By Myawady, Shweproperty.com
Updated at 24 July 2017
နိုင်ငံတကာအဆင့်မီအိမ်ရာများပေါ်ထွန်းစေရန်ရည်ရွယ်ပြီးဆောက်လုပ်ရေးဝန်ကြီးဌာနမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနနှင့်ချမ်းသာရွှေမြေကုမ္ပဏီလီမိတက်တို့ ပူးပေါင်းဆောင်ရွက်သော ဧရာချမ်းသာအဆင့်မြင့်အိမ်ရာ စီမံကိန်းဝယ်ယူထားသူများအားယခုနှစ်နှစ်ကုန်ပိုင်းတွင်အိမ်ခန်းများအပ်နှံမည်ဖြစ်ကြောင်းသိရသည်။
ယင်း ဧရာချမ်းသာ အဆင့်မြင့်အိမ်ရာစီမံကိန်းသည်ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(ဆိပ်ကမ်း)မြို့နယ်ဧရာဝဏ် လမ်းမကြီးဘေးရှိ တိုင်းရင်းသားယဉ်ကျေးမှုတက္ကသိုလ် နှင့် ကပ်လျက်နေရာဖြစ်သော ဧရာဝဏ်နှင့်ရတနာ အဆင့်မြင့်အိမ်ရာစီမံကိန်းအနီးတွင်တည်ရှိပြီးအဆောက်အအုံ ၁၆ လုံး ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
အဆောက်အအုံတစ်လုံးလျှင် အဆင့်မြင့်ဓာတ်လှေကားသုံးစင်းစီပါဝင်မည်ဖြစ်ပြီး အဆောက်အအုံများအတွင်း အရေးပေါ်အဆင့်မြင့် မီးသတ်စနစ်များ၊အရေးပေါ်လှေကားများ၊ရေဆိုးရေသန့်စနစ်များ၊ကလေးကစားကွင်များ၊ ရေကူးကန်များ၊အားကစားခန်းမများနှင့်ဈေးဆိုင်ခန်းများပါဝင်မည်ဖြစ်ကြောင်းသိရသည်။
ဧရာချမ်းသာအဆင့်မြင့် အိမ်ရာစီမံကိန်းမှအဆောက်အအုံ ၁၀ လုံးမှာ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဆောက်လုပ်ပြီးစီးမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အတွင်းတွင်စီမံကိန်းမှ အဆောက်အအုံ ၁၆ လုံးအပြီးသတ် ဆောက်လုပ်မည်ဖြစ်ကြောင်းနှင့် စီမံကိန်းအား၂၀၁၃ ခုနှစ်နှစ်ကုန်ပိုင်းတွင်စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
Ref & Photo Credit : Myawady
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties