By The Kumudra, Shweproperty.com
Updated at 1 December 2015
ဧရာဝဏ်နဲ့ ရတနာအိမ်ရာစီမံကိန်းက ဧရာချမ်းသာစီမံကိန်းရဲ့ အခန်းတွေကို စတင်ရောင်းချနေပြီလို့ ချမ်းသာရွှေပြည်ကုမ္ပဏီက သိရပါတယ်။
"အခုရောင်းချတာက ကုမ္ပဏီရဲ့ အကျိုးတူလုပ်တဲ့အထဲက ကုမ္ပဏီပိုင်အခန်းတွေကို ရောင်းချတာပါ၊ အခန်းအရေအတွက်ကတော့ (၄၀၀) ရောင်းချမှာပါ"လို့ ချမ်းသာရွှေမြေကုမ္ပဏီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အခန်းအကျယ်အဝန်းတွေက ၆၀၀ စတုရန်းပေ ဖြစ်ပါတယ်။ အခန်းဖွဲ့စည်းပုံ အနေနဲ့ (၆) မျိုးခန့့်ရှိပါတယ်။ အခန်းအားလုံးမှာ နှစ်ယောက် အိပ်ခန်းတွေပါဝင်တယ်။ (၁၈) ထပ်ပါဝင်ပြီး ကုမ္ပဏီက ရောင်းချတဲ့ တိုက်နှစ်လုံးစလုံးမှာ ဓာတ်လှေကားစနစ် ပါဝင်ပါတယ်။
ရောင်းချမယ့် ပုံစံတွေက အရစ်ကျရဲ့ (၅၀) ရာခိုင်နှုန်းကို စာချုပ်ချုပ်ဆိုချိန်မှာ (၂၀) ရာခိုင်နှုန်းနဲ့ လစဉ်တစ်လကို (၁) ရာခိုင်နှုန်းနဲ့ (၂၄) လ ကျန်ရှိတဲ့ (၆) ရာခိုင်နှုန်းကိုတော့ အခန်းအပ်နှံချိန်မှာ ပေးချေရမှာပါ။ အရစ်ကျအတွက် ကျန်ရှိတဲ့အခန်း တန်ဖိုးငွေတစ်ဝက်ကို ဘဏ်နဲ့ချိတ်ဆက်ပြီး ရောင်းချပေးမယ်လို့ သိရပါတယ်။ အခန်းဝယ်ယူထားတဲ့သူက ဝယ်ယူထားတဲ့အခန်းတွေကို ဝယ်ယူပြီး နှစ်နှစ်နေရင် လာရောက်နေထိုင်ခွင့် ရရှိမှာပါ။
အဆောက်အအုံဆောက်လုပ်နေမှုကတော့ လက်ရှိမှာ ပထမတိုက်အတွက် (၁၂) ထပ် လောက်ပြီးစီးနေပါပြီ။ ဧရာဝဏ်နဲ့ ရတနာအိမ်ရာစီမံကိန်း အတွင်းမှာတော့ အိမ်ရာစီမံကိန်းတွေအပြင် လူနေထိုင်မှုအတွက် လိုအပ်တဲ့ ဆေးရုံ၊ ကျောင်း၊ ဈေးဝယ်စင်တာ၊ မော်တော်ကားဂိတ်စတဲ့ တခြားဝန်ဆောင်မှုတွေလည်း ပါဝင်ပါတယ်။ မြို့ပြနှင့်အိမ်ယာ ဖွံ့ဖြိုးရေး ဦးစီးဌာနက ရောင်းချမယ့်အခန်းတွေကို လက်ရှိမှာ ကျပ်သိန်း (၆၀၀) ကနေ (၈၀၀) လောက်အထိ ပေါက်ဈေးတွေ ဖြစ်နေပေမဲ့ ဈေးနှုန်းအတိအကျုကိုတော့ လက်ရှိအချိန်အထိ မဖော်ပြထားပါဘူး။
အဲသည်အိမ်ရာစီမံကိန်းကို ပြီးခဲ့တဲ့ (၂၀၁၃) ခုနှစ်နောက်ပိုင်းက စတင်အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ မြေ ဧက ၂၂၀ အပေါ်မှာ လူနေအိမ်ခန်းတွေ ဆောက်လုပ်အကောင်အထည်ဖော်နေတာပါ။ လာမယ့်နှစ်နှစ်အတွင်း အပြီးတည်ဆောက်မယ်လို့ သိရပါတယ်။ ကုမ္ပဏီပေါင်း (၂၀) ကျော်နဲ့ ဆောက်လုပ်အကောင်အထည်ဖော်နေပါတယ်။ လက်ရှိမှာတော့ (၂၀) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီလို့ သိရပါတယ်။
Shweproperty.com
Photo Credit : Social
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties