By မော်ကျွန်းသူ, Shweproperty.com
Updated at 5 January 2012
စီးပွားရေးမြို့တော်တစ်ခုဖြစ်သော အောင်ပန်းမြို့၏ မြေဈေးမှာ ကျပ်သိန်းထောင်ဂဏန်း မှ သောင်း ဂဏန်းထိဈေးရှိနေကြောင်း အောင်ပန်း အခြေစိုက်စီပွားရေးလုပ်ငန်းရှင် ဒေါက်တာကြည်လွင်က မြန်မာပို့စ် သို့ ပြောကြားသည်။
“အခုဒီဒေသမှာ လုပ်ငန်းရှင်ကြီးတွေ၊ လူကြီးပိုင်းတွေ အများဆုံး စိတ်ဝင်စားလာကြတယ်။ မြေဈေးကတော့ လမ်းမဘက်ပိုင်းဆိုရင် ကျပ်သိန်းထောင်ဂဏန်းကနေ သောင်းဂဏန်းထိဈေးရှိတယ်။ ပေ ၃၀ ပေ ၈၀ ဆိုရင် ကျပ်သိန်း ၁,၆၅၀ ရှိတယ်။ လမ်းမဘက်တွေဆိုရင် ကျပ်သိန်း သောင်ချီရှိတယ်” ဟု၎င်းက ပြောကြားသည်။
ယခုလက်ရှိတွင် အောင်ပန်း၌ ဘဏ်များထပ်ဖွင့်ရန် မြေနေရာများ ဝယ်ယူထားပြီးဖြစ်ကြောင်း၊ ၂၀၁၂ နှစ်လယ်ပိုင်းတွင် ဖွင့်လစ်နိုင်ရန်လည်း စီစဉ်နေကြောင်း ဒေသခံ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
ပုဂံဒသရှိ မြေဈေးများမှာ လည်း အရောင်းအဝယ်အေးနေပြီး လက်ရှိ၌ ကျပ်သိန်း ၅၀၊ ကျပ်သိန်း ၁၀၀ ဝန်းကျင်မြေကွက်များသာ ဝယ်ယူမှုအနေအထားရှိနေကြောင်း ပုဂံအခြေစိုက်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
“ကြိုကြားကြိုကြားဝယ်ယူတာပဲရှိတယ်။ အကြီးအကျယ်ဝယ်တာမရှိသေးဘူး။ ၂၀၁၂ မှာဆို ပုဂံဒေသမြေဈေးကတက်လာမယ့် အနေအထားရှိတယ်” ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့ Down Town ဧရိယာတွင်သာမက တစ်နိုင်ငံလုံးရှိမြေဈေးအနေအထားများမှာ ဒေသအလိုက်ဈေးကွက်ရှိနေပြီး အထူးသဖြင့် စီမံကိန်း လုပ်ဆောင်မည့် ဒေသများတွင် အရောင်းအဝယ်ဖြစ်ပေါ်နေကြောင်း စုံးစမ်း သိရှိရသည်။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties