By ဝိုင်းနန္ဒီ, Shweproperty.com
Updated at 24 September 2019
(၂၀၀၀)ပြည့်နှစ်ကစပြီး(၁၈)နှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ ဝင်ငွေဟာ ဒေါ်လာ (၈)ဒသမ(၉)ဘီလီယံကနေ (၇၁)ဘီလီယံအထိ တိုးတက်ခဲ့တာကြောင့် အာဆီယံနိုင်ငံတွေမှာ စီးပွားရေးတိုးတက်နှုန်းအမြင့်ဆုံး နိုင်ငံ အဖြစ် ရပ်တည်နေဆဲလို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်းက စက်တင်ဘာလ (၂၂)ရက်နေ့က စင်္ကာပူနိုင်ငံမှာကျင်းပတဲ့ Singapore Summit 2019 အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
မြန်မာ့စီးပွားရေးတိုးတက်နှုန်းဟာ ၆ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းကြား ရှိနေပြီး၊ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ခန့်မှန်းချက်အရ ယခုနှစ်မှာ ၆ ဒသမ ၆ ရာခိုင်နှုန်းနှင့် လာမည့်နှစ်မှာ ၆ ဒသမ ၈ ရာခိုင်နှုန်းရှိမယ်လို့ သိရပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်နဲ့ နှိုင်းယှဉ်ပါက အကြီးအကျယ်ပြောင်းလဲ ကွာခြား သွားတယ်လို့ ဝန်ကြီးက ဆိုပါတယ်။ ကဏ္ဍစုံဖွံ့ဖြိုးရေးမဟာဗျူဟာများကို ဖော်ဆောင်နေပြီး၊ ရင်းနှီးမြှုပ်နှံမှုများ ကို တိုးမြှင့်ဖိတ်ခေါ်အားယူနေတယ်လို့ ဝန်ကြီးဦးသောင်းထွန်းက ပြောပါတယ်။
အခုလိုတိုးတက်မှုတွေကြောင့် မကြုံဖူးတဲ့ စီးပွားရေးစနစ်ပြောင်းလဲမှုတွေ ပေါ်ပေါက်စေခဲ့သလို ဆင်းရဲမှတ်မျဉ်း အောက်ရောက်ေ်နတဲ့ မြန်မာနိုင်ငံသားအရေအတွက် တစ်ဝက်ခန့်လျော့နည်းသွားကြောင်း၊ အဆိုပါစီးပွားရေးကို ကျေးလက်ရော မြို့ပြမှာပါ မြင်နိုင်ကြောင်း၊ MSDP လို့ခေါ်တဲ့ မြန်မာ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို လုပ်ဆောင်နေပြီး လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် ပြုပြင် ပြောင်းလဲ ရေးအစီအစဉ်များ ပါဝင်တယ်လို့ ဆိုပါတယ်။
Written By : ဝိုင်းနန္ဒီ (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties