By Lily, Shweproperty.com
Updated at 23 January 2023
မြေကွက်တွေကို ဝယ်တဲ့အခါမှာ မြေအမျိုးအစားဟာ အလွန်စကားပြောပါတယ်။ ပါမစ်မြေ၊ ရွာမြေ၊ လယ်ယာမြေ၊ ဘုရားမြေ၊ ဂရမ်မြေ၊ အမွေဆိုင်မြေ စသဖြင့် မြေအမျိုးအစား အမျိုးမျိုးရှိတဲ့အလျှောက် မြေပိုင်ဆိုင်မှုအလျှောက် ဈေးနှုန်းတွေကလည်း အမျိုးမျိုး ပြောင်းလဲသွားသလို ပိုင်ဆိုင်မှု အရှုပ်အရှင်းတွေလည်း အမျိုးစုံ ပြောင်းလဲသွားပါတယ်။ အဲ့ဒီထဲမှာမှ အမွေဆိုင်မြေကို ဝယ်ယူမယ်ဆိုရင်တော့ အမွေဆိုင်မြေဟာ တစ်ဦးဆိုင်မြေ မဟုတ်တဲ့အတွက် တစ်ဦးတစ်ယောက်ရဲ့ သဘောတူညီချက်နဲ့ပဲ ဝယ်ယူလို့မရပါဘူး။ အမွေဆိုင်သူတွေထဲက ဒီမြေရောင်းချမှုကို သဘောမတူတဲ့အခါ ရှင်းရခက်တဲ့ မြေပိုင်ဆိုင်မှုဆိုင်ရာ အရှုပ်အရှင်းတွေ ပေါ်လာတတ်ပါတယ်။ ဒါကြောင့် အမွေဆိုင်မြေကို ဝယ်ယူမယ်ဆိုရင် သတိထား စုံစမ်းထားသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ - မြေအမျိုးအစား အမွေဆိုင်မြေမှာ မြေကွက် အမျိုးအစား များစွာရှိနေသေးတာကြောင့် ကိုယ်ဝယ်ယူမယ့်မြေက ဘယ်လို မြေအမျိုးအစားဖြစ်တယ်၊ ပိုင်ဆိုင်မှု စာရွက်စာတမ်းက ဘယ်လိုရှိတယ် ဆိုတာကို သေချာ သိရှိအောင် စုံစမ်းသင့်ပါတယ်။ - အမွေဆိုင်သူဦးရေ အမွေဆိုင်မြေကို ဝယ်ယူတဲ့အခါ အမွေဆိုင်အားလုံးရဲ့ သဘောတူမှုဟာ မရှိမဖြစ် အရေးကြီးပါတယ်။ တကယ်လို့ မြေအရောင်းအဝယ်ကို အမွေဆိုင်သူ တစ်ဦးတစ်ယောက်က ကန့်ကွက်ရင်ဖြစ်စေ (ဒါမှမဟုတ်) သဘောမတူရင်ဖြစ်စေ ဥပဒေအရ အရောင်းအဝယ်ပျက်ပါတယ်။ ဒါကြောင့် အမွေဆိုင်သူ အားလုံးက သဘောတူညီမှု ရှိဖို့ လိုအပ်ပါတယ်။ - မြေပုံမြေရာဇဝင် ထုတ်ယူထားခြင်း ရှိ၊ မရှိ အမွေဆိုင်မြေကို ရောင်းဝယ်မဲ့သူဟာ လုပ်ဆောင်ရမဲ့ အဆင့်တွေအတိုင်း ကန့်ကွက်သူမရှိ လုပ်ဆောင်ပြီးပြီ ဆိုရင်တော့ သက်ဆိုင်ရာ မြေပုံမြေရာဇဝင် ဌာနက ရောင်းချမဲ့ မြေကွက်ရဲ့ မြေပုံမြေရာဇဝင်ထုတ်ပေးပါတယ်။ ဒါကို ရောင်းချမယ့်သူ(အမွေဆိုင်တွေက) ထုတ်ယူထားပြီးပြီဆိုရင်တော့ ဥပဒေအဆင့်ဆင့်အတိုင်း အရောင်းအဝယ် ဆက်လက်ပြုလုပ်နိုင်ပြီပဲ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ အမွေဆိုင်မြေကို စိုးရိမ်မှုကင်းကင်းနဲ့ ဝယ်ယူနိုင်ပါပြီ။ လူကြီးမင်းတို့ရဲ့ အိမ်၊ ခြံ၊ မြေ ရောင်းဝယ်မှုဆိုင်ရာအတွက် အကောင်းဆုံး အကြံဉာဏ်တွေကို ShweProperty မှာ လာရောက်ဆွေးနွေးကာ ရယူနိုင်ပါတယ်ခင်ဗျာ။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ မိတူဖကွဲ၊ ဖတူမိကွဲ အမွေဆိုင် အိမ်ခြံမြေ ပြဿနာ ကတိစာချုပ်များနဲ့ မှတ်ပုံတင်ခြင်းအကြောင်း သိကောင်းစရာ သတိထားသင့်တဲ့ မြေအမည်ပေါက် ပျက်ပြယ်သွားနိုင်တဲ့ အချက်များ အကြောင်းအမျိုးမျိုးကြောင့် အိမ်ဂရန် ပျောက်ဆုံးတဲ့အခါ Posted By : John (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties