By 7daydaily, Shweproperty.com
Updated at 5 October 2016
ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာဈေး ဆက် တိုက်မြင့်တက်လာခြင်းကြောင့် ပြည်တွင်းပုဂ္ဂလိက ဘဏ်အချို့ ၌ ဒေါ်လာအရောင်း ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။
ငွေဈေးကစားသူများ ဝင် ရောက်ဈေးကစားမှုကြောင့် ပြင်ပ ဈေးကွက်တွင် အမေရိကန်ဒေါ် လာသည် ရက်ပိုင်းအတွင်း ဈေး ဆက်တိုက် မြင့်တက်လာကာ အောက်တိုဘာ ၁ ရက်မှ ၄ ရက် အတွင်း တစ်ဒေါ်လာလျှင် ၂၀ ကျပ်ခန့် ဈေးမြင့်တက်လာသည်။ အောက်တိုဘာ ၁ ရက်တွင် တစ်ဒေါ်လာ ၁,၂၆၆ ကျပ်မှ အောက်တိုဘာ ၄ ရက်တွင် ၁,၂၈၆ ကျပ်သို့ မြင့်တက်လာ သည်။‘‘ဒေါ်လာဈေးက ဆက်မြင့် ဦးမယ်’’ဟု ပြည်ပသို့ ဆန်တင်ပို့ ရောင်းချနေသည့် ကုန်သည်ဦးမျိုး သူရအေးက ဆိုသည်။
ဒေါ်လာဈေးမြင့်တက်ခြင်း သည် ပုဂ္ဂလိကဘဏ်များက ရက် ပိုင်းအတွင်း အတိုးပေးသည့် ခေါ် ယူအပ်ငွေ အတိုးနှုန်းလျှော့ချခြင်း၊ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းများ ရောင်းချရာတွင် အဖမ်းအဆီးများ ခြင်းကြောင့် ပြည်တွင်းသို့ နိုင်ငံ ခြားငွေ အမေရိကန် ဒေါ်လာ အဝင်နည်းနေပြီး ပြင်ပဈေးကွက်တွင် ပို့ကုန်ရငွေတန် ဖိုးမြင့်တက်ပြီး အမေရိကန် ဒေါ်လာဈေးလည်း ဆက်တိုက်မြင့်တက်လာ ခြင်းဖြစ်သည်ဟု စီးပွားရေးလုပ် ငန်းရှင်အချို့က သုံးသပ်သည်။
အစိုးရက ဘတ်ဂျက်လိုငွေ ကျပ် ၁,၂၃၆ ဘီလီယံကို ဗဟို ဘဏ်မှ ချေးယူခြင်း၊ လယ်သမား များကို တိုးမြှင့်ပေးသည့် စိုက်ပျိုး စရိတ်ချေးငွေ ကျပ်ဘီလီယံ ၅၀၀ အတွက် ငွေစက္ကူ ရိုက်ထုတ်ရခြင်းနှင့်မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းမှုတို့ကလည်း ဒေါ်လာဈေးကို မြင့်တက်စေသည့် အကြောင်းရင်းများဖြစ်ကြောင်း အမျိုးသားလွှတ် တော်ကိုယ်စားလှယ် စီးပွားရေး ပညာရှင်ဦးသန်းစိုး (ဘောဂဗေဒ)က ပြောသည်။
အမေရိကန်ဒေါ်လာတန်ဖိုး တစ်လအတွင်း လျင်မြန်စွာ မြင့် တက်ရခြင်း၏ အဓိကအကြောင်း ရင်းတစ်ခုသည် ပြင်ပဈေးကွက် တွင် ငွေကြေးကြွယ်ဝသူ အချို့ ဈေးကစားမှုကြောင့် စက်တင်ဘာ တစ်လအတွင်း တစ်ဒေါ်လာလျှင် ၁၀၀ ကျပ်ကျော် မြင့်တက်လာသည်ဟု ဦးသန်းစိုးက ပြောကြားသည်။
‘‘ချမ်းသာတဲ့ပွဲစားကြီးတွေ က ငွေကြေးစစ်ပွဲ ဖန်တီးနေသလို ပဲ။ ငွေကြေးကစားမှုတွေကို တာ ဝန်ရှိသူတွေက ထိန်းဖို့လိုတယ်’’ ဟု ဦးသန်းစိုးက သူ၏အမြင်ကို ပြောသည်။
ဒေါ်လာဈေးနှုန်း မြင့်တက် မှုကို ဗဟိုဘဏ်က ဝင်ရောက် မထိန်းခြင်းအပေါ် ဘဏ်လုပ်ငန်း ကျွမ်းကျင်သူများက ဝေဖန်ပြီး ဗဟိုဘဏ်သည် နိုင်ငံခြားငွေ စီမံ ခန့်ခွဲမှုနှင့်ပတ်သက်၍ စနစ်တကျ ထိန်းကျောင်းပေးရန် လိုအပ် သော်လည်း ဗဟိုဘဏ်သက်တမ်း သုံးနှစ်အတွင်း ထိရောက်စွာ လုပ် ကိုင်နိုင်မှုမရှိကြောင်း ကမ္ဘောဇ ဘဏ် အကြီးတန်းအကြံပေး ဦးသန်းလွင်က ပြောသည်။
အမေရိကန် ဒေါ်လာဈေး နှုန်းသည် လက်ရှိ စီးပွားရေးအခြေ အနေအရ ဆက်လက်မြင့်တက် လာမည်ဆိုလျှင် တိုင်းပြည်စီးပွား ရေး စိုးရိမ်စရာဖြစ်နေပြီး အစိုးရအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ကြောင်း စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။
Ref & Photo Credit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties