By Shwe Kyaw, Shweproperty.com
Updated at 3 April 2020
ယခုလက်ရှိဖြစ်ပေါ်နေသော COVID -19 ကပ်ရောဂါကြီး၏ ရိုက်ခတ်မှုများကြောင့် ဖြစ်ပေါ်လာမည့် အခက်အခဲများကို တဖက်တလမ်းမှ ပံ့ပိုးကူညီသည့်အနေဖြင့် အရစ်ကျချေးငွေ ဝန်ဆောင်မှု အသုံးပြုနေသူများကို လက်ရှိကောက်ခံနေသော အတိုးနှုန်း ၁၃ ရာခိုင်နှုန်း မှ ၁၁ ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချကောက်ခံမည်ဖြစ်ကြောင်း AYA Bank က ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ချေးငွေအရင်း ပြန်လည်ပေးဆပ်ခြင်းကိုလည်း (၃) လတိတိ ဆိုင်းငံ့ပေးထားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့သတ်မှတ်ခြင်းကို ၂၀၂၀ ဧပြီလ (၁) ရက်နေ့မှ စတင်ကြောင်းကိုလည်း ထုတ်ပြန်သည်။ COVID-19 ကြောင့် ရိုက်ခတ်မှုတချို့ရှိသော်လည်း အိမ်ရာဝယ်ယူများဆက်လက်ရှိနေဆဲဖြစ်သည်။ ဘဏ်ကြီးများမှလည်း အိမ်ရာချေးငွေဖြင့်ဝယ်ယူနိုင်ရန်အစီအစဉ်အသစ်များချမှတ်ဆောင်ရွက်နေပြီး ShweProperty.com မှလည်း Online မှအိမ်များရွေးချယ်ဝယ်ယူနိုင်ရန် နည်းပညာအသစ်များဖြင့်ဆောင်ရွက်နေသည်။
Written By: Shwe Kyaw (ShweProperty.com)
Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties