By Eleven Media Group, Shweproperty.com
Updated at 14 March 2016
အဆောက်အအုံ ဆောက်လုပ် ပြီးစီးကြောင်း သက်သေခံ လက်မှတ် (BCC) လျှောက်ထား ရယူခြင်း မရှိဘဲ နေထိုင်လျက်ရှိသည့် ရန်ကုန်မြို့ရှိ အဆောက်အအုံများ အနေဖြင့် မတ် ၃၁ ရက် မတိုင်မီ (BCC) လျှောက်ထားရမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံ ဌာန၏ ကြေညာချက်အရ သိရသည်။
သတ်မှတ်ရက်အတွင်း အဆောက်အအုံ ဆောက်လုပ် ပြီးစီးကြောင်း သက်သေခံ လက်မှတ် (BCC) လျှောက်ထားလာပါက ဖြေလျှော့မှုဖြင့် စိစစ်ခွင့်ပြုပေးမည် ဖြစ်သည်။
မတ် ၃၁ ရက်အထိ လာရောက် လျှောက်ထား ရယူခြင်း မရှိပါက သက်ဆိုင်ရာ လိုင်စင်ကန်ထရိုက်တာ၊ မြေရှင်နှင့် နေထိုင်သူများကို တည်ဆဲ ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံ ဌာနက ကြေညာချက် ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံ ဌာန၏ ခွင့်ပြုမိန့်ဖြင့် ဆောက်လုပ် ပြီးစီးခဲ့သည့် အချို့သော ကန်ထရိုက်တိုက်နှင့် ကိုယ်ပိုင်အဆောက်အအုံများသည် အကြောင်းအမျိုးမျိုးဖြင့် အဆောက်အအုံ ဆောက်လုပ်ပြီးစီးကြောင်း သက်သေခံလက်မှတ် (BCC) လျှောက်ထား ရယူခြင်း မရှိဘဲ အဆောက်အအုံများတွင် နေထိုင်လျက်ရှိကြောင်း၊ သို့ဖြစ်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စိစစ် အရေးယူလျက် ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၆၁ (င) တွင် မည်သူမျှ ဆောက်လုပ်ပြီးသော အဆောက်အအုံ တစ်ခုတွင် ဖြစ်စေ၊ ယင်းအဆောက်အအုံ၏ အစိတ်အပိုင်း တစ်ခုတွင် ဖြစ်စေ ကော်မတီ၏ ခွင့်ပြုချက် မရှိဘဲ ဝင်ရောက် နေထိုင်ခြင်း၊ အသုံးပြုခြင်း မပြုရဟု ပြဋ္ဌာန်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်သည်။
ထို့ကြောင့် (BCC) လျှောက်ထား ရယူခြင်း မရှိဘဲ နေထိုင် အသုံးပြုနေသည့် ကန်ထရိုက်နှင့် ကိုယ်ပိုင် အဆောက်အအုံများ၏ လိုင်စင်ရ ကန်ထရိုက်တာများနှင့် မြေရှင်များ အနေဖြင့် မတ် ၃၁ ရက် မတိုင်မီ (BCC) လျှောက်ထား ရယူရမည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။
ရန်ကုန်မြို့တွင် တစ်လလျှင် ပျှမ်းမျှ အဆောက်အအုံ အလုံးရေ စုစုပေါင်း ၅၀၀ ကျော် ခွင့်ပြုပေးနေပြီး မြေပြင်တွင် အမှန်တကယ် ဆောက်လုပ်မှု ရှိမရှိ အတိအကျ မသိရကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားထားသည်။
Ref : Eleven Media Group
Photo Credit : Eevem Media Group
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties