By Eleven Media Group, Shweproperty.com
Updated at 26 January 2016
တစ်လ ကျပ်သုံးသောင်းမှ ငါးသောင်းဝန်းကျင်ဖြင့် ငှားရမ်းမည့် အခန်းပေါင်း ၁၂၀၀ ပါဝင်သော မဟာဗန္ဓုလ အငှားအိမ်ရာ စီမံကိန်းကို ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် စတင် ဆောက်လုပ်နေကြောင်း သိရ သည်။
အဆိုပါ အငှားအိမ်ရာ စီမံကိန်းဆောက်လုပ်ရန် ပုဂ္ဂလိကကုမ္ပဏီ ၂၆ ခုကို တာဝန်ချထားပေးခဲ့ပြီး ယင်းကုမ္ပဏီ ၂၆ ခုက အပိုင်းလိုက် ခွဲဝေတည်နေခြင်းဖြစ်ကာ Myanmar Land & Development ကုမ္ပဏီ၊ Advanced Global Technologics Construction ကုမ္ပဏီ၊ မနောဧရာ ဆောက်လုပ်ရေး ကုမ္ပဏီ၊ ခိုင်ရတီကုမ္ပဏီ၊ ကြယ်မြင့်မိုရ် စသည့် ကုမ္ပဏီများ ပါဝင် တည်ဆောက်နေခြင်းဖြစ်ပြီး ဇန်နဝါရီ လဆန်းပိုင်းမှစတင်၍ လုပ်ငန်းလုပ်ကိုင်ခွင့် စတင် ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါအိမ်ရာကို ရန်ကုန်မြို့ရှိ အိမ်မဝယ်ယူနိုင်သည့် သူများအတွက် အဓိက ရည်ရွယ်ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ယင်းအိမ်ရာကို ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် အမှတ် ၂ လမ်းမကြီးနှင့် မဟာဗန္ဓုလမ်းထောင့်ရှိ မြေ ၁၂ ဒသမ ၅၃၄ ဧကပေါ် တွင် အကောင်အထည် ဖော်နေခြင်းဖြစ်ပြီး အဆိုပါအိမ်ရာရှိ အခန်းတစ်ခန်းလျှင် အိပ်ခန်းတစ်ခု၊ အိမ်သာ၊ ရေချိုးခန်းများ ပါဝင်မည်ဖြစ်ကြောင်း၊ အကျယ်အဝန်းအားဖြင့် ၅၆၉ ဒသမ ၅ စတုရန်းပေရှိမည်ဖြစ်ကြောင်း၊ အခန်းများကို ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများတွင် လျှောက်ထားရမည့်ပုံစံကို ကပ်ထား၍ ကုန်ကျစရိတ် မရှိဘဲ လျှောက်ထားနိုင်အောင် လုပ်ဆောင်ပေးရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆိုသည်။
"မိသားစုတစ်စုကို တစ်စောင်ပဲ လျှောက်ထားခွင့်ပြုတယ်။ အိမ်ငှားနေကြောင်း၊ အိမ်မပိုင်ကြောင်း အထောက်အထားတစ်ခု ပြရမယ်။ အဲဒီလျှောက်လွှာပုံစံတွေကို သက်ဆိုင်ရာ မြို့နယ်ရုံးတွေမှာ ကပ်ပေးထားမယ်။ လျှောက်ချင်တဲ့သူတွေက ပုံစံကူးပြီး လျှောက်ရုံပဲ။ အဲဒီလို လုပ်ပေးဖို့ စီစဉ်ထားတယ်။ အိမ်ငှားခကိုလည်း လစဉ်ပဲ ပေးသွင်းစေမှာပါ။ ဒါမှလည်း အလွယ်တကူရှာပြီး ပေးသွင်းလို့ရမယ်။ ငှားခကတော့ သုံးသောင်းကနေ ငါးသောင်း ဝန်းကျင်အထိပါ"ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လက်ရှိ အဆိုပါကုမ္ပဏီများမှ အိမ်ရာများကို မိမိတာဝန်ယူသည့် အပိုင်းလိုက် တည်ဆောက်မှုများ စတင်ပြုလုပ်နေပြီး မတ်လကုန်တွင် အပြီးတည်ဆောက်ရန် လျာထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ထံမှ သိရသည်။
ယင်းအိမ်ရာတည်ဆောက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ငွေကျပ် ၂၀ ဘီလျံ ချထားပေးခဲ့ပြီး ဖြစ်သည်။ သို့သော် ယခုတည်ဆောက်မည့် အိမ်ရာအခန်းပေါင်း ၁၂၀၀ သည် ရန်ကုန်မြို့တွင် အိမ်မပိုင်ဆိုင်သေးသူဦးရေနှင့် ယှဉ်ပါက များစွာနည်းပါးနေပြီး လုံလောက်မှု ရှိနိုင်မည်မဟုတ်ကြောင်း၊ ထို့ပြင် အမှန်တကယ် လိုအပ်သူထက် နီးစပ်ရာသူများကို ငှားရမ်းမည်ကိုလည်း အများစုက စိုးရိမ်မှုရှိနေကြသည်။
အဆိုပါအိမ်ရာကို လျှောက်ထားသူ များပြားပါက မဲနှိုက်သည့်စနစ်ဖြင့် ရွေးချယ်ပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
Ref : Eleven Media Group
Photo Credit : Eleven Media Group
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties