By 7daydaily, Shweproperty.com
Updated at 25 May 2017
ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်ရှိ ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာအပိုင်း(၂) စီမံကိန်းသည် ယခုနှစ်ကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC)မှ သတင်းရရှိသည်။
ထို့ကြောင့် ယင်းအပိုင်း(၂)ရှိ တိုက်ခန်းများကို ရောင်းချတော့ မည်ဖြစ်သောကြောင့် မေလပထ မပတ်က လျှောက်လွှာများစတင် ရောင်းချပေးရာ လာရောက်ဝယ် ယူသည့် စောင်ရေ တစ်ရာကျော်ပြီဖြစ်ကြောင်း အင်ဂျင်နီယာနှင့် အဆောက်အအုံဌာန လက်ထောက် ဌာနမှူးက ဆိုသည်။
ဗိုလ်ဗထူးအိမ်ရာအပိုင်း(၂) တွင် လေးခန်းတွဲရှစ်ထပ်တိုက် ၂၇ လုံး၊ အခန်းစုစုပေါင်း ၈၆၄ ခန်းပါဝင်မည်ဖြစ်၍ လျှောက်ထားလို သူသည် အစိုးရဝန်ထမ်းဖြစ်ပါက လုပ်သက်နှစ် (၂၀)ကျော်ရမည် ဖြစ်ကာ အမှန်တကယ် နေထိုင် မည့်သူဖြစ်ကြောင်း အထက်လူ ကြီး၏ထောက်ခံ ချက်ပါရမည်ဖြစ် သည်။ ပြင်ပမှ ဝယ်ယူမည်ဆိုပါက နိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင် ထားသူ အိမ်ထောင်ဦးစီးဖြစ်ရ မည်ဟု သတ်မှတ်ထားသည်။
လျှောက်ထားမည့်သူ၏ မိ သားစုလစဉ်ဝင်ငွေသည် ကျပ်သုံး သိန်းနှင့်အထက် ရှိရမည်ဖြစ်၍ တိုက်ခန်း ဝယ်ယူခွင့် ရရှိပါက ငါးနှစ်အတွင်း ပြန်လည်ရောင်းချ ခွင့်မရှိပေ။ လျှောက်ထားသူများ သည် ပထမ အသုတ်ဖြစ်သည့် ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင်အိမ် ရာအပိုင်း(၁)တွင် ဝယ်ယူသူများ မဖြစ်ရန် လိုအပ်ကြောင်း သတ် မှတ်ထားသည်။
ဗိုလ်ဗထူးအိမ်ရာ တိုက်ခန်း များသည် ၉၂၇ စတုရန်းပေ၊ ၈၂၇စတုရန်းပေ၊ ၆၁၄ စတုရန်းပေ၊ ၅၁၄ စတုရန်းပေဟူ၍ အကျယ် အဝန်းအမျိုး အစား လေးမျိုး ရှိ သည်။ အကျယ်အဝန်းပေါ်မူတည် ၍ တိုက်ခန်းများ၏တန်ဖိုးကို ကျပ်သိန်း ၂၆၀ ကျော်မှ သိန်း ၃၇၀ ကျော်အထိ ရောင်းချရန် ကနဦး သတ်မှတ်ထားသည်။
ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက ဗိုလ်ဗ ထူးအိမ်ရာနှင့်အတူ တည်ဆောက် ခဲ့သည့် မြောက်ဒဂုံမြို့နယ်မှ ဗိုလ် မင်းရောင်အိမ်ရာမှာလည်း အခန်း ၈၀၀ ကျော် ပြီးစီးပြီ ဖြစ်သော ကြောင့် ငွေအကျေသွင်းထားသူ လူဦးရေ ၆၀၀ ကျော်ကို အခန်း အပ်နှံပြီးဖြစ်ကြောင်း သိရသည်။
ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင် အိမ်ရာများတွင် ဝယ်ယူထားသူ အများစုသည် ကိုယ်တိုင်နေထိုင် သည်ထက် ပြန်လည်ငှားရမ်းသူ များပြားပြီး အများစုသည် နိုင်ငံခြားသားများကိုသာ အဓိကထား ငှားရမ်းနေသည်ဟု အိမ်ခြံမြေအ ကျိုးဆောင်အချို့က ဆိုသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တည်ဆောက်သည့် ဗိုလ်ဗထူးနှင့် ဗိုလ် မင်းရောင်အိမ်ရာများမှာ မူလ တည်ဆောက် စဉ်က တန်ဖိုးနည်းဟု ကြေညာခဲ့ရာမှ စီမံကိန်းပြီးစီး သွားသောအခါ တန်ဖိုးမျှတဟု ကြေညာကာ သိန်း ၂၀၀ နှင့်သိန်း ၃၀၀ အကြား ရောင်းချသောကြောင့် ဝေဖန်မှုများ ကြုံတွေ့ခဲ့ရသောအိမ်ရာစီမံကိန်းဖြစ်သည်။
Ref & Photo Credit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties