မသုံးအပ်သော သစ်များမှာ -


၁။ ခုတ်ဖြတ်စဉ် တွဲလွဲကျနေသောသစ်


၂။ သစ်ခွသစ်ကိုင်းကြားတို့တွင် တင်နေသောသစ်


၃။ အဖျားကြီး၍ အရင်းရှူးသောသစ်


၄။ အရင်းအဖျားရှူး၍ အလယ်တွင် ကြီး‌သောသစ်


၅။ လမ်းကူးချောင်းကူးသစ်


၆။ အပင်ချင်းအကိုင်းချင်းကြိတ်သောသစ်


၇။ အပင်တွင် နွယ်ရစ်ပတ်နေသောသစ်


၈။ မျက်ရည်ပေါက်ကဲ့သို့ အကွက်ထနေသော သစ် စသည်တို့ဖြစ်ပါသည်။





ဆက်လက်ပြီး အိမ်အသစ်တက်တော့မည်ဆိုရင် စီးပွားလာဘ်လာဘတိုးပွားစေနိုင်တဲ့ နည်းလမ်းလေးကို ပြောပြပေးပါမည်။


ဇနီးမောင်နှံနှစ်ဦးတို့ အနေနဲ့ ဆောက်လုပ်ပြီးစီးပြီဖြစ်သော အိမ်သစ်တက်တော့မည်ဆိုပါက သပြေသားကို ကိုင်ဆောင်၍ တက်ရပါမည်။ အိမ်သစ်မတက်မီ လှေကားတင်မည့်နေ့၌ ကန်တော့ပွဲတစ်ပွဲပေးကာ လှေကားအား ရွှေရည်ငွေရည်များ ပက်ဖျန်းလျက် သပြေပန်းထိုးရပါမည်။ ဤနည်းဖြင့် ကံလည်းကောင်း၊ အိမ်ကျက်သရေလည်း တိုးပွားစေနိုင်ပါသည်။


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


ဘုမ္မိအရပ်ဆို ဝေးဝေးရှောင် ဧကန်မုချ အကျိုးအောင်


နေအိမ် မျက်နှာမူရာအရပ်ဒေသကို လိုက်၍ ကံဇာတာအနိမ့်အမြင့် ခြားနားပုံ


အိုးပိုင် အိမ်ပိုင်နှင့် ဖြစ်လာအောင် ယတြာ


အိမ် နဲ့ မြေကွက်များ ရက်ပိုင်းတွင်း အမြန်ဆုံး ရောင်းထွက်နည်း


Posted By : Sint Sint (ShweProperty.com)