By လဲ့သန္တာ, Shweproperty.com
Updated at 11 July 2013
ယခုတစ်ပတ် ပဲခူးအိမ်ခြံမြေဈေးကွက်မှာ ဟံသာဝတီ လေဆိပ်စီမံကိန်း တည်ဆောက်မယ်ဆိုတာကြောင့် အရောင်းအဝယ် အေးနေရာကနေ အမြန်လမ်း၊ မြို့ရှောင်မေးတင်လမ်းဘက်တွေမှာ အရောင်းအဝယ်ပြန်လိုက်လာတယ်လို့ သိရပါတယ်။
“ပထမ လေယာဉ်ကွင်း မဆောက်ဖြစ်တော့ဘူးဆိုတာကြောင့် အရောင်းအဝယ်က အေးသွားသေးတယ်၊ အဝယ်မရှိသလောက်ဖြစ်ပြီး ငြိမ်သွားတာ၊ အခုတော့ လေယာဉ်ကွင်းက ကျိန်းသေသွားပီဆိုတော့ အဝယ်ပြန်လိုက်နေတယ်” လို့ ပဲခူးမြို့ (၁၇) ရပ်ကွက်မှ အိမ်ခြံမြေအကျိုးဆောင် မဇာက ပြောပါတယ်။
လေဆိပ်စီမံကိန်း တည်ဆောက်မယ်ဆိုတာကြောင့် မြို့ရှောင်မေးတင် ဘက်တွေမှာ ပေ ၈၀ x ပေ ၁၀၀ အကွက်ကို ကျပ်သိန်း ၆၅၀ လောက်အထိ ရှိနေပါတယ်။
လုပ်ငန်းရှင်တွေနဲ့ စီးပွားရေးသမားတွေ ဝယ်ယူကြတာဖြစ်ပြီး ရန်ကုန်ကနေ ပဲခူးအထိ ဆင်းဝယ်ကြတာရှိသလို မန္တလေးက ရှမ်းတရုတ်တွေလည်း လာဝယ်ကြတယ်လို့ သိရပါတယ်။ ဝယ်ရောင်းလုပ်တဲ့သူတချို့လည်း ဈေးကစားချင်တာကြောင့် ဝယ်ယူကြတာတွေကြောင့် ဈေးတွေ မြင့်လာတာဖြစ်တယ်လို့ သိရပါတယ်။
“ပိုက်ဆံရှိတဲ့သူတွေ၊ ဝယ်ရောင်းသမားတချို့က ကြိုဝယ်ထားကြတာရှိတယ်၊ ခုတော့ စီမံကိန်းက ကျိန်းသေသွားပြီဆိုတော့ ဈေးလည်းတက်လာရော တကယ်လိုချင်တဲ့သူတွေက ဝယ်ရောင်းသမားတွေဆီမှာ သူတို့ရဲ့ ကြိုက်ဈေးပေးပြီး ဝယ်ရတယ်၊ မပေးရင် ဝယ်မရဘူး” လို့ ကံကောင်းအိမ်ခြံမြေအကျိုးဆောင်မှ ကိုညီညီနိုင်က ပြောပါတယ်။
စီမံကိန်းကြောင့် မြေကွက်တွေသာမက လယ်မြေတွေ၊ စက်မှုဇုန်တွေပါ အရောင်းအဝယ်ဖြစ်လာတယ်လို့ သိရပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘက်မှာ အရင်က ကျပ်သိန်း ၁၀၀၀ ကျော်၊ ၂၀၀၀ ရှိတဲ့ မြေကွက်ကို အခု ကျပ်သိန်း ၅၀၀၀ ကျော်ဝန်းကျင်အထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။
အိမ်ခြံမြေအကျိုးဆောင်တွေရဲ့ ခန့်မှန်းချက်အရ အခု ကျပ်သိန်း ၆၀၀ ဝန်းကျင်ရှိတဲ့ မြေကွက်က သီတင်းကျွတ်ကာလရောက်ရင်တော့ ကျပ်သိန်း ၇၀၀ ကျော် ၈၀၀ ဝန်းကျင်လောက်အထိ ဈေးဆက်လက်တက်လာနိုင်တယ်လို့ သိရပါတယ်။
Ref: ကုမုဒြာ
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties