By The Trade Times, Shweproperty.com
Updated at 17 August 2015
ရန်ကုန်မြို့တော် စည်ပင်သာ ယာနယ်နိမိတ်အတွင်း အဆောက် အအုံဆောက်လုပ်ပြီးစီး၍ လူနေထိုင် ခွင့် BCC (Building Completion Certificate) အား ၂ဝ၁၅ ခုနှစ် အတွင်း ၁,၃ဝဝ ကျော် ခွင့်ပြုခဲ့ ကြောင်း သိရသည်။
”အဆောက်အအုံ ဆောက်လုပ် ပြီးစီးတဲ့အခါ နေထိုင်ခွင့် လက်မှတ် ဃြဃ လျှောက်ထားတဲ့အခါမှာ အထပ် နိမ့် အဆောက်အအုံတွေဆို စည်ပင် ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ညီရင် သုံးရက် အတွင်း ခွင့်ပြုပေးသလို အထပ်မြင့် အဆောက်အအုံတွေဆို ကွင်းဆင်း စစ်ဆေးပြီး ပြင်ဖို့လိုမလို စိစစ်ပြီး တစ်ပတ်အတွင်းမှာ ခွင့်ပြုပေးပါ တယ်”ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနမှ လက် ထောက်ဌာနမှူး ဒေါ်တင်တင်ကြည် က ပြောသည်။
အဆောက်အအုံဆောက်လုပ် ပြီး နေထိုင်ခွင့် လျှောက်ထားရာတွင် စည်ပင်သာယာ၏ ‘စံ’ သတ်မှတ် ချက်နှင့် ကိုက်ညီမှု မရှိခြင်း၊ ယခု နောက်ပိုင်း၌ ခွင့်ပြုချက်မဲ့ ဆောက် လုပ်ပြီးနေထိုင်သော အဆောက် အအုံအရေအတွက် ပိုမိုများပြားလာ ခြင်းတို့ကြောင့် ရန်ကုန်မြို့ လျှပ်စစ် ဓာတ်အားပေးရေးကော်မတီနှင့် ပူးပေါင်းကာ နေထိုင်ခွင့် လျှောက် ထားခြင်း မရှိသော အဆောက် အအုံများအား မီတာချထားပေးခြင်း ကို ၂ဝ၁၄ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ ရပ်ဆိုင်းခဲ့သည်။
ထိုသို့ စည်းကမ်းပိုင်း တင်းကျပ် လိုက်ခြင်းကြောင့် ယခင်ကထက် အဆောက်အအုံဆောက်လုပ်ပြီး နေထိုင်ခွင့် BCC လျှောက်ထား သည့် အရေအတွက် များပြားလာ ကြောင်း သိရသည်။
”အဲဒီလိုလုပ်ရတာကလည်း အဆောက်အအုံဆောက်လုပ်တဲ့ အခါမှာ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ပြီး ခွင့်ပြုချက်မဲ့ နေထိုင်တဲ့ အရေအတွက် က ပိုများနေတယ်။ အဲဒီလို ခွင့်ပြုချက် မဲ့ နေထိုင်ရင် ဒဏ်ကြေးပေးရမယ် ဆိုလည်း နေကြတာပဲ။ ဒါကြောင့် မီတာမချပေးဘူးဆိုမှ ခွင့်ပြုမိန့် တင်လာကြတယ်”ဟု အင်ဂျင်နီယာ အဆောက်အအုံ) ဌာနမှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
အဆောက်အအုံဆောက်လုပ် ပြီး နေထိုင်ခွင့် လျှောက်ထားရာတွင် စစ်ဆေးချက် မှတ်တမ်း၊ ခွင့်ပြု အဆောက်အအုံ ဒီဇိုင်းပုံစံငယ်နှင့် အတူ မီးသတ်ဦးစီးဌာန၊ ပြည်တွင်း အခွန်ဌာနနှင့် လျှပ်စစ်ဓာတ်အား ပေးရေးကော်မတီနှင့် အင်ဂျင်နီယာ (ရေနှင့် သန့်ရှင်းမှုဌာန) ၏ ထောက်ခံ ချက်များဖြင့် ပူးတွဲတင်ပြမှသာ ခွင့်ပြု ပေးကြောင်း သိရသည်။
”ခွင့်ပြုချက်မဲ့ ဆောက်လုပ်မှု အများဆုံး မြို့နယ်ကတော့ မြောက် ပိုင်းနဲ့ အရှေ့ပိုင်းခရိုင် များတယ်။ ခွင့်ပြုချက်မဲ့ဆောက်ပြီး ခွင့်ပြုချက်မဲ့ နေထိုင်တာများတဲ့အတွက် ခွင့်ပြု ချက်မဲ့ဆောက်လို့ ဒဏ်ကြေးပေးနေ ရတာမို့ လူနေထိုင်ခွင့် လျှောက် ထားလာကြတယ်”ဟု အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနမှ ဌာနမှူးက ပြောသည်။
ယခင်နှစ်တွင် အဆောက်အအုံ ဆောက်လုပ်ခွင့်အား ၄,ဝဝဝ ကျော်၊ သာ ခွင့်ပြုခဲ့သော်လည်း ၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလအထိ လျှောက်ထား သည့် အရေအတွက်မှာ ၄,ဝဝဝ ကျော် ရှိခဲ့ရာမှ ယခုနှစ်တွင် ၆,ဝဝဝ ကျော် အထိ တိုးလာကြောင်း ဌာနအနေ နှင့်လည်း ပုံမှန်ဆိုလျှင် တစ်လကို အလုံးရေ ၄ဝဝ သာ ခွင့်ပြုခဲ့သော် လည်း ဇူလိုင်လ၌ အဆောက်အအုံ အလုံးရေ ၉ဝဝ အထိ ခွင့်ပြုပေး ခဲ့ကြောင်း အဆိုပါဌာနမှူးက ပြော သည်။
၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလမှ မေလအတွင်း အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုခဲ့သည့် အလုံး ရေ ၃,၁၇၁ လုံး ဖြစ်ပြီး အထပ်မြင့် ဆောက်လုပ်မှု ၁,၆ဝဝ၊ အထပ်နိမ့် ဆောက်လုပ်မှု ၁,၄၉ဝ နှင့် ခြံစည်းရိုး ကာရံမှု ၈၁ ခုအား ခွင့်ပြုပေးခဲ့ ကြောင်း အင်ဂျင်နီယာ (အဆောက် အအုံ) ဌာန၏ ထုတ်ပြန်ချက်များ အရ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ၊ အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနမှ အဆောက် အအုံဆောက်လုပ်ခွင့်နှင့်ပတ်သက်၍ လျှောက်ထားလာသည့် အဆောက် အအုံ အရေအတွက်အား ယခင်နှစ် များထက် အလုံးရေ ၂,ဝဝဝ ကျော် ပိုမို ခွင့်ပြုပေးထားကြောင်း သိရ သည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties