By BETV Myanmar, Shweproperty.com
Updated at 1 February 2019
မြန်မာနိုင်ငံတွင် One Belt One Road (ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု) စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ၂၀၁၉ ခုနှစ်အတွင်း အခြေခံအဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားရန်ရှိနေကြောင်း တရုတ်-မြန်မာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးအသင်းမှ သိရသည်။
အခြေခံအဆောက်အအုံကဏ္ဍအပြင် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ရှိလာမည်ဖြစ်သည်ဟု ဆိုသည်။
“၂၀၁၉ ခုနှစ်ထဲမှာဆိုရင် One Belt One Road နဲ့ပတ်သက်ပြီး တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှာ အခြေခံအဆောက်အအုံကဏ္ဍတွေ၊ ဘက်စုံရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေ၊ ပညာရေး ကျန်းမာရေးတွေဘက်မှာလည်း ရင်းနှီးမြှုပ်နှှံသလို ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွေ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်မှာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုတွေကို မဟာဗျုဟာမြောက် ဆက်ကာဆက်ကာနဲ့ ကျွန်တော်တို့အစီအစဉ်အတိုင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု တရုတ်-မြန်မာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးအသင်း ၏ ဒုတိယဥက္ကဋ္ဌ ဦးနိုင်ဝင်းသန်း က ပြောသည်။
ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု စီမံကိန်းနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်ရေးဦးဆောင်ကော်မတီကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ (၁) မှ ဒုဥက္ကဋ္ဌ အဖြစ်တာဝန်ယူကာ ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
၎င်း အကောင်အထည်ဖော်ဆောင်ရွက်ရေးဦးဆောင်ကော်မတီ၏ ချမှတ်ထားသည့်အစီအစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဦးနိုင်ဝင်းသန်း က ဆိုသည်။
One Belt One Road (ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု) စီမံကိန်းသည် တရုတ်-မွန်ဂို-ရုရှား စီးပွားရေးစယ်စင်္ကြန်၊ တရုတ်-ပါကစ္စတန် စင်္ကြန်၊ တရုတ်-အင်ဒိုချိုင်းနားကျွန်းဆွယ်စင်္ကြန်၊ တရုတ်-ဗဟိုအာရှ-အနောက်အာရှ စင်္ကြန်၊ ယူရေးရှားပေါင်းကူးင်္ကြန်နှင့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စင်္ကြန်တို့ ပါဝင်မည်ဖြစ်သည်။
ယင်းစီမံကိန်းတစ်လျှောက်တွင် နိုင်ငံပေါင်း (၆၀) ခန့်ကို သက်ရောက်မှုရှိမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ (၄) ထရီလီယံမှ (၈) ထီလီယံ အထိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။
Ref & Photo Credit : BETV Myanmar
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties