By Sint Sint, Shweproperty.com
Updated at 10 February 2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မဟာဗန္ဓုလ အငှားအိမ်ရာ တိုက်ခန်းနေထိုင်ခွင့် ရရှိသူများသည် ဖေဖော်ဝါရီလ ၁၀ ရက်မှ မတ်လ ၁၀ ရက်နေ့အထိ နောက်ဆုံးထား လာရောက်ဆက်သွယ်ရမည်ဖြစ်ကြောင်း မဟာဗန္ဓုလ အငှားအိမ်ရာ အိမ်ခန်းနေရာစိစစ်ချထားရေးနှင့် ကြီးကြပ်မှုကော်မတီက ကြေညာထားသည်။
တိုက်ခန်း မဲပေါက်သူများအနေဖြင့် မဲပေါက်သည့်စာရွက်၊ မှတ်ပုံတင်မူရင်း/ မိတ္တူ (၄) စုံ၊ သန်းခေါင်းစာရင်း မူရင်း/ မိတ္တူ (၄) စုံ၊ (၄ လက်မ × ၆ လက်မ) (မတ်တပ်ရပ် ကိုယ်လုံးပုံ) ဓာတ်ပုံ (၄) ပုံနှင့်အတူ သတ်မှတ်ထားသည့်ရက်အတွင်း ဒဂုံအရှေ့စက်မှုဇုန်စီမံခန့်ခွဲရေးရုံး ကနောင်ခန်းမ၊ အမှတ် (၂)လမ်းမကြီးနှင့် မဟာဗန္ဓုလလမ်းထောင့်သို့ ရုံးချိန်အတွင်းလာရောက် ဆက်သွယ်ရန်နှင့်မတ်လ ၁၀ ရက်နေ့အထိ လာရောက်ဆက်သွယ်ခြင်းမရှိသော အိမ်ခန်းများကို နေထိုင်ရန် စိတ်ဝင်စားခြင်းမရှိသည်ဟု ယူဆကာ အခန်းနေထိုင်ခွင့်အား ဖျက်သိမ်းမည်ဖြစ်ကြောင်း အထက်ပါ ကော်မတီက ကြေညာထားသည်။
တိုက်အမှတ် (၁၊ ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၂၆၊ ၂၈၊ ၃၀၊ ၃၇) များတွင် မဲပေါက်၍ အငှားနေထိုင်ခွင့်ရသူများအား ၂၀၂၀ ပြည့်နှစ် မတ်လ ပထမပတ်မှစတင်၍ တိုက်ခန်းတွင် နေထိုင်ခွင့်ရမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မဟာဗန္ဓုလ အငှားအိမ်ရာတွင် နေထိုင်ခွင့်ရသူများသည် အိမ်လခအဖြစ် တစ်လလျှင် ငွေကျပ် ၃၀၀၀၀ ပေးဆောင်ကာ နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties