By 7daydaily, Shweproperty.com
Updated at 14 March 2016
မဟာဗန္ဓုလအငှားအိမ် ရာတွင် နေထိုင်ခွင့်လျှောက်ထား သူများအား မဲနှိုက်ရွေးချယ်ပေးပြီး နေစရာရှိလျက် လျှောက်ထား၍ မဲပေါက်သူများကို စိစစ်ပယ်ချ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ အငှားအိမ်ရာ နေ ထိုင်ခွင့် လျှောက်ထားသူများကို မတ်လ ၁၃ ရက်က Myanmar Event Park(MEP)တွင် မဲနှိုက် ရွေးချယ်ပေးပြီး လျှောက်ထားသူဦးရေ ၅၀၀ ခန့် လာရောက်စောင့်ကြည့်ခဲ့ကြသည်။
ယင်းအိမ်ရာမှ အခန်းပေါင်း ၁,၂၀၀ အတွက် မြို့နယ်အသီးသီး မှ လျှောက်ထားသူ ၂၀,၀၀၀ ခန့် ရှိခဲ့ပြီး မဲပေါက်သူများထဲတွင် အိမ်ပိုင်သူများ ပါဝင်လာပါက စိစစ်ပယ်ချနိုင်ရန် ပေါက်မဲ ၁,၄၀၀ ခန့်တိုး၍ရွေးချယ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေး ဝန်ကြီး ဦးကျော်စိုးကပြောသည်။
အဆိုပါအိမ်ရာတွင် နေထိုင် ခွင့်ရရှိသူက လစဉ် အစိုးရသို့ ကျပ်သုံးသောင်းပေးသွင်း၍ နှစ်အကန့်အသတ်မရှိ ငှားရမ်းနေထိုင်ခွင့် ရရှိစေ မည်ဖြစ်ပြီး ပိုင်ဆိုင်မှုပေးမည် မဟုတ်သောကြောင့် အခြားသူအား လွှဲပြောင်းရောင်းချခွင့်မရှိကြောင်း ၎င်းက ပြောသည်။
‘‘စာချုပ်ချုပ်တဲ့အခါ လိုက် နာရမယ့်စည်းကမ်းချက်တွေပါ လာမယ်။ အဲဒီစည်းကမ်းချက်ချိုး ဖောက်တာမျိုး၊ အခန်းကိုတခြား သူကိုပြန်လွှဲရောင်း ချတာမျိုးတွေ့ ရင် ပြန်သိမ်းမယ်။ ပြီးရင်မရှိတဲ့ သူကို ပြန်ချပေးမယ်’’ဟု ၎င်းက ပြောသည်။
‘‘အစကတည်းက မရှိတဲ့သူ တွေကိုပေးဖို့ ရည်ရွယ်တာဆိုတော့ အိမ်ရှိလျက်နဲ့ လျှောက်တဲ့သူတွေ့ရင် ပယ်မယ်။ အခုကတည်းက ကန့်ကွက် တာတွေ ရှိရင်ချက်ချင်း စိစစ်ပြီးပယ်မှာ။ ဒါကြောင့်လည်း အခန်းအရေအတွက်ထက်ပိုပြီး အရန်မဲတွေထပ်တိုးထားတာ။ ပယ်လိုက်တဲ့သူနေ ရာမှာ အစားထိုးနိုင်ဖို့အတွက်ဖြစ်ပါတယ်’’ဟု ၎င်းကဆိုသည်။
မဟာဗန္ဓုလ အငှားအိမ်ရာ သည် အခန်းပေါင်း ၁,၂၀၀ ရှိသော် လည်း ယင်းစီမံကိန်းမြေနေရာ တွင် နှစ်ရှည်နေလာသူ ၄၈ ဦးက မဲမနှိုက်ဘဲ တိုက်ခန်းတွင် ဆက် လက်ငှားရမ်းနေထိုင်ခွင့် တင်ပြ ထား၍ ၎င်းတို့အတွက် အခန်းများကို ချန်လှပ်ပြီး ကျန်အခန်း ၁,၁၅၂ခန်းအတွက်သာ ရန်ကုန်မြို့၌ အိမ်ပိုင်မရှိသူများကို မဲနှိုက်ချထားပေးခဲ့ခြင်းဖြစ်သည်။
ယင်းအိမ်ရာမှာ တစ်လငှား ရမ်းခ ကျပ် ၃၀,၀၀၀ သာရှိ၍ ရန်ကုန်မြို့ အိမ်ငှားခနှုန်းဖြင့် နှိုင်းယှဉ်ပါက များစွာသက်သာနေခြင်းကြောင့် ရန်ကုန်မြို့ရှိ အိမ်ပိုင်မရှိသေးသူများအကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့သည်။
‘‘အရန်စာရင်းထဲအထိ ကိုယ့်နာမည် မပါလာသေးဘူး။ ပေါက်ပါစေဆိုပြီး ဆုတောင်းနေ တာ လျှောက်လွှာတင်ကတည်းက ပဲ။ အခုဝန်ထမ်း လိုင်းခန်းမှာ ကပ် နေနေရတာ။ လိုင်းခန်းကလည်း ဒီလထဲဖယ်ပေးဖို့ နို့တစ်စာထုတ် ထားတော့ ပိုမျှော်လင့်တာပေါ့။ မပေါက်ခဲ့ရင် အပြင်မှာ အိမ်ငှား နေဖို့ အဆင်မပြေဘူး’’ဟု မဟာ ဗန္ဓုလအငှားအိမ်ရာတွင် နေထိုင် ခွင့်အတွက် မင်္ဂလာတောင်ညွန့် မြို့နယ်မှ လျှောက်ထားခဲ့သူ ဒေါ် သန်းသန်းမြင့်ကပြောသည်။
အဆိုပါအိမ်ရာ လျှောက် ထားသူများတွင် အိမ်ပိုင်ရှိပြီး ငွေ ကြေးတတ်နိုင်သူများလည်း ပါဝင် နေ၍ ရွေးချယ်ရေးအဖွဲ့အနေဖြင့် မှန်မှန်ကန်ကန် စိစစ်သင့်သည်ဟုလည်း လျှောက်ထားသူအချို့ကဆိုသည်။ ယခုပေါက်မဲများကို အမြန်ဆုံးစိစစ်မှုများ ပြုလုပ်မည်ဖြစ်ပြီး နေထိုင်ခွင့်များကိုလည်း ယခုလအတွင်း၌ပင် စာချုပ်ချုပ်ဆို လွှဲပြောင်းပေးမည်ဟု ဦးကျော်စိုးကပြောသည်။
မဟာဗန္ဓုလ အငှားအိမ်ရာ ကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ် အမှတ်(၂)လမ်းမကြီးဘေး တွင် ဆောက်လုပ်နေပြီး ယခုအခါ၌ တည်ဆောက်ရေး လုပ်ငန်းများ အပြီးသတ်နေပြီဖြစ်ကြောင်းသိရသည်။
Ref : 7daydaily
Photo Crdit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties