By Eleven Media Group, Shweproperty.com
Updated at 11 February 2019
ဘဏ်ချေးငွေဖြင့် ဝယ်ယူနိုင်သည့် လှိုင်သာယာမြို့နယ် ကျန်စစ်မင်းအိမ်ရာစီမံကိန်း အပိုင်း (၁) ရှိ အခန်းပေါင်း ၂၄၀ ကို ဖေဖော် ဝါရီ ၂၂ ရက်တွင် မဲနှိုက်ရောင်းချမည်ဖြစ်ပြီး ဘဏ်ချေးငွေဖြင့် ရောင်းချမည့် အစီအစဉ်ကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက အသိပေးကြေညာထားသည်။
ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ်မှ ပေးပို့လာသော အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ နှင့်အထက် စုဆောင်းထားရှိသူစာရင်း ၃၂၀၈ ဦးတွင် ပါဝင်သူများသည် ၂၀၁၉ ခုနှစ် ဖေ ဖော်ဝါရီ ၁၁ ရက်မှ ၁၅ ရက်အတွင်း ဌာနသို့ ဝယ်ယူလိုသည့် အဆောက်အအုံ အမျိုးအစားအလိုက် စာရင်းပေးသွင်း ရမည်ဖြစ်သည်။ Down payment Sr.No ကို မှတ်သားလာရမည်ဖြစ်ပြီး ငွေအကျေစနစ်ဖြင့် ဝယ်ယူထားပြီးသူများ ထပ်မံဝယ်ယူခွင့် မရှိကြောင်း အသိပေးထားသည်။
စာရင်းပေးသွင်း လာသူများအနက်မှ ရောင်းချရန်လျာထားသည့် အခန်း ၂၄၀ ခန်းကို အခြေခံ၍ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်၏ အိမ်ရာစုဆောင်းငွေစာရင်း အမှတ်စဉ်အလိုက် မဲနှိုက်ဝယ်ယူခွင့်ရှိသူ အမည်စာရင်းများကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၌ ပြန်လည်ကြေညာမည်ဖြစ်သည်။
မဲနှိုက်ဝယ်ယူခွင့်ရှိသူ အမည်စာရင်းတွင် ပါဝင်သူများသည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၁ ရက်အထိ ဌာနသို့ လာရောက်၍ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ဘဏ်စုဆောင်းငွ စာရင်းစာအုပ်မိတ္တူတို့နှင့်အတူ မှတ်ပုံတင်စာရင်း ရေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၌ ဖေဖော်ဝါရီ ၂၂ ရက်တွင် ဘဏ်စုဆောင်းငွေ စာရင်းအမှတ်စဉ်အတိုင်း အဆောက်အအုံ တစ်မျိုးချင်းစီအလိုက် မဲနှိုက်ရောင်းချပေး သွားမည်ဖြစ်သည်။ လျှောက်ထားသူကိုယ် တိုင် မလာရောက်နိုင်ပါက ဌာနတာဝန်ရှိ သူများမှ အခန်းမဲနှိုက်ပေးမည်ဖြစ်ပြီး မိမိတို့ မဲပေါက်သောအခန်းကို ဝယ်ယူသူအချင်းချင်း လဲလှယ်လိုပါက ယင်းနေ့အတွင်းသာ ဆောင်ရွက်ရမည်ဖြစ်သည်။
မဲပေါက်ထားသော အခန်းအား ဝယ်ယူလိုခြင်းမရှိ၍ ပြန်လည်အပ်နှံပါက နောက်တစ်ကြိမ်အခန်းများ မဲနှိုက်ရောင်းချသည့်အခါ တန်းစီဇယား၏ နောက်ဆုံးတွင် ပြန်လည်ထားရှိမည်ဖြစ်ပြီး Down payment Sr.No အလိုက် ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း သိရသည်။
အခန်းဝယ်ယူခွင့် ရရှိသူများသည် ဖေဖော်ဝါရီ ၂၂ ရက်မှ သီတင်းပတ်နှစ်ပတ်အတွင်း မိမိတို့ဘဏ်စာရင်း ဖွင့်လှစ်ထားသည့် ဘဏ်ခွဲများသို့ လိုအပ်သည့် အထောက်အထား အပြည့်အစုံနှင့်အတူ ချေးငွေရရှိရန် တင်ပြလျှောက်ထား ရမည်ဖြစ်ပြီး လျှောက်ထားခြင်း မရှိပါက ပယ်ဖျက်မည်ဖြစ်သည်။ ထို့ပြင်ဘဏ်မှ ချေးငွေခွင့်ပြုနိုင်ခြင်း မရှိပါက အိမ်ရာဝယ်ယူခွင့် ပယ်ဖျက်မည်ဖြစ်သည်။
ချေးငွေဖြင့် ဝယ်ယူလိုသူများ အနေဖြင့် အိမ်ရာချေးငွေ လျှောက်ထားရာတွင် လိုအပ်ချက်များ ကြိုတင်ပြင်ဆင်နိုင်ရန် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်၏ အိမ်ရာချေးငွေ လျှောက်ထားသူများသို့ စိစစ်ခြင်း အသိပေး ကြေညာစာများကို ဖတ်ရှုထားရန် ထုတ်ပြန်ထားသည်။
Ref & Photo Credit : Eleven Media Group
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties