By ကုမုဒြာ, Shweproperty.com
Updated at 11 June 2013
ရှေးဟောင်းသမိုင်းဝင် ဘုရားတွေတည်ရှိတဲ့ ပုံဂံမှာ အိမ်ခြံမြေဝယ်မယ်ဆိုရင် သိထားသင့်တဲ့အချက်တွေကို အိမ်ခြံမြေအသင်းအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ၊ ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်မှ ဦးခင်မောင်အေးက ပြောပြပါတယ်။
ရှေးဟောင်းသမိုင်းဝင်နယ်မြေက ဂရန်မြေတွေ များပါတယ်။
အစိုးရက အဌားနှစ်ရှည်ချပေးထားတဲ့ ဟိုတယ်မြေတွေရှိပြီး ပိုင်ရှင်မှန် မမှန် သေချာစစ်ဆေးပြီးမှ ဝယ်ယူသင့်ပါတယ်။
နှစ်ရှည်ဌားရမ်းပေးတာတွေကို လက်လွှဲပြန်ပြီး တစ်ဆင့်ဌားမယ်ဆိုရင်တော့ သက်တမ်း ဘယ်လောက်ကျန်သေးလဲဆိုတာ သေချာစစ်ဆေးရပါမယ်။
ဟိုတယ်ဇုန်တွေမှာ ဝယ်မယ်ဆိုရင်တော့ အထပ်မြင့် ဘယ်နှထပ်ဆောက်ခွင့်ရှိလဲဆိုတာပါ စုံစမ်းပြီးမှ ဝယ်ရပါမယ်။
ဟိုတယ်ဇုန်တွေမှာ (၁) (၂) (၃) (၄)ဆိုပြီး နောက်မှ သီးခြားဖော်ထားတဲ့ ဧရိယာတွေကတော့ ပါမစ်မြေတွေများတယ်လို့ သိရပါတယ်။ ဝယ်ယူမယ်ဆိုရင် ဆက်စပ်စာချုပ် ပြည့်စုံအောင် သေချာစစ်ဆေးပြီးမှ ဝယ်ယူသင့်ပါတယ်။
ရှေးဟောင်းဘုရားတွေနဲ့ နီးတဲ့နေရာတွေကို ဝယ်မယ်ဆိုရင် အထပ်မြင့်မပေးတဲ့ နေရာတွေနဲ့ အဆောက်အအုံတွေကို ပြင်းပြင်းထန်ထန် လှုပ်ရှားအောင် လုပ်လို့မရတဲ့ နေရာတွေလည်း ရှိတာကြောင့် စီးပွားရေးလုပ်ငန်းလုပ်ဖို့ဝယ်မယ်ဆိုရင် သေချာလေ့လာပြီးမှ ဝယ်ယူသင့်တယ်လို့ သိရပါတယ်။
Ref : ကုမုဒြာ
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties